Matthew ဟာရီကိန်းအတွက် ဖလော်ရီဒါ ပြင်ဆင်

Matthew ဟာရီကိန်းအတွက် ဖလော်ရီဒါ ပြင်ဆင်

ဟေတီနိုင်ငံမှာ အင်္ဂါနေ့က Matthew ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက်ပိုင်း ရှာဖွေကယ်ဆယ်ရေးတွေကို ဆက်လက် လုပ်ဆောင်နေတာနဲ့အမျှ ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ၂၆၀ အထိ ရှိသွားပြီလို့ ဟေတီအစိုးရက ကြေညာခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားကလည်း - ဖလော်ရေဒါပြည်နယ်နဲ့ ဂျော်ဂျီယာပြည်နယ်တွေနဲ့အတူ အင်အားပြင်းမုန်တိုင်း ဖြတ်သွားရာလမ်းကြောင်းမှာရှိတဲ့ South Carolina ပြည်နယ် အရှေ့တောင်ပိုင်းမှာ - အရေးပေါ်အခြေအနေကို ကြာသပတေးနေ့နှောင်းပိုင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်ကြောင့် South Carolina ပြည်နယ်အနေနဲ့ ဟာရီကိန်းကြောင့် ပျက်စီးမှုတွေကနေ ပြန်နလန်ထူလာစေရေး အထောက်အကူဖြစ်စေဖို့ ဗဟိုအစိုးရငွေကို သုံးစွဲခွင့် ရမှာဖြစ်ပါတယ်။ လက်ရှိ Matthew မုန်တိုင်းဟာ ဘဟားမားကို ဝင်ရောက် တိုက်ခတ်နေပြီး၊ အမေရိကန်ပြည်ထောင်စု ကမ်းရိုးတန်းပြည်နယ်တွေဖြစ်တဲ့ ဖလော်ရေဒါ၊ ဂျော်ဂျီယာနဲ့ South Carolina တို့ကို ဝင်ရောက်တိုက်ခတ်လာနိုင်ချေရှိတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

Matthew ဟာရီကိန်းအတွက် ဖလော်ရီဒါ ပြင်ဆင်