မြန်မာနိုင်ငံရဲ့ ရွှေသတ္တုအရင်းအမြစ်

ရွေကျင်သမားတဦး မကျိုချက်ခင် မာကျူရီ နဲ့ရော နေတဲ့ ရွှေကို ပြနေပုံ

လူအများ အမြတ်တနိုးထားကြတဲ့ တန်ဖိုးရှိတဲ့ ရွှေကို မြန်မာနိုင်ငံမှာ ဘယ်လို ပုံစံနဲ့ တွေ့နိုင်တယ်၊ ဘယ်နေရာတွေမှာ ရှိတယ် ဆိုတာနဲ့ ရွှေရှာဖွေသူတွေ တွေ့ကြုံရနိုင်တဲ့ အဆိပ်သင့်တဲ့ အခြေနေတွေကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း နာယက ဒေါက်တာ ဦးသိန်းက ပြောပြပေးမှာပါ။

ရွှေဈေးက အရမ်းကောင်းတော့ နေရာတကာ တူးတာပဲ မြန်မာပြည်မှာကတော့။ တနိုင်တပိုင်လေးတွေက။ သူတို့က ရွှေဖမ်းတော့ Amalgamation ဆိုတဲ့ နည်းနဲ့ ပြဒါးနဲ့ ဖမ်းပြီးတော့မှ ပြန်ပြီးတော့ မီးမြှိုက်ပြီးတော့ ရွှေထုတ်တာပါ။

ရွှေထွက်တာက ဘယ်လိုပုံစံမျိုးတွေနဲ့ ထွက်ပါလဲ ဆရာ။

ရွှေထွက်တာကတော့ တဆင့် ဖြစ်တာ secondary တွေပေါ့။ တိုက်စားပို့ချပြီးတော့မှ ချောင်းတွေ မြောင်းတွေထဲ ရောက်နေတဲ့ ဟာကို ကျင်ပြီးတော့ ပြဒါးနဲ့ ဖမ်းတာပါပဲ။ တချို့ကျတော့လည်း တောင်စောင်းတို့ ဘာတို့မှာ နဲနဲ ပါးပါး ကြိုကြိုကြားကြား ထဲ ဝင်နေတဲ့ ဟာတွေကို တူးဖေါ်ပြီးတော့မှ ထုထောင်းပြီးတော့ ကျင်ပြီးတော့မှ ပြဒါးနဲ့ ဖမ်းတာပါ။

မြန်မာနိုင်ငံမှာ primary origin လို့ခေါ်တဲ့ အဓိက မူလ သတ္တုသိုက်တွေကော ရွှေနဲ့ ပါတ်သက်ပြီး ရှိလားဆရာ

အကြီးဆုံးကတော့ မိုးထိမိုးမိပေါ့။ Ivan Ho က လုပ်သွားတာပေါ့။ အကြီးကြီးပါ။ ရမည်းသင်းရဲ့ အရှေ့နဲ့ အရှေ့တောင်ဘက်ပေါ့။ သူကတော့ primary ပေါ့။ သူက ကျောက်သင်ပုန်း ကျောက်လိုဟာမျိုး ရှေလကျောက် အမဲတွေထဲမှာ အကြောတွေ အနေနဲ့ ဝင်တာပေါ့။ ဒီမီးသင့်ကျောက်တွေက တိုးဝင် ရင်း အကြောတွေ အနေနဲ့ ဝင်တဲ့ဟာတွေပေါ့။ သူကတော့ တော်တော်ကြီးတယ်။
သူ့ထက် ငယ်တာတွေက ရှိတာပေါ့။ ဟိုတောင်ဘက် ကရင်ပြည်နယ်ထဲမှာ မဲလုံးကြီး မဲလုံးလေး၊ အဲဒီနေရာတွေလည်း ရှိတယ်။ နောက် မြောက်ဘက် ကျတော့လည်း သပိတ်ကျင်းနေရာ၊ သိပိတ်ကျင်းရဲ့ အရှေ့တောင်ဘက်နေရာတွေ၊

ရှမ်းကုန်းပြင်မြင့်ဘက်မှာရော ရှိလား ဆရာ။ ဒီမြန်မာနိုင်ငံရဲ့ အရှေ့ ဘက် အ့ခြမ်းမှာ။

ရှမ်းကုန်းပြင်မြင့် တဝိုက်ကတော့ သိပ်မရှာကြဘူး။ မိုးထိမိုးမိဆိုတာ တကယ်တမ်းကျတော့ ရှမ်းကုန်းပြင်မြင့်ရဲ့ အနောက်ဘက် အနားစွန်း ပေါ့။ ရှမ်းကုန်းပြင်မြင့် တကယ့်ကုန်းကြီးမှာတော့ ရွှေထွက်တာ နဲနဲ နဲတယ်။ ရှမ်းကုန်းပြင်မြင့်နဲ့ အလယ်မြေနိမ့်ပိုင်း စပ်ကြား ရှမ်းကုန်းပြင်မြင့် အနောက်ဘက် အနားစွန်းတွေကတော့ အထွက်ဆုံးပဲ။

