[[Zawgyi/Unicode]]
မြန်မာစစ်တပ်အသုံးပြုနေတဲ့ လေယာဉ်ဆီကို ပိတ်ဆို့အရေးယူဖို့ ဗြိတိန် ပါလီမန်အမတ်တွေက တောင်းဆိုလိုက်ကြပါတယ်။ နိုင်ငံရေးပါတီ ၉ ပါတီ နဲ့ ပုဂ္ဂလိက အမတ် စုစုပေါင်း ၅၅ ယောက်က အစိုးရကို ခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ အရပ်သားတွေ ကို လေယာဉ်နဲ့ ဗုံးကြဲ စ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားအများအပြား သေဆုံးဒဏ်ရာရခဲ့ကြပြီး နေရပ်စွန့်ခွါ ထွက်ပြေးခဲ့ကြရတယ်လို့ Burma Campaign UK အဖွဲ့က ပြောပါတယ်။ ဒါကြောင့် လူသားချင်းစာနာထောက် ထားမှု အကျပ်အတည်း ကြုံခဲ့ကြရတာပါ။ ဒီအတွက် လေယာဉ်နဲ့ ရဟတ် ယာဉ်တွေ အသုံးပြုရတဲ့ လောင်စာဆီအပေါ် ပိတ်ဆို့ အရေးယူဖို့ Burma Campaign UK အဖွဲ့က ဆော်သြစည်းရုံးခဲ့ပါတယ်။
“လူနည်းစု တိုင်းရင်းသား ပြည်နယ်တွေမှာ အရပ်သားတွေကို ရောပြွန်း ဗုံးကြဲခြင်းအားဖြင့် မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် စော်ကားတဲ့ ရာဇဝတ်မှု ကျူးလွန်နေပါတယ်။ လေယာဉ်သုံး လောင်စာဆီကို ပိတ်ဆို့ အရေးယူတာကြောင့် လေယာဉ်တွေကို အသုံးပြုလို့ မရတောင့်ဘဲ၊ ဗုံးကြဲတာတွေလည်း ရပ်သွားပါလိမ့်မယ်” လို့ အဆိုတင်သွင်းသူ ပါလီမန်အမတ် Rushanara Ali က ဆိုပါတယ်။ ဒီ အဆိုမှာ မြန်မာစစ်တပ်ကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတင်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ရောက် ရိုဟင်ဂျာတွေ အပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု စွဲဆိုချက်မှာ ဗြိတိန်နိုင်ငံက ပါဝင်ဆောင် ရွက်ဖို့ တောင်းဆိုထားပါတယ်။
လောင်စာဆီ တင်ပို့ရာမှာပါဝင်နေကြတဲ့ သင်္ဘောကုမ္ပဏီ၊ အာမခံကုမ္ပဏီ၊ ဝန်ဆောင်မှုကုမ္ပဏီတွေ အပါအဝင် မြန်မာစစ်တပ်ကို ရောင်းချပေးနေတဲ့ မြန်မာနဲ့ ဗြိတိသျှကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူဖို့ လိုအပ်နေပါပြီလို့ Burma Campaign UK ရဲ့ ဆော်သြစည်းရုံးရေးမှူး Karin Valtersson က ပြောပါတယ်။
Your browser doesn’t support HTML5
မြန်မာစစ်တပ်ကို လေယာဉ်ဆီ ပိတ်ဆို့အရေးယူဖို့ ဗြိတိန်အမတ်တွေ တောင်းဆို
=============
[[Unicode]]
=============