မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဆင့် ထပ်မံကျဆင်း

Transparency International

ကမ္ဘာအဝှမ်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအခြေအနေတွေကို စောင့်ကြည့်တဲ့ Transparency International အဖွဲ့ရဲ့ CPI ခေါ်တဲ့ နှစ်စဉ် ကမ္ဘာအဝှမ်း အဂတိလိုက်စားမှု အခြေအနေ စစ်တမ်းထွက်ပေါ်လာရာမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲ ၁၃၂ အဆင့်နဲ့ ပြီးခဲ့တဲ့ နှစ်ကနဲ့ ယှဉ်ရင် အဆင့် ၂ ဆင့် ကျသွားတာဖြစ်ပါတယ်။

သတ်မှတ်နှုန်းက ၂၉ ရှိပြီး ပြီးခဲ့တဲ့နှစ်ကတော့ ၃၀ ရှိခဲ့တာ ဖြစ်ပါတယ်။ သတ်မှတ်နှုန်း သုညဆိုရင် အဂတိလိုက်စားမှု အများဆုံးဖြစ်ပြီး သတ်မှတ်နှုန်း ၁၀၀ ဆိုရင် အဂတိလိုက်စားမှုအကင်းဆုံးဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း ပြီးခဲ့တဲ့နှစ်ကထက်စာရင် အဆင့် ၄ ဆင့် ကျသွားတဲ့အတွက် ကမ္ဘာ့အဂတိလိုက်စားမှု အကင်းဆုံး နိုင်ငံ ၂၀ စာရင်းထဲမှာ မပါဝင်တော့တာ ဖြစ်ပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ကမ္ဘာ့အရေးမှာ အဓိက ပါဝင်နေတဲ့ အမေရိကန်အတွက် စိုးရိမ်ရတဲ့ အဂတိလိုက်စားမှုပြဿနာရင်ဆိုင်ရနိုင်တယ်လို့ Transparency International အဖွဲ့က အမေရိကန်ဆိုင်ရာ ယာယီကိုယ်စားလှယ် Zoe Reiter က ပြောပါတယ်။ အမေရိကန်ရဲ့ သတ်မှတ်နှုန်းက ၇၁ ရှိပြီး ပြီးခဲ့တဲ့နှစ်က ၇၅ ရှိခဲ့တာပါ။ အဂတိလိုက်စားမှုအကင်းဆုံးနိုင်ငံတွေက ဒိုင်းမတ်နဲ့ နယူးဇီလန်တို့ဖြစ်ပြီး အဂတိလိုက်စားမှု အများဆုံးနိုင်ငံတွေကတော့ ဆိုမားလီးယား၊ ဆီးရီးယားနဲ့ တောင်ဆူဒန်တို့ ဖြစ်ကြပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဆင့် ထပ်မံကျဆင်း