မြန်မာစစ်တပ် မြေမြှုပ်မိုင်းအသုံးပြုမှု AI ဝေဖန်

Myanmar landmine- Karen News

မြန်မာစစ်တပ်ဘက်က မြေမြုပ်မိုင်း အကြီးအကျယ်အသုံးပြုနေတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံတွင်း စစ်ဖြစ်နေတဲ့ဒေသတွေမှာ စစ်ဘက်အရပ်ဘက်ပစ်မှတ်မခွဲဘဲ၊ မြေမြှုပ်မိုင်းသုံးနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမူများလာတယ်လို့ AI (ခေါ်) Amnesty International လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။ ကယားပြည်နယ်အတွင်း လူနေအိမ်တွေ လယ်ကွင်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေပါမချန် မိုင်းထောင်ထားတွေကို ကိုယ်တိုင်ကြုံခဲ့သူတွေနဲပ လူတွေ့မေးမြန်းပြီး အခုလို ထုတ်ပြန်တာလို့ AI အဖွဲ့က ပြောပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှုကို နိုင်ငံတကာ တားမြစ်နေချိန်မှာ ကယားပြည်နယ်အတွင်း ကျေးရွာ ၂၀ ထက်မနည်းမှာ မြန်မာတပ်က မြေမြှုပ်မိုင်းအသုံးပြုခဲ့ပြီး၊ မြေမြှုပ်မိုင်းကြောင့် လူ ၂၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ AI အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီလို ရက်စက်တဲ့လုပ်ရပ်ကြောင့် ကလေးငယ်တွေအပါအဝင် နောက်ထပ်လူများစွာ ဒဏ်ရာတွေရခဲ့ကြပြီး၊ ရေရှည်အကျိုးဆက်အနေနဲ့လည်း စစ်ဘေးရှောင်တွေ နေအိပ်ပြန် ပုံမှန်အလုပ်တွေပြန်လုပ်ဖို့ပါ အခက်အခဲဖြစ်စေနိုင်တယ်လို့ AI အဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ UNICEF ကလေးများရံပုံငွေအဖွဲ့ကလည်း မြန်မာနိုင်ငံတွင်း မြေမြူပ်မိုင်းဒဏ်ကိုခံစားနေရတာမှာ ရှမ်းပြည်နယ်အတွင်း အများဆုံးဖြစ်တယ်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာစစ်တပ် မြေမြှုပ်မိုင်းအသုံးပြုမှု AI ဝေဖန်

====================




