ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆင်နဲ့ ယူကျုဗွီဒီယို လွှင့်ထုတ်သူကနေ လက်ဝှေ့သမား ဖြစ်လာတဲ့ ဂျိတ်ခ်ပေါလ်တို့ မြန်မာစံတော်ချိန် စနေမနက် ၇ နာရီခွဲမှာ လက်ဝှေ့ထိုးပွဲမတိုင်ခင် ကြာသပတေးနေ့က သတ်မှတ်အလေးချိန်စစ်ဆေးပွဲမှာတော့ မိုက်တိုင်ဆန်က မျက်နှာချင်းဆိုင်ရပ်နေစဉ် ဂျိတ်ခ်ပေါလ်ကို ပါးရိုက်ခဲ့လို့ ဂျတ်ခ်က “မင်းသေမှရမယ်” လို့ အော်ဟစ်ခဲ့ပါတယ်။ ဂျိတ်ခ်ပေါလ်က ဗုဒ္ဓဘာသာဝင်တွေရဲ့
တရားထိုင်ပုံစံအတိုင်း ထိုင်နေခဲ့ပြီး အခုဟာက "ပုဂ္ဂိုလ်ရေးနဲ့ဆိုင်သွားပြီ" လို့ ပြန်ခြိမ်းခြောက်သွားပါတယ်။ သူတို့ ၂ ဦး ထိုးသတ်ပွဲကို အမေရိကန် အရှေ့ခြမ်းစံချိန် သောကြာည ၈ နာရီ မှာ Netflix အွန်လိုင်းရုပ်သံကနေ ထုတ်လွှင့်ပြသမှာပါ။