ဖိလစ်ပိုင်နိုင်ငံ ရေပိုင်နက်တွင်း မြန်မာသင်္ဘောသားတွေ လိုက်ပါလာတဲ့ သင်္ဘောတစင်း နစ်မြုပ်ရာက မြန်မာနိုင်ငံသားတဦး သေဆုံးပြီး အများအပြားလည်း ပျောက်ဆုံးနေပါတယ်။
မနေ့ညပိုင်းက သင်္ဘော မတော်တဆမှုအတွင်း မြန်မာနိုင်ငံသား ၉ ဦးကိုတော့ ကယ်တင်နိုင် ခဲ့ပြီး ဒီအထဲက ၂ ဦးဟာဆိုရင်လည်း အရေးပေါ် ကုသမှုတွေ ခံယူနေရတာပါ။ မြန်မာ သင်္ဘောသား
တွေရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုကျော်ထင် က တင်ပြထား ပါတယ်။
အင်ဒိုနီးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ဦးတည် မောင်းနှင်လာတဲ့ MV Harita Bauxite ကုန်တင် သင်္ဘောဟာ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ အနောက်မြောက်ဘက် ရေမိုင် ၁၂၀ လောက်အကွာ မှာ တနင်္ဂနွေနေ့ သန်းခေါင်ကျော်လောက်က နစ်မြုပ်ခဲ့တာကြောင့် အနည်းဆုံးတဦး သေ
ဆုံးပြီး ၁၄ ဦး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
သင်္ဘောနစ်စဉ်မှာ အသက်ကယ်လှေတွေနဲ့ လွတ်မြောက်လာခဲ့ကြတဲ့ မြန်မာသင်္ဘောသား ၉ ဦး ကိုတော့ အနီးနားမှာ ဖြတ်သန်းသွားတဲ့ တရုတ်သင်္ဘော MV Jing Cheng က ကယ်တင်နိုင်ခဲ့
ကြောင်းလည်း ဖိလစ်ပိုင်နိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။
ကယ်ဆယ်လာတဲ့ မြန်မာသင်္ဘောသားတွေထဲက ၂ ဦးကိုတော့ ဒဏ်ရာတွေ ပြင်းထန်တဲ့အတွက် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ရဟတ်ယာဉ်နဲ့ သယ်ယူပြီး အနီးဆုံးဆေးရုံကို ပို့ဆောင်ထား
ကြောင်းလည်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေကို ကိုးကာပြီး ဖိလစ်ပိုင်နိုင်ငံ ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
နစ်မြုပ်ချိန်မှာ ရာသီဥတု ကောင်းမွန်နေပြီး အင်ဂျင်စက် ပျက်ရာက နစ်မြုပ်တာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေပေမဲ့ အကြောင်းရင်း အတိအကျကိုတော့ သင်္ဘောသားတွေ ပြန်ရောက်မှ သိနိုင်မယ်လို့ နစ်မြုပ်ခဲ့တဲ့ သင်္ဘောရဲ့ ရန်ကုန် ကိုယ်စားလှယ်ရုံးဖြစ်တဲ့ Sam Sea Ray ကုမ္ပဏီ တာဝန်ရှိသူ ဦးဝင်းဌေး ကပြောပါတယ်။
“တနင်္ဂနွေနေ့ မနက်အစောကြီးပေါ့နော်၊ ညသန်းခေါင်လောက်က စ ဖြစ်တာပေါ့နော်။ သင်္ဘောမြုပ် သွားပြီးတော့ အဲ့ဒီမှာ ၇ ယောက်ကို တရုတ်သင်္ဘောတစင်းက ကယ်သွားတယ်။ ၂ ယောက်က ဒဏ်ရာရတဲ့အတွက် ရဟတ်ယာဉ်နဲ့ ခေါ်သွားပြီးတော့ ဆေးရုံမှာ တင်ထားပေးတယ်။ ၁ ယောက်ကတော့ ကွယ်လွန်သွားပါတယ်။ ၁၄ ယောက်ကတော့ ပျောက်ဆုံးနေပါတယ်။ ကျန်တဲ့ ၇ ယောက်ကတော့ ကယ်သွားတဲ့ သင်္ဘောနဲ့ ပါသွားတယ်ခင်ဗျ။ ကယ်သွားတဲ့ သင်္ဘောနဲ့ ပါသွားတော့ ရောက်တဲ့ ဆိပ်ကမ်းကနေ သူတို့ ပြန်လာမှာပေ့ါနော်။ အဲ့ဒီ ၇ ယောက် ပြန်လာရင်
တော့ ဘာဖြစ်တယ်ဆိုတာကို သေချာ ပိုပြီးတော့ သိရမှာပေါ့။”
နစ်မြုပ်သွားတဲ့ သင်္ဘောဟာ ကျောက်မီးသွေးတင် သင်္ဘော အမျိုးအစားဖြစ်ပြီး ပနားမားနိုင်ငံ မှတ်ပုံတင်အဖြစ် နိုင်ငံတကာ ရေကြောင်း သွားလာရေးဌာနက မှတ်တမ်းတင်ထားပါတယ်။
တန်ချိန် ၃ သောင်းကျော်ရှိတဲ့ MV Harita Bauxite က ပျောက်ဆုံးနေသူ ၁၄ ယောက်ကို တော့ တနင်္လာနေ့အထိ ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ဆက်လက် ရှာဖွေနေခဲ့ပြီး၊ ဒေသတွင်းမှာ သွားလာနေတဲ့ သင်္ဘောတွေကိုလည်း သတိထား စောင့်ကြည့်ကြဖို့ သတိပေးထားတဲ့အကြောင်း ဖိလစ်ပိုင်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။