နန်းခင်ဇေယျာ နိုင်ငံတကာမယ်ရွေးပွဲရဲ့ Miss Internet ဆု ရရှိ

Nan Khin Zeyar presents a dress created by a local designer during the Miss Myanmar International Beauty Contest at Myanmar Convention Center (MCC) in yangon, Myanmar, on Sunday, March 25, 2012. Nan Khin Zeyar was crowned as Miss Myanmar later. (AP Photo/

ဂျပန်နိုင်ငံ အိုကီနာဝါမှာ ဒီကနေ့ ကျင်းပနေတဲ့ Miss International နောက်ဆုံး အဆင့် ရွေးချယ်ပွဲမှာ မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်တဲ့ Miss Myanmar ပအိုဝ်တိုင်းရင်းသူ နန်းခင်ဇေယျာဟာ အင်တာနက်ပေါ်မှာ လူကြိုက်အများဆုံးဆု Miss Internet ဆု ရရှိသွားပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးအဆင့် ဇကာတင်ပြိုင်ပွဲ ၁၅ ဦး ရွေးချယ်ရာမှာတော့ နန်းခင်ဇေယျာ ရွေးချယ်ခံရမှု မရှိတာကြောင့်၊ မစ် အင်တာနက်ဆုနဲ့ပဲ နှစ်သိမ့်လိုက်ရပါတယ်။
]
၂၀၁၂ ခုနှစ် Miss International ဆုကိုတော့ ဂျပန်နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်သူ Ikumi Yoshimatsu က ရရှိသွားပြီး ဒုတိယဆု ကိုတော့ ဖင်လန်နိုင်ငံက မယ် ရရှိပါတယ်။

နန်းခင်ဇေယျာဟာ နောက်ဆုံးဖိုင်နက် ပြိုင်ပွဲမတိုင်ခင်ကတည်းက People Choice Award ကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ ဒီကနေ့ လုပ်တဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ ပြိုင်ပွဲအခန်း နှစ်ခုဖြစ်တဲ့ Swin Suit ရေကူးဝတ်စုံ ဝတ်ဆင်ပြိုင်ဆိုင်မှုနဲ့ ညနေခင်း ဝတ်စုံဝတ်ဆင် ပြိုင်ဆိုင်မှုနှစ်ခုမှာ နန်းခင်ဇေယျာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။