မြန်မာ့သံဖြူ သတ္တု ကမ္ဘာ့ဈေးကွက်မှာ ဈေးကျ

မြန်မာနိုင်ငံ၊ ၀ ဒေသက သံဖြူစက်ရုံ

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ၊ ၀ ဒေသမှာထုတ်လုပ်တဲ့ သံဖြူတွေကို အဓိက မှီခို အားထားနေရတာပါ။ မြန်မာနိုင်ငံကနေ သံဖြူ သတ္တု အမြောက်အများ ထွက်ခဲ့တာကြောင့် ကမ္ဘာ့ သံဖြူဈေးကွက်ပေါ် ရိုက်ခတ်မှုလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုအခါ အခြေအနေ ပြောင်းလဲမယ့် အရိပ်လက္ခဏာ မြင်လာနေရပါပြီ။ ရိုက်တာသတင်းတပုဒ်ကို အခြေခံပြီး ကိုကျော်ကျော်သိန်းက ပြော ပြပါမယ်။

သံဖြူတွင်း

မြန်မာနိုင်ငံ၊ ၀ ဒေသက အခုမြင်နေရတဲ့ သံဖြူစက်ကနေ အီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အဓိကကျတဲ့ သံဖြူ သတ္တုကို ထုတ်လုပ်ပေးနေပါတယ်။ မြန်မာနိုင်ငံရဲ့ သံဖြူထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့လေးနှစ်အတွင်း ဆယ်ဆတိုးခဲ့တာကြောင့် ကမ္ဘာ့ဈေးကွက်မှာ သံဖြူဈေး သိသိသာသာ ကျသွားစေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် တနှစ်ထဲမှာကိုပဲ တရုတ်နိုင်ငံကလိုအပ်တဲ့ သံဖြူ တန်ချိန် ၃ သောင်း ၃ ထောင်လောက်မှာ အားလုံးနီးပါးကို မြန်မာ နိုင်ငံကနေ ထုတ်လုပ်ပေးခဲ့တာပါ။ ဒါပေမဲ့လည်း အခုတော့ အခြေအနေတွေ ပြောင်းလဲလာဖွယ် ရှိနေပါပြီ။ သံဖြူသယံဇာတ ရှားပါးလာနေတာနဲ့အမျှ ထုတ်လုပ်မှုလည်း ကျလာနေပြီလို့ သတ္တုတွင်း တာဝန်ရှိသူတွေက ပြောပါတယ်။

“ကျနော်တို့ စိုးရိမ်ပါတယ်။ သတ္တု ရှားလာပြီဆိုရင်တော့ ၀ ဒေသအတွက် အခွန်ငွေလည်း လျော့လာမှာပါ။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေလိုပါတယ်။”

တချိန်ထဲမှာပဲ ဒီ သီးခြားဆန်ပြီး ထိန်းချုပ်ကန့်သတ်မှုများလှတဲ့ ဒီ ၀ ဒေသမှာ သတ္တုတူးဖော်ရေးကို စနစ်တကျ မလုပ်ဘူးဆိုရင် တော့ ကမ္ဘာ့ သံဖြူဈေးကွက်ဟာ မရေရာ မသေချာမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတ္တုဆိုင်ရာ လေ့လာသူတွေက ပြောပါတယ်။

Your browser doesn’t support HTML5

မြန်မာ့သံဖြူ ထုတ်လုပ်မှု အလားအလာ