စက်ရုပ် ဥယျာဉ်မှူး

Idabot robot

Idabot robot

သစ်သီးခြံတွေမှာ တောင်သူတွေ အချိန်ပေးလုပ်ရတဲ့ အလုပ်မျိုးကို လုပ်ကိုင်ဖို့ Isabot လို့ခေါ်တဲ့ စက်ရုပ်ကို သုံးနေကြပါပြီ။ ဒီစက်ရုပ်ဟာ တင့်ကားပုံ ကလေးဖြစ်ပေမယ့် သေနတ်တွေ အမြောက်တွေ တော့တပ်မထားပါဘူး။ ကင်မရာတွေ ရေဒီယိုလှိုင်းတွေ တိုင်းနိုင်တဲ့ အာရုံခံစက်တွေ တပ်ထားတာပါ။ သူ့ကို တီထွင်သူကတော့ Idaho ပြည်နယ် Nampa က Northwest Nazarene တက္ကသိုလ်က အင်ဂျင်နီယာတွေ ဖြစ်ပါတယ်။

သူ့ကို စပျစ်ခြံလို ခြံတွေမှာ ဓါတုဆေးတွေ ဖြန်းဖို့ စပျစ်နွယ်ပင်တွေအတွက် လိုအပ်တဲ့ ပြုပြင် ထိမ်းသိမ်းမှုတွေ လုပ်ဖို့ သုံးနေပါပြီ။ သူတို့က အပင်တွေ ကို စောင့်ကြည့်တာအပြင် ရိတ်သိမ်းချိန် ရောက်ရင် အသီးနှံတွေ ကို မထိခိုက်စေပဲ ရိတ်သိမ်းတာတွေပါလုပ်နိုင်တာမို့ ခြံစိုက် တောင်သူတွေအတွက် အလုပ်သမားဖိုး သက်သာစေတဲ့အပြင် အချိန်ကုန်လည်း သက်သာစေတာပါ။

စက်ရုပ်တွေထဲမှာ ကွန်ပြူတာ ပရိုဂရမ်တွေ သွင်းထားပြီး အပင် နံပါတ်တွေနဲ့ ဒီအပင်တွေ လိုအပ်တာကို လုပ်ပေးဖို့ ခိုင်းနိုင်တာပါ။ သူတို့မှာ ကင်မရာတွေ ပါပြီး သူတို့ကို ခိုင်းဖို့ ရေဒီယိုလှိုင်းတွေကို သုံးတယ်လို့ စက်ရုပ်တီထွင်သူ တဦးဖြစ်တဲ့ Josh Griffin ကပြောပါတယ်။ သူတို့ကို စောင့်ကြည့် ဒရုံးယာဉ်တွေမှာ သုံးတဲ့ နည်းပညာတွေနဲ့လည်း တွဲပြီး သုံးနိုင်တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

စက်ရုပ် ဥယျာဉ်မှူး