မြန်မာ့ ကျောက်စိမ်းရဲ့ အဓိက ဈေးကွက်က တရုတ် ဝယ်လက် အပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်။ တရုတ်ဘက်က ကျောက်စိမ်းဝယ်အား ကျလာတဲ့ အခြေအနေကြောင့် ကျောက်သမား အများစုက တရုတ် လူမှုကွန်ယက် ဖြစ်တဲ့ WeChat ပေါ်မှာ တင်ပြီး ဝယ်လက်ကို မျှော်ရတဲ့ အခြေအနေကို ရောက်နေတာပါ။ WeChat ပေါ်ကနေ ကျောက်ရောင်းရတဲ့ အခြေအနေ၊ နောက် ကျောက်စိမ်းဈေးကွက် အတွက် နယ်စပ်မှာ တရားဝင် ဈေးကွက် ဖွင့်ပေးနိုင်ရေးကိုလည်း မျှော်လင့်နေကြတာပါ။ မန္တလေး အခြေစိုက် KKT ကျောက်မျက်ရောင်းဝယ်ရေးက ဒေါ်ခက်ခက်တင်နဲ့ ဆွေးနွေးထားတာကို ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ နားဆင်ကြရပါမယ်။ မသိင်္ဂ ီထိုက် စီစဉ် တင်ဆက်ထားပါတယ်။
Your browser doesn’t support HTML5