ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေတိုးတက်လာပြီလို့ သဘောထားပြီး အဆင့်တိုး သတ်မှတ်နိုင်ဖို့ အလားအလာရှိတာကြောင့် လူ့အခွင့်အရေးအခြေအနေ မျက်ခြေမပြတ် အကဲခတ်နိုင်အောင် အထူးကိုယ်စားလှယ် ဆက်လက်ထားရှိရေးအတွက် AIPMC မြန်မာ့အရေး အာဆီယံလွှတ်တော်အမတ်များအဖွဲ့က အင်ဒိုနီးရှားနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေအားလုံးက ထောက်ခံကြပါရန်တိုက်တွန်းလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အထိကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီရဲ့ အစီအစဉ်တွေထဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်တဲ့ လက္ခဏာတွေကြောင့် အဆင့် ၄ ကနေ၊ အဆင့် (၁၀) အထိ တိုးမြှင့်သတ်မှတ်မယ့် အစီအစဉ် ပါရှိပါတယ်။ ဒီလို အဆင့်တိုးပြီး သတ်မှတ်ခြင်းအားဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တာဝန်ပေးအပ်ခြင်းကို ဖယ်ရှားပစ်ဖို့ အလားအလာ ရှိနေပါတယ်။ မြန်မာပြည်အတွင်းက ဆိုးရွား ဆဲဖြစ်တဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး အကြောင်းကြားတဲ့စာတွေကို AIPMC က လက်ခံရရှိခဲ့တဲ့အတွက် အာဆီယံနိုင်ငံတွေကို အခုလို တိုက်တွန်းလိုက်တာဖြစ်တယ်လို့ AIPMC ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ လွှတ်တော်အမတ် Eva Sundari က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ ကောင်းတယ်လို့ သတ်မှတ်တယ်ဆိုတာကတော့ သိပ်အမြင်မကျယ်ဘူးလို့ ပြောရမှာပါ-တဲ့။ ကုလသမဂ္ဂအနေနဲ့ အထူးကိုယ်စားလှယ်ကို ဆက်ပြီး ထားရှိစေချင်တယ်- လို့ ဆိုပါတယ်။ ဒါမှလည်း မြန်မာပြည်ရဲ့အခြေအနေကို မျက်ခြေမပြတ် အကဲခတ်နိုင်မှာဖြစ်တယ်-လို့လည်း ဆိုပါတယ်။ နိုင်ငံတကာက ထင်နေကြသလို လူ့အခွင့်အရေး အခြေအနေ တိုးတက်တယ်လို့ AIPMC က မယူဆပါဘူး-တဲ့။ မြန်မာအစိုးရက ပြည်တွင်းက အခြေအနေကောင်းတယ်လို့ ထင်ရအောင် တမင်ဖန်တီးပြီး သတင်းတွေ ဖြန့်နေတာသာ ဖြစ်တယ် လို့ ပြောဆို သွားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ စိုးရိမ်စရာ အဆင့်ကနေ တိုးတက်လာပြီလို့ သတ်မှတ်တာဟာ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ကို ထောက်ခံတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့လို့ ဒိထက်မက မတိုးတက်ဘဲ ဒုံရင်းအခြေ အနေ နောက်ကြောင်း ပြန်လှည့်သွားနိုင်တယ်လို့လည်း AIPMC က သုံးသပ်လိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီ ဂါဝါက မနှစ်က ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာခဲ့ပြီး လူလူချင်း စာနာမှု အကူအညီတွေ ပေးဖို့ စီစဉ်ခဲ့တာနဲ့ပတ်သက်လို့လည်း AIPMC ဥက္ကဋ္ဌ Eva Sundari က အခုလို မှတ်ချက်ပေးပါတယ်။
ဝန်ကြီး မာတီနာတာလီဂါဝါက အာဆီယံအသိုင်းအဝိုင်းရဲ့ကိုယ်စား စိုးရိမ်မကင်းဖြစ်ရတာတွေကို ကိုယ်တိုင် သွားပြောပြီးတော့ ကွင်းဆင်းလေ့လာခဲ့ပါတယ်-တဲ့။ ကချင်ပြည်နယ်ကိုရော-ရခိုင်ပြည် နယ်က အခြေအနေ အရပ်ရပ်ကိုပါ သူ သဘောပေါက်အောင် လေ့လာခဲ့တယ်-လို့ ဆိုပါတယ်။ နိုင်ငံ တကာ အကူအညီ အထောက်အပံ့ပေးရေးနဲ့ အကဲခတ်အဖွဲ့တွေကို ရခိုင်ပြည်နယ်အတွင်း လွတ်လွတ် လပ်လပ် သွားလာခွင့် ပေးပြီးတော့ ဒုက္ခသည်တွေကို လက်လှမ်းမီအောင် တွေ့ခွင့်ပေးဖို့ လိုတယ်- လို့လည်း ဆိုပါတယ်။ အင်ဒိုနီးရှာ းနိုင်ငံရဲ့ ဒု-သမတ္တဟောင်း ယူဆွတ်ဂါလာ ရခိုင်ပြည် သွားတုန်းကလည်း အစိုးရက စီစဉ်ပေးတဲ့သူတွေနဲ့သာ သီးသန့် တွေ့ဆုံခဲ့ရတာဖြစ်တယ်ဆိုတဲ့ အကြောင်းကြားစာတွေလည်း AIPMC က လက်ခံရရှိခဲ့တယ်- လို့ ပြောပြသွားတာပါ။
ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးမရသေးသရွေ့ လူလူချင်းစာနာမှု အကူအညီတွေပေးရေးမှာ အဟန့် အတားတွေ မရှိတော့တဲ့အချိန်၊ ရခိုင်ပြည်နယ်က မူဆလင်တွေအပေါ် ခွဲခြားဆက်ဆံတာတွေ မရှိတော့တဲ့ အချိန်၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်လာတဲ့အချိန်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အေဂျင်စီ ရုံးခွဲ မြန်မာပြည်မှာ ဖွင့်ပြီးတော့ လူ့အခွင့်အရေး အကာ အကွယ်ပေးရေးတွေ တိုးမြှင့်လုပ်ဆောင်နိုင်ပြီး ပြည်တွင်းက ဘယ်နေရာကိုမဆို လွတ်လပ်စွာ သွားလာနိုင်တဲ့အခါကျမှသာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် တာဝန်ပေးအပ်ခြင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်သင့်တယ်လို့ AIPMC ရဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်ရှင်။