အိန္ဒိယနယ်စပ်မှာ ခိုလှုံသူ စစ်ဘေးရှောင် မြန်မာ ၅ ထောင်ကျော်
Your browser doesn’t support HTML5
စစ်ကောင်စီရဲ့ လေကြောင်းက တိုက်ခိုက်တဲ့ အန္တရာယ်တွေကို စိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင်းက Kamjong ခရိုင်ထဲမှာ လာရောက် ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ၅ ထောင်ကျော် ရှိတယ်လို့ ဒေသခံတပ်မှူးတဦးကို ကိုးကားပြီး အိန္ဒိယနိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်