အနောက်ဘက်ခြမ်းမှာရော။ ဒီရခိုင် ကုန်းမြင့်ဒေသနဲ့ တောက်လျှောက်ပေါ့နော်။ ဟို အပေါ်မြောက်ဘက် ကချင်ဒေသတွေမှာရော ဆရာ။

ကချင်မြောက်ပိုင်းနဲ့ နာဂ မှာတော့ တော်တော် ထွက်တာ။ ဒီဟုမ်းမလင်း တို့ ဘာတို့၊ ဒီ ချင်းတွင်းထဲကို စီးဝင်တဲ့ ဟာတွေ၊ ရခိုင်နဲ့ ချင်းတောင်တန်းတောင်ဘက်ကျတော့ အထွက်နဲတယ်။

ဒီဧရာဝတီ မြစ်ထဲမှာ ရွှေကျင်တဲ့ ဥစ္စာ ကချင်ဘက်က အဓိက source အရင်းမြစ်ပေါ့နော် ဆရာ။

ဟုတ်တယ်။ ဝန်းသို မီးသင့်ကျောက် မီးတောင်ကျောက်တွေကနေ ပြီးတော့မှ တိုက်စားပြီး ကျတဲ့ ဟာတွေ များတယ်။ ဝန်းသိုဘက်မှာလည်း primary မူလရင်းမြစ်တွေ ရှိတယ်။ ဝန်းသိုရဲ့ ဒီအရှေ့မှာ ကျောက်ပုထိုး ရှိတယ်။ မြန်မာပြည်မှာတော့ တော်တော် ထွက်ဖူးတာပေါ့။ အခုတော့ ကုန်သလောက်ဖြစ်နေပြီ။ စောစောက မိုးထိ မိုးမိလောက်တော့ လည်း မကြီးပါဘူး။ ကျောက်ပထိုးကတော့ primary ပဲ။ မီးတောင်ကျောက်တွေက နေ အပေါ်ပိုင်းမှာ ဖြစ်တာပေါ့။

အောက်ဘက်ဒေသမှာရောဆရာ။ တနင်္သာရီတောက်လျှောက် နောက် ဧရာဝတီ အနယ်ကျကျောက်တွေ ရှိတဲ့ နေရာဒေသတွေရော။

ဧရာဝတီမြစ်ဝကျွန်းပေါ်ကတော့ မကျင်ကြပါဘူး။ သူကတော့ တော်တော် နဲမှာပေါ့။ ဘယ်သူမှလည်း မကျင်ပါဘူး။ တနင်္သာရီ တိုင်းကတော့ နဲနဲ ပါးပါး ရှိပါတယ်။ ရှမ်းကုန်းပြင်မြင့်ရဲ့ အနောက်ဘက် အနားစွန်းလောက်တော့ မများဘူးပေါ့။ နောက် ဝန်းသို မီးသင့်ကျောက် Igneous complex လောက်လည်း မများဘူး။

ဆရာပြောသလိုဆို မြန်မာနိုင်ငံမှာ အဓိကက တိုက်စားစာတွေကို ကျင်ယူတာက များတယ်ပေါ့။

ဒါက တနိုင်တပိုင်တွေ များတယ်။ တကယ့် အကြီးစား တူးတာကတော့ မိုးထိ မိုးမိ ဆိုတာကတော့ primary တွေပေါ့။

ရွှေသတ္တု တူးတာနဲ့ ပါတ်သက်ပြီးတော့ ဧရာဝတီမြစ်ထဲမှာ ရွှေတူးတဲ့ ဖေါင်တွေ နဲ့ တူးတော့ ကမ်းတွေ ပြိုတာ၊ တိုက်စားကုန်တာ အဲဒီအခြေနေတွေ ကျတော့ကော ဆရာ။

အဲဒီနေရာမှာ အခြေနေက တော်တော် ဆိုးပုံရပါတယ်။ သူတို့က မြေစာတွေကို မြစ်ထဲမှာပဲ ပြန်ပုံ မြစ်က ကောကောလိုက်လာတယ်။ နောက်စံနစ်တကျ မဟုတ်ဖူး။ ဟိုနားပုံ၊ ဒီနားပုံနဲ့ ဆိုတော့ မြစ်ကောကုန်တဲ့ဟာက တော်တော် အန္တရာယ် ကြီးပါတယ်။ နောက် မြစ်ကြောင်းတွေလည်း တော်တော် ပြောင်းကုန်တယ်။ စောစောက ပြဿနာလည်း ရှိသေးတယ်။ သူက ပြဒါးနဲ့ ဖမ်းတော့ မြစ်ထဲကိုလည်း ပြဒါးတွေ ကျလာတယ်ပေါ့ ဖိတ်စင်ပြီးတော့။

