[[Zawgyi/Unicode]]
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်တဲ့သတင်းထွက်ပြီး နောက်တနေ့ဖြစ်တဲ့ ဇူလိုင်လ၂၆ ရက်နေ့မှာတော့ ထိုင်းနိုင်ငံက ထောင်ဂဏန်းရှိတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ ထိုင်းရောက်မြန်မာတွေက ဘန်ကောက်မြို့မြန်မာသံရုံးနဲ့ ဘန်ကောက်မြို့လယ်က Mahboon Krong ကုန်တိုက်ရှေ့နှစ်နေရာမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာ်သော်အပါအဝင် ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ လေးဦးကို စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက်ခဲ့တဲ့သတင်းထွက်ပြီး နောက်တနေ့ဖြစ်တဲ့ ဇူလိုင်လ၂၆ ရက်နေ့မှာတော့ ထိုင်းနိုင်ငံက ထောင်ဂဏန်းရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းရောက်မြန်မာတွေဟာ ဘန်ကောက်က မြန်မာသံရုံးရှေ့မှာစစ်ကောင်စီကိုဆန့်ကျင်ကြောင်းကြွေးကြော်သံတွေ အော်ဟစ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဆန္ဒထုတ်ဖော်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး AAC အလုပ်သမားကူညီရေးအဖွဲက အလုပ်သမားရေး လှုပ်ရှားသူ ကိုရဲမင်းကအခုလိုပြောပါတယ်။
“ဒီကနေ့ ဆန္ဒပြပွဲက ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေက စစ်အာဏာရှင် အုပ်စုကို ဆန့်ကျင်ဆန္ဒပြတာလည်းပါသလို မနေ့ကထွက်ပေါ်လာတဲ့သတင်းအရ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ အပါအဝင် ၄ ဦး၊ ကျနော်တို့သိသလောက်ကတော့ အဲဒီထက်လည်းပိုတယ်လို့လည်း သိရတယ်။ အဲဒီလို သေဒဏ်ပေးတာမျိုး နိုင်ငံရေးလှုပ်ရှားသူတွေကိုသတ်ဖြတ်တာမျိုးကို မကျေနပ်တဲ့အတွက်ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ ဘန်ကောက်က မြန်မာသံရုံးရှေ့နဲ့ထိုင်နိုင်ငံ MBK (Mahboon Krong) ကုန်တိုက်ရှေ့မှာ တနေရာ၊ နှစ်နေရာမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။”
ဆန္ဒပြပွဲကို သွားရောက်ခဲ့တဲ့မြန်မာအလုပ်သမားတဦးကတော့ အလုပ်တွေဖျက်ပြီး ဆန္ဒုပြပွဲကို လာရောက်ပူးပေါင်းခဲ့တာဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက သတ်ခွင့်မရှိဘူးလို့လည်း ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ပြောပါတယ်။
“ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်တို့အတွက်ကို အဲဒီမှာ ထိုင်းရောက်မြန်မာတွေက စစ်အာဏာရှင်ကို အလိုမရှိကြောင်း ကမ္ဘာကသိအောင် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ မင်းအောင်လှိုင်လက်အောက်က သံရုံးကိုလည်း လုံးဝအလိုမရှိကြောင်း အောင်မြင် စွာ ဆန္ဒထုတ်ဖော်ခွင့်ရတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာ သူတို့သတ်ပိုင်ခွင့် လုံးဝမရှိဘူး။ သူတို့လုပ်တာနဲ့ပတ်သက်ပြီးတော့ပေါ့။ အဲဒါကြောင့် ကျနော်တို့ ထိုင်းရောက်မြန်မာတွေက မလိုလားဘူး ဆိုတာ အောင်မြင်စွာ ထုတ်ဖော်ခွင့်ရခဲ့တယ်။လာတဲ့သူတွေကလည်း ရာနဲ့ချီထောင်နဲ့ချီ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ ဆန္ဒပြတဲ့သူတွေအားလုံးက အလုပ်ပိတ်ကြတာမဟုတ်ဘူး။ အလုပ်တွေဖျက်ပြီး ကျနော်တို့က ဆန္ဒလာထုတ်ဖော်ခဲ့ကြတာပါ။”
ထိုင်းရောက်မြန်မာတွေဟာ ဘန်ကောက်နဲ့အနီးတဝိုက်မြို့နယ်တွေသာမက တခြားဝေးတဲ့နယ်မြို့တွေကပါ ဆန္ဒထုတ်ဖော်ဖို့စုဝေးခဲ့ကြတာဟာ နေ့လယ် ၁၂ နာရီကနေ စတင်ခဲ့ပြီး နေ့လယ် ၂ နာရီခွဲအထိ ထောင်ဂဏန်းရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများနဲ့ ထိုင်းရောက်မြန်မာများက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မိုးထဲလေထဲမှာပဲ ဆန္ဒထုတ်ဖော်ခဲ့ကြတာဟာ မြန်မာပြည်ဟာ စစ်အာဏာရှင်စံနစ်ချုပ်ငြိမ်းဖို့နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ညှင်းဆဲသတ်ဖြတ်မှုတွေကို ရပ်တန့်စေဖို့ဖြစ်တယ်လို့လည်း ဆန္ဒထုတ်ဖော်သူတွေက ပြောဆိုသွားကြပါတယ်ရှင်။
#MyanmarMigrants #VOABurmese #MyanmarThailand #ဘန်ကောက်မြန်မာသံရုံး #သေဒဏ်စီရင်ချက် #ထိုင်းရောက်မြန်မာအလုပ်သမားများ
========
[[Unicode]]
ဆန်ဒထုတျဖောျခဲ့တဲ့အခွအေနနေဲ့ပတျသကျပွီး AAC အလုပျသမားကူညီရေးအဖှဲက အလုပျသမားရေး လှုပျရှားသူ ကိုရဲမငျးကအခုလိုပွောပါတယျ။
========