၂၀၁၄ ခုနှစ် အာဇာနည်နေ့ ဓာတ်ပုံမှတ်တမ်းများ

(၆၇) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ဂုဏ်ပြုတပ်ဖွဲ့ဝင် စစ်သည်များ ခရာမှုတ်အလေးပြုနေကြစဉ် (ဓါတ်ပုံ ခင်မောင်ဝင်း - အေပီ)။

၁၉၆၉ ခုနှစ်၊ ဇူလိုင် ၁၉ နေ့မှာ ကျင်းပပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနား။ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၊ ပြည်သူပြည်သားများ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ပြီး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည်ကြီးများ ဂူဗိမာန်ရှေ့ လွမ်းသူပန်းခွေချ အလေးပြုနေကြစဉ်။
 

(၆၇) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနား တက်ရောက်လာကြတဲ့ မြန်မာ့တပ်မတော်စစ်သည်များ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပပြုလုပ်တဲ့ (၆၆) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ထောက်ခံအားပေးသူများကို စကားပြောကြားနေစဉ် (ဇူလိုင် ၁၉၊ ၂၀၁၃)။

အာဇာနည်ဗိမာန်မှာ ကျင်းပပြုလုပ်တဲ့ (၆၇) ကြိမ်မြောက် အာဇာနည်အခမ်းအနား နဲ့ ဂုဏ်ပြုတပ်ဖွဲ့ဝင် စစ်သည်များ (ဇူလိုင် ၁၉၊ ၂၀၁၄။ ဓါတ်ပုံ ခင်မောင်ဝင်း - အေပီ)။

(၆၇) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ပြည်သူပြည်သားများ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုဂါရဝပြုရန် စောင့်စားနေကြစဉ် (ဇူလိုင် ၁၉၊ ၂၀၁၄)။
 

(၆၇) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ပြည်သူပြည်သားများ အာဇာနည်ဗိမာန်သို့ မဝင်ရောက်မီ၊ အစောင့်ရဲတပ်ဖွဲ့ဝင်များက စီစစ်ကြီးကြပ်နေကြစဉ် (ဇူလိုင်လ ၁၉၊ ၂၀၁၄)။
 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဌာနချုပ်) မှာ ကျင်းပပြုလုပ်တဲ့ (၆၅) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ယာဉ်ထိုင်းရဲအပါအဝင်၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အခမ်းအနားတက်ရောက်လာကြသူများ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုနေကြစဉ် (ဇူလိုင် ၁၉၊ ၂၀၁၂)။
 

Pope Francis is cheered by locals as he visits a refugee camp, in Bangui, Central African Republic, Nov. 29, 2015.

(၆၇) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဦးအောင်ဆန်းဦး နဲ့ ဇနီး ဒေါ်လဲ့လဲနွယ်သိန်း (ဇူလိုင် ၁၉၊ ၂၀၁၄)။
 

အာဇာနည်နေ့အခမ်းအနား လုံခြုံရေးယူထားကြတဲ့ ရဲတပ်ဖွဲ့ဝင်များ နဲ့ မီးသတ်တပ်ဖွဲ့ဝင်များ အာဇာနည်ဗိမာန်အနီးတဝိုက် စောင့်ကြပ်နေကြစဉ် (ဇူလိုင် ၁၉၊ ၂၀၁၄)။
 

(၆၇) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနား တက်ရောက်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ဂူဗိမာန်မှာ လွမ်းသူပန်းခွေချ၊ ဂါရဝပြုပြီး ပြန်လည်ထွက်ခွါလာစဉ် (ဇူလိုင် ၁၉၊ ၂၀၁၄)။
 

ဂုဏ်ပြုတပ်ဖွဲ့ဝင် စစ်သည်တော်များ အာဇာနည်နေ့ခေါင်းဆောင်ကြီးများကို အလေးပြုနေကြစဉ် (ဇူလိုင် ၁၉၊ ၂၀၁၄)။

(၆၇) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား တက်ရောက်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ (ဇူလိုင် ၁၉၊ ၂၀၁၄)။

(၆၇) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖခင်ဗိုလ်ချုပ်အောင်ဆန်းအား ရှိခိုးဦးချ ဂါရဝပြု နေစဉ် (ဇူလိုင် ၁၉၊ ၂၀၁၄။ ဓါတ်ပုံ အေပီ)။
 

(၆၇) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ လုံခြုံရေးတာဝန်ယူထားကြတဲ့ မြန်မာ့တပ်မတော်စစ်သည်များ (ဇူလိုင် ၁၉၊ ၂၀၁၄)။

ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်