ဆိုတော့ မြန်မာနိုင်ငံမှာ ရွှေသတ္တု တူးဖေါ်တာနဲ့ ပါတ်သက်ပြီးတော့ ဘယ်လိုစပြီးတော့ လုပ်ရင်ကောင်းမယ် ထင်လဲ ဆရာ။ အခုဆိုရင် အန္တရာယ်တွေကလည်း အများကြီး ရှိနေတယ်။ ပရမ်းပတာနဲ့ တူးနေကြတယ် ဆိုတော့လေ။

သတ္တုတူး တွင်းကနေပြီးတော့မှ စည်းကမ်းချက်တွေ ထုတ်ပါတယ်။ ဧရာဝတီ မြစ်ဘေးပေါ့၊ သတ်မှတ်ထားတဲ့ မိုင်အတွင်း မတူးရဘူးဆိုတာ။ အခုဟာက ခိုးလုပ်နေကြလို့ပါ။ သတ္တုတွင်း ဥပဒေတွေ အတိုင်း လိုက်ရင်တော့ သက်သာမယ်လေ။ သူက ထုတ်တော့ ထုတ်ထားတယ်။

ဒီလို ခိုးပြီးတူးနေတဲ့ လူတွေ အတွက် အန္တရာယ် အတိုင်းအတာရော ဘယ်လောက်ရှိလဲ၊ ဘာတွေ လုပ်သင့်လဲ ဆရာ။

အန္တရာယ် အတိုင်းအတာကတော့ တော်တော်လေး ရှိတာပဲပေါ့။ ပြဒါးနဲ့ ကိုင်တယ် တွယ်တယ်။ ပြဒါးနဲ့ ဖမ်းတယ်။ နောက် ပြဒါးကိုလည်း ပြန် အပူပေးတယ် ဆိုတော့။ ဒါကို သူတို့ ရှုရှိုက်မိတာပေါ့။ ရေထဲ ပြဒါးတွေ ဖိတ်စင်တယ်။ ဘာညာ ဆိုတော့ ရေလည်း ပျက်တာပဲ။ ရေက အဆိပ်အတောက် ဖြစ်တာပေါ့။ နောက် ဒိံ့ထက် ဆိုးတာတောင် ရှိသေးတယ်။
သူတို့ တနိုင်တပိုင်တော့ မဟုတ်ဘူးပေါ့၊ နဲနဲ အလတ်စားတွေက ဆိုင်ယာနိုက်နဲ့ ဖမ်းတာ။
ဆိုင်ယာနိုက်နဲ့ ဖမ်းတယ် ဆိုတော့ သိပ်ဂရုမစိုက်ရင် တော်တော် အန္တရာယ် များတယ်။
ဆိုင်ယာနိုက်ဆိုတဲ့ ဟာက အဆိပ်အတောက်တွေပဲဟာ သေနိုင်တဲ့ ဟာတွေ။


ဘယ်လို ဖမ်းတာလဲ ဆရာ။

သူက ထုထောင်းတဲ့ ဟာတွေကို ဆိုင်ယာနိုက်တွေ ဖျော်ရည်တွေနဲ့၊ ဆိုင်ယာနိုက်ဖျော်ရည်က သိပ်တော့မများပါဘူး။ ဝ.၅ % လား ထည့်ရတယ်။ pH level ပါဝင်နှုံးကိုလည်း အမြဲတမ်းပဲ တိုင်းနေရတယ်။ သူက အဲလို ရွှေကို ဖျော်ယူတာပေါ့။ bleach လုပ်ယူရတာ။ ဖျော်ယူပြီးတော့မှ ပြန်ချက်တာပေါ့။ ဒါပေမယ့် ဆိုင်ယာနိုက် သိုလှောင်တဲ့ ကျင်းတွေ ဘာတွေကလည်း သူက အန္တရာယ် ဖြစ်နိုင်တယ်။ နောက် သူက ပေါက်ပြဲပြီး တော့ မြစ်ချောင်းတွေထဲ ကျနိုင်တယ်။
သူက ခဏခဏ တိုင်းရတယ်။နောက် သေချာ တိုင်းထွာမထားရင် သူက ပျော်ဝင်နှုံးက မြင့်လာရင် အန္တရာယ်ပေးတာကိုး။ အမြဲတမ်းတိုင်းနေရတယ်။ ဂရုစိုက်ရင်တော့ ရပါတယ်။ သူက ထုံးတွေ ဘာတွေ ပုံထားပြီးရင်၊ များတယ် ထင်ရင် ထုံးဖြည့်ရတယ်။ ဒါပေမယ့် ဂရုမစိုက်ကြဘူး။ တချို့က ဘယ်လောက်အထိ ဂရုမစိုက်ဘူးလဲ ဆိုရင် သူက လက်နဲ့ တောင်မှ ကိုင်ကြတယ်။ တကယ်တမ်းကျတော့ လက်အိတ်နဲ့ ကိုင်ရတယ် ဆိုင်ယာနိုက်တွေ ဘာတွေက။

