တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ကိုဗစ်ကာကွယ်ထိုးဆေး တသောင်း တရုတ်လှူဒါန်း

A staff member works during a media tour of a new factory built to produce a COVID-19 coronavirus vaccine at Sinovac, one of 11 Chinese companies approved to carry out clinical trials of potential coronavirus vaccines, in Beijing on September 24, 2020. (P

(Zawgyi/Unicode)

တရုတ်နိုင်ငံတောင်ပိုင်း၊ မြန်မာနယ်စပ်မှာလှုပ်ရှားနေတဲ့ မြန်မာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအတွက် တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၁ သောင်းထောက်ပံ့ခဲ့တယ်ဆိုပြီးသတင်းတွေထွက်လာပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို သတင်းထောက်က အသေးစိတ်မေးမြန်းခဲ့တာမှာတော့ ကပ်ရောဂါဟာ လူသားမျိုးနွယ်တခုလုံးနဲ့ဆိုင်တဲ့ ဘုံရန်သူဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း ညီညွှတ်စွာပူးပေါင်းတိုက်ဖျက်ဖို့လိုတယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဌာနက တုန့်ပြန်ဖြေကြားခဲ့ ပါတယ်။မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ အကူအညီအထောက်အပံ့တွေကို တာဝန်ယူမှုရှိတဲ့ နိုင်ငံကြီးတခုအနေနဲ့ အမြဲတစေ ပေးအပ်သွားမှာဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာကနပြောပါတယ်။ အဲဒီအကူအညီထဲမှာ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေလိုအပ်နေတဲ့ ကာကွယ်ဆေးလည်းပါဝင်တယ်လို့ တရုတ်နိုင်ငံခြာရေးဝန်ကြီးဌာနကေ ဂျုလိုင်လ ၂၆ ရက်နေ့မှာ ဖြေကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ကိုဗစ်ကာကွယ်ထိုးဆေး တသောင်း တရုတ်လှူဒါန်း


(Unicode)

