ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်

ရိုဟင်ဂျာတွေနေရပ်ပြန်ဖို့ ဆွေးနွေးရေး ဘင်္ဂလားဒေရှ့် နယ်စပ် Teknaf မြို့ကိုရောက်လာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ (မေ ၂၅၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်ရောက် သိန်းချီရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၁၂၀၀ ကို စမ်းသပ်အစီအစဉ်နဲ့ ပြန်ခေါ်နိုင်ရေးအစီအစဉ်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ တဖွဲ့ ဒီနေ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို သွားရောက်ပါတယ်။ မြန်မာကိုယ်စားလှယ် ၁၄ ယောက်ပါတဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေရှ့် နယ်စပ်ဖြစ်တဲ့ Teknaf မြို့ကို ဒီနေ့ရောက်သွားပေမဲ့ တစုံတရာ ပြောဆိုခြင်းမရှိဘူးလို့ အဲဒီမှာရှိနေတဲ့ AFP သတင်းထောက်က ပြောပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ်ရေး ယုံကြည်မှုတည်ဆောက်တဲ့ ခရီးစဉ်အဖြစ်လာရောက်တာဖြစ်ပြီး မြန်မာကိုယ်စားလှယ်တွေအနေနဲ့ မြန်မာပြည်ဘက်ပြန်မယ့် ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံစကားပြောလိမ့်မယ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ ဒုက္ခသည်များဆိုင်ရာ ဒုတိယမဟာမင်းကြီး Shams ud Douza က AFP သတင်းကို ပြောပါတယ်။

ဆက်စပ်ဖတ်ရှုရန်

ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေးပြဿနာ အဖြေရှိမလားရန်ပုံငွေ မလုံလောက်မှုကြောင့် ရိုဟင်ဂျာတွေ အထောက်အပံ့ ထပ်မံလျှော့ချဖို့ ကုလစီစဉ်ရိုဟင်ဂျာတွေ ကြုံခဲ့ရတဲ့ ဆိုင်ကလုန်း မိုခါ

ဒီလအစောပိုင်းကလည်း မြန်မာပြည်ဘက်ပြန်မယ့် ရိုဟင်ဂျာ အယောက် ၂၀ ဟာ သူတို့ကို ပြန်လည်နေရာချပေးဖို့ စီစဉ်ထားတဲ့ ရခိုင်ပြည်နယ်က လှဖိုးခေါင် စခန်းကို သွားရောက်လေ့လာခဲ့ကြပါတယ်။ အခုလို ပြန်ဘက်ကို ပြန်ပို့ရေးလုပ်ငန်းစဉ်တွေမှာ ဒုက္ခသည်တွေဘက်က ကိုယ်စားပြုသူ တယောက်မှ မပါဘူးလို့ လူသိများတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးခင်မောင်က AFP သတင်းကို ပြောပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေထဲမှာ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းလောက်ရှိနေပြီး အများစုက လုံခြုံရေး စိတ်မချရတဲ့အတွက် မြန်မာနိုင်ငံဘက်ကို မပြန်ချင်ဘူးလို့ ပြောနေကြပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်