ကချင်ပြည်နယ်တွင်းက ပယင်း ထွက်ရာ ကဘော်ချိုင့်ဝှမ်း ဒေသကို ကချင် လက်နက်ကိုင်တပ် KIA ထိန်းချုပ်မှုအောက်ကနေ မြန်မာ့ တပ်မတော်က ထိန်းချုပ်ရယူပြီးနောက်မှာတော့ ပယင်း တူးဖော်မှု ဆက်လုပ်နေတယ်လို့ ကချင်ဖွံ့ဖြိုးရေး ကွန်ယက် အဖွဲ့ KDNG ရဲ့ သွေးစွန်းတဲ့ ပယင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကချင်ပြည်နယ်မှာ ပယင်းဈေးကွက် ရှိနေပြီး ပယင်း တူးဖော်သူတွေလည်း ရှိနေဆဲပါ၊ ပယင်း ထုတ်လုပ်မှုကနေ ဘယ်သူတွေ အကျိုးအမြတ် ရနေလဲ ဆိုတာကိုတော့ KDNG ရဲ့ သုတေသနမှူး ကိုဇော်မိုင်နဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။
Your browser doesn’t support HTML5