မြေအောက်ရေကိုရော အတိုင်းအတာ ဘယ်လောက်ထိ ထိခိုက်နိုင်ပါလဲ

ဆိုင်ယာနိုက်စိမ့်ဝင်ရင်တော့ ထိခိုက်တာပေါ့။ ဒါပေမယ့် သူ့သက်တမ်းကတော့ သေချာလုပ်လို့ ရှိရင်တော့ ၂ ပါတ် ၃ ပါတ်နဲ့ ပျယ်တော့ သွားပါတယ်။ ဒါပေမယ့် ဒီအတွင်းရောက်ရင် မြေအောက်ရေ တွေက အဆိပ်အတောက်ဖြစ်ပြီးတော့ သူက နွားတွေ ဘာတွေ သောက်မိရင် သေတယ်။ ဒါ့ကြော်င့် ဆိုင်ယာနိုက် သုံးတာကို တားထားတယ်။ ဒါလဲ ခိုးလုပ်ကြတာပဲ။ ဒါပေမယ့် တနိုင်တပိုင်တော့ မလုပ်ကြပါဘူး။ အလတ်စားတွေ။ နောက် အကြီးးစားတွေတောင်မှ တရားဝင် လုပ်ခွင့် မပြုဘူး။ ဒါပေမယ့် စံနစ် တကျ လုပ်ကြတယ် ဆိုတော့ အန္တရာယ်တော့ သိပ်မများဘူးလေ။ အစိုးရ ခွင့်ပြုချက်နဲ့ လုပ်တဲ့ဟာတွေက ရှိတော့ ရှိတယ်။ စံနစ်ကျရင်တော့ ဘာမှ မဖြစ်ပါဘူး။

အန္တရာယ် ရှိနေတာက လူအများလွယ်လွယ် ကူကူ ရနေတဲ့ မာကျူရီ ပြဒါးနဲ့ ထုတ်တာက အဓိကအန္တရာယ် ရှိနေတာပေါ့။

ဟုတ်တယ်။ သူကတော့ ပိုအသုံးများတယ်။ ဖြစ်တတ်ပါတယ်။ အဲဒါတွေကတော့။ ဘာလို့ဆို အာဆင်းနစ်တွေ လည်း ထွက်မှာကိုး။ ရွှေတို့ အာဆင်းနစ်တို့ကလည်း တွဲတွေ့တတ်တာကိုး။ မြေစာတွေ ဘာတွေမှာ မိုးရေကျပြီးတော့ တဖြေးတဖြေးနဲ့ မိုးရေထဲ ပျော်ဝင်ပြီးတော့လည်း အာဆင်းနစ်တွေလည်း ပါမယ် တခြားဓါတ်တွေလည်း ပါနိုင်တာပေါ့။ အန္တရာယ်တော့ ရှိတာချည်းပဲပေါ့။ စံနစ်တကျလေးနဲ့ tailing မြေစာတွေကို ပုံတာတွေ ဘာတွေ လုပ်ရမယ်။

ဘူမိဗေဒ ပညာရှင် ဒေါက်တာ ဦးသိန်းပါ။ ၂၀၁၃ ခုနှစ် ဇန္နဝါရီ လဆန်းထဲမှာ နိုင်ငံပေါင်း ၁၄၀ ကျော်က မာကျူရီ လို့ခေါ်တဲ့ ပြဒါး အဆိပ်သင့်ပျံ့နှံ့မှု ကာကွယ်ရေးဆိုင်ရာ ပထမဆုံး နိုင်ငံတကာ သဘောတူစာချုပ် မီတာမာတ စာချုပ်ကို ချုပ်ဆိုဖို့ အတွက် သဘောတူခဲ့ကြပါတယ်။ အောက်တိုဘာလထဲမှာ အတည်ပြု ချုပ်ဆိုကြမယ့် ဒီစာချုပ်အရ အသေးစား ရွှေတူးဖေါ်မှု လုပ်ငန်းတွေ၊ ရွှေပန်းတိမ်လို ရွှေနဲ့ ဆိုင်တဲ့ ပစ္စည်း ထုတ်လုပ်မှုတွေ အတွက် ၃နှစ်အတွင်း စီမံကိန်းတွေ ချမှတ်ဖို့ လုပ်ဆောင်ရမယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပါတ် အတွက် သိပ့္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားပါရစေ။