စစ်မြေပြင်ရောက် ခွဲစိတ်လက်တစုံ "Gen Z"

Your browser doesn’t support HTML5

မြန်မာနိုင်ငံက အာဏာရှင်တွေရဲ့ မတရားမှုကို လက်မခံနိုင်လို့ ခွဲစိတ်အထူးကု ဆရာဝန်ဘဝကနေ မြေပြင်တိုက်ပွဲတွေဆီ ရောက်ခဲ့ရတယ်လို့ ကရင်နီဒေသတိုက်ပွဲတွေကြား ရောက်နေတဲ့ လူငယ်ဆရာဝန် ဒေါက်တာမျိုးခန့်ကိုကိုက ပြောပါတယ်။ တိုက်လေယာဉ်တွေနဲ့ ဗုံးတွေကြဲချနေတဲ့ကြားမှာ ဆေးကုသပေးသူကို မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။