ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်အဖိုးအို ကွယ်လွန်

မာဆဇို့-နိုမက (အသက် ၁၁၃ မှာကွယ်လွန်)

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းက အာရှို့ရိုး Ashoro မြို့မှာနေထိုင်တဲ့ ဂျပန်အဖိုးအို မာဆဇို့-နိုမက Masazo Nomaka ဟာ အိပ်ပျော်နေစဉ် တနင်္ဂနွေမနက် အစောပိုင်း ၊ အသက် ၁၁၃ နှစ်အရွယ်မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သူဟာ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားတဦး ဖြစ်ပါတယ်။

သူ့မြေးမဖြစ်သူ Yuko က သူ့အဖိုးဟာ မကွယ်လွန်ခင်အထိ ကျန်းကျန်းမာမာနဲ့ ပုံမှန်ရှိနေပြီး မိသားစုအတွက် ဘာဒုက္ခမှ ပေးခဲ့တာမရှိဘူးလို့ ဆိုပါတယ်။ ကမ္ဘာကျော်သိပ္ပံပညာရှင် အိုင်းစတိုင်းရဲ့ Relativity theory ကို မထုတ်ပြန်ခင် လပိုင်းအလို ၁၉၀၅ ခုနှစ်မှာ မစ္စတာ Nomaka ကို မွေးဖွားခဲ့တာပါ။

Nomaka ရဲ့မိသားစုဟာ ရေနွေးစိမ်တဲ့ ဂျပန်ရိုးရာ ရေပူစမ်းလုပ်ငန်းကို မျိုးဆက်ပေါင်း ၄ ခုအထိ လုပ်ကိုင်လာခဲ့ပြီး အခုချိန်ထိလည်း လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ၁၉၀၄ နှစ်မှာမွေးဖွားတဲ့ အသက် ၁၁၄ နှစ်အရွယ် စပိန်နိုင်ငံသား Spaniard Francisco Nunez Olivera မနှစ်က သေဆုံးသွားတဲ့နောက်မှာ Nomaka ကို ကမ္ဘာ့ Guinness စံချိန်ဝင်သူအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အသက်ရှည်တဲ့ အဖိုးအဖွား အများစုရှိရာ တိုင်းပြည်ဖြစ်ပါတယ်။ Jiroemon Kimura ဂျီရိုး-အဲ့မွန်း-ခိမုရာ ဆိုတဲ့အဖွားအိုဟာ အသက် ၁၁၆ နှစ်အရွယ် ၂၀၁၃ ဂျွန်လက ကွယ်လွန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်အဖိုးအို ကွယ်လွန်