မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွေ ဒီကနေ့ အင်္ဂါနေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင်အားကစားအဖွဲ့တွေကို ကြိုဆိုခြင်း နဲ့ ပြိုင်ပွဲဝင်နိုင်ငံများ အလံလွှင့်တင်ခြင်း အခမ်းအနားကို နေပြည်တော် အားကစားရွာမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့ပြီး အခမ်းအနားကို မြန်မာနိုင်ငံ အိုလံပစ်ကော်မီတီဥက္ကဋ္ဌ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းနဲ့ သက်ဆိုင်ရာအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။
၁၁ နိုင်ငံက အားကစားသမားတွေ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ဒီ မသန်စွမ်း သူများ အားကစားပွဲကို ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ မြားပစ်၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ စစ်တုရင်၊ (၇) ယောက် တစ်ဖက်ဘောလုံး၊ (၅) ယောက်တစ်ဖက်ဘောလုံး၊ ဂိုးလ်ဘော၊ အလေးမ၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက် ဘော်လီဘောနှင့် ဘီးတပ်ဘတ်စကက်ဘော စတဲ့ အားကစားနည်းတွေမှာ မြန်မာနိုင်ငံက အားကစားသမား ၂၁၃ ဦးအပါအဝင် မသန်စွမ်း အားကစားသမားပေါင်း ၁,၁၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် မြန်မာအားစကားသမားတွေအတွက် ကြိုတင် ပြင်ဆင်မှုပိုင်းမှာ အားနဲချက်တွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့က တာဝန်ရှိသူတွေက အစောပိုင်းမှာ ထောက်ပြ ပြောဆိုထားဖူးပါတယ်။