ထိုင်းမြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြ၀တီခရိုင်ရွှေက္ကိုလ်မြို့သစ်မှာ တရုတ်နိုင်ငံသားတွေကစပြီး ကူးစက်နေတဲ့ ကာလဝမ်းရောဂါ ဖြစ်ပွားနေတာကြောင့် လူနာတချို့ကို ထိုင်းဘက်က တာ့ခ်ခရိုင်ထဲက မယ်လမ၊ မဲဆောက် စတဲ့ ဆေးရုံတွေကိုပို့ပြီးကုသနေရသလို ထိုင်းဘက်ကို ထပ်ပြီးကူးစက်ပြန့်ပွားမှာကိုစိုးရိမ်ပြီး နယ်စပ်တောလမ်းတွေကိုလည်း ထိုင်းဘက်က ကြပ်ကြပ်မတ်မတ်စစ်ဆေးနေပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရွှေက္ကိုလ်မှာ တရုတ်နိုင်ငံသားတွေကတဆင့် ကာလဝမ်းရောဂါ ဖြစ်ပွားနေတာကြောင့် လူနာတချို့ကို ထိုင်းဘက်က တာ့ခရိုင်ထဲကမယ်လမ၊ မဲဆောက် ဆေးရုံတွေကိုပို့ပြီးကုသနေရပါတယ်။ ထပ်ပြီးကူးစက်ပြန့်ပွားမှာကိုစိုးရိမ်ပြီး ထိုင်းနယ်စပ်တောလမ်းတွေကနေ လူတွေဝင်ရောက်လာမှာကိုလည်းထိုင်းဘက်ကကြပ်ကြပ်မတ်မတ်စစ်ဆေးနေပါတယ်။
ရွှေကုက္ကိုလ်မြို့နဲ့အနီးဆုံး ထိုင်းဘက်ခြမ်းမယ်လမ မြို့နယ် အုပ်ချုပ် ရေးမှုးနိုင်ပရဆပ် ဝပ်ချီရကနေ ထိုင်းနိုင်ငံတာ့ခ်ခရိုင်၊ မယ်လမမြို့နယ်ထဲမှာတော့ ကြိုတင်ကာကွယ်မူ့တွေလုပ်ထားတယ်လို့ သတင်းစာရှင်းလင်ပွဲမှာ ပြောဆိုသွားပါတယ်။
လတ်တလော ထိုင်းဖက်မှာတော့ ကြိုတင် ကာကွယ်မှုတွေလုပ်ထားတာကြောင့် စိုးရိမ်စရာမရှိကြောင်း ထိုင်းဘက်ကိုကူးလာတဲ့ မြန်မာနိင်ငံသားတွေနဲ့ အနီးကပ်ထိတွေ့ဆက်ဆက်ဆံတာတွေမလုပ်ဖို့ မြန်မာဘက်မှာ ထိုင်းဆွေမျိုးသားချင်းတွေရှိနေတယ်ဆိုရင် ထိုင်းဘက်ကို ပြန်မလာကြဖို့ အသိပေးထားတယ်လို့လည်းပြောဆိုသွားပါတယ်။
အခုဖြစ်တဲ့ ကာလဝမ်းရောဂါတမျိုးကြောင့် မြန်မာဘက်က သေဆုံးတာတွေရှိနေပြီး လူ ၃၀၀ထက်မနည်း ကူးစက်နေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ ထိုင်းဘက်ခြမ်းကိုလည်း လူနာတွေပို့ဆောင်ပြီးကုသနေတာတွေလည်းရှိတယ်လို့ဆိုပါတယ်။
ခုလို ရွေကုက္ကိုလ် တနေရာထဲ မှာ လူ၃၀၀ကျော်လောက်ကူးစက်နေပြီး ၅၆ ဦးကတော့အတွင်းလူနာအဖြစ် ဆေးကုသပေးနေရကြောင်း ထိုင်းဘက်ကို ဆေးဝါအကူအညီတောင်းခံနေတာကြောင့် ထိုင်းဘက်က အကူညီပေးနေရတယ်လို့လည်းဆိုပါတယ်။
လက်ရှိမှာ မဲဆောက်ဆေးရုံကြီးမှာ ကာလဝမ်းရောဂါ လူနာ ၂ ဦးအရေးပေါ်ဆေးကုသပေးနေကြောင်း ထိုင်းသတင်းမှာဖေါ်ပြီး ရောဂါကြောင့်သေဆုံး သူမြန်မာ ဘက်ခြမ်းမှာ လတ်တလော ၃ဦးလောက်ရှိပြီလို့လည်းမြန်မာနယ်စပ်ကလာတဲ့သတင်းကိုကိုးကားပြီးထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။
ထိုင်းပြည်သူကျန်းမာရေးဝန်ကြီးဌာနကတော့ ရောဂါကူးစက်မှု ကာကွယ်ဖို့ နယ်စပ်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ထိုင်းအစိုးရအရာရှိတွေကို နှာခေါင်းစည်းတွေ၊ ဆေးလက်အိတ်တွေ ဝတ်ဆင်ဖို့၊ လက်ကို ဆေးကြောဖို့၊ သန့်ရှင်းတဲ့ရေကိုသာ သောက်သုံးကြဖို့ ညွှန်ကြားထားတာပါတယ်။ တာ့ခ်ခရိုင်၊ မဲဆောက် မယ်လမ စတဲ့နေရာတွေက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက နိုရိုဗိုင်းရပ် ကိုကြိုတင်ကာကွယ်ဖို့ အသံချဲ့စက်တွေနဲ့မြန်မာဘာသာနဲ့အသိပေးချက် တွေထုတ်ပြန်နေပါတယ်။