မြန်မာ့မူးယစ်ဆေး ဘင်္ဂလားဒေ့ရှ်ကို ခိုးဝင်နေသလား

Myanmar seizes drugs and equipment worth $7m in Kutkai lab raid (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့အမျိုးမျိုးဟာ စက်ရုံ ၃၇ ခုကနေ ယာဘ စိတ်ကြွဆေးတွေထုတ်ပြီး နိုင်ငံအသီးသီးကို ခိုးသွင်းနေတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune အွန်လိုင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်သတင်းထောက်တဦးဖြစ်သူ Tarek Mahmud ရေးထားတဲ့ “မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ - ယာဘဆေးပြား၏ မိုင် ၁၀၀၀ ခရီး” လို့ဆိုရမယ့် သတင်းဆောင်းပါးရှည်မှာ အဲဒီလိုဖော်ပြထားတာပါ။

အဖွဲ့၁၄ ဖွဲ့က အဲဒီစက်ရုံတွေကို လည်ပတ်နေတာဖြစ်ပြီး ထွက်လာတဲ့ ယာဘတွေကို မူးယစ်မှောင်ခိုတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ခရိုင်၊ Teknaf ဒေသမှာရှိတဲ့ ယာဘဆေးပြားရောင်းသူတွေဆီကို ပို့ပေးတယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေ၊ ထောက်လှမ်း ရေးအဖွဲ့တွေ၊ မူးယစ်နှိမ်နင်းရေး တာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာတွေကို ကိုးကားပြီး သတင်းဆောင်းပါးမှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်သြဂုတ်လက ရခိုင်ပြည်နယ်မှာ အကြမ်းဖက် နှိမ်နင်းမှုတွေဖြစ်ပြီးတဲ့နောက်ပိုင်း ယာဘခိုးသွင်းသူ ရိုဟင်ဂျာ အယောက် ၅၀၀ ကျော်နဲ့ လားအကောင်ရေ ၁,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဝင်လာကြတယ်လို့ အမည်မဖော်တဲ့ ထောက်လှမ်းရေး တာဝန်ရှိသူတွေကပြောတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း စက်ရုံတွေကနေ ယာဘဆေးပြား ၁၃ မျိုးကို ထုတ်လုပ်နေတယ်လို့ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာနေ တဲ့ ရိုဟင်ဂျာ မူးယစ်မှောင်ခို အများအပြားကပြောကြောင်းလည်း ရေးထားပါတယ်။

ယာဘထုတ်စက်ရုံတွေကို နှိမ်နင်းဖို့ အပြင်းအထန် အရေးယူလုပ်ဆောင်ပေးပါလို့ ဘင်္ဂလားဒေ့ရှ်က မြန်မာကို အကြိမ်ကြိမ် ပန်ကြားထားပေမဲ့လည်း သိသာထင်ရှားတဲ့ တိုးတက်မှု မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။

ယာဘဆေးပြားတွေကို ရှမ်းပြည်နယ်ကနေ ရန်ကုန်၊ အဲဒီကနေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တော်ကတဆင့် မောင်တောမြို့နယ်ကို အဆင့်ဆင့်ပို့ပြီးတဲ့နောက် မောင်တောကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း Cox’s Bazar ၊ Chittagong နဲ့ Barisal အရပ်တွေကို ခိုးသွင်းကြတယ်လို့ Dhaka Tribune Online သတင်းဆောင်းပါးမှာ ရေးထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ-ယာဘ