ဖိနှိပ်တဲ့ အာဏာရှင်အစိုးရတွေရဲ့ အုပ်ချုပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံထားရတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားမှုက ပြည်သူတွေအတွက် စစ်မှန်တဲ့ မျှော်လင့်ချက်ကို ပေးခဲ့တယ်လို့ ကမ္ဘာတဝန်း ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ပံ့ပိုး ထောက်ပံ့ပေးနေတဲ့ NED အဖွဲ့ဥက္ကဌ က ပြောလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ကိုယ်စားပြုသူ ၅ ယောက်ကို NED ရဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆု ပေးပွဲမှာ အဖွဲ့ဥက္ကဌ Carl Gershman (ဂါရှ်မန်) က ပြောခဲ့တာဖြစ်ပါတယ်။
Congress လွှတ်တော် အဆောက်အဦးမှာ ပြုလုပ်တဲ့ အခမ်းအနားကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြင်၊ အမေရိကန်နိုင်ငံရေးလောကမှာ သြဇာညောင်းတဲ့ လွှတ်တော် အမတ်ခေါင်းဆောင်တွေ၊ အမေရိကန်အစိုးရတာဝန်ရှိသူတွေလဲ တက်ရောက် မိန့်ခွန်းပြောခဲ့ကြပါတယ်။ ဒီပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ VOA ဝိုင်းတော်သူ မစုမြတ်မွန်က အပြည့်အစုံ တင်ပြပါမယ်။
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ကမ္ဘာကျော်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပြင် လူမသိသူမသိ ကိုယ်ကျိုးစွန့် အနစ်နာခံသူတွေအားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ NED က သူ့ရဲ့ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆု ကို မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပေးတာဖြစ်ပါတယ်။
Washington မြို့တော်က အမေရိကန် Congress လွှတ်တော် အဆောက်အဦးမှာ ပြုလုပ်တဲ့ ဆုပေးပွဲ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို တထောင့် တနေရာကနေ ကိုယ်စားပြုနေကြတဲ့ ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ပရဟိတလုပ်ငန်းတွေလုပ်နေတဲ့ ကိုကျော်သူ၊ ထိုင်းမြန်မာနယ်စပ်မှာ ကျန်းမာရေး အကူအညီပေးနေတဲ့ Dr. စင်သီယာမောင်နဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ US Campaign for Burma အဖွဲ့ ညွှန်ကြားရေးမှုး ကိုအောင်ဒင်တို့က ဆုကို လက်ခံယူခဲ့ကြပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကိုလဲ ဆုယူဖို့ ဖိတ်ကြားခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူကတော့ ဆုပေးပွဲကို မတက်နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေဟာ စိတ်ပျက်စရာ အခြေအနေတွေကို ရင်ဆိုင်ခဲ့ကြရတဲ့ မြန်မာပြည်သူတွေအတွက် စစ်မှန်တဲ့ မျှော်လင့်ချက်ကို ပေးခဲ့တာဖြစ်တယ်လို့ NED အဖွဲ့အကြီးအကဲ Carl Gershman က ပြောသွားပါတယ်။ "လွတ်လပ်မှု၊ ဂုဏ်သိက္ခာရှိမှုနဲ့ ဒီမိုကရေစီစနစ်ဆီ ပြောင်းလဲစေချင်တဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒက ၁၉၈၈ ခုနှစ်ကတည်းကစလို့ ယိမ်းယိုင်ခြင်း မရှိခဲ့ဘူး" လို့ ပြောသွားတာပါ။
NED အဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၆၀ လောက်ကို အထောက်အပံ့ ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ NED အဖွဲ့ရဲ့ နှစ်ပါတ်လည် ဒီမိုကရေစီဆုကို မြန်မာနိုင်ငံက အခုမှ ပထမဆုံး ရရှိတာဖြစ်ပါတယ်။
အခုလို မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းလှုပ်ရှားမှုကို အသိအမှတ်ပြုဆုပေးတဲ့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတခုဖြစ်လာဖို့ ဆောင်ရွက်မှုတွေမှာ တနည်းတလမ်းကနေ အထောက်အပံ့ပေးရာရောက်လိမ့်မယ်လို့ ဆုကို လက်ခံယူရတဲ့ ဦးခွန်ထွန်းဦး၊ ဒေါက်တာစင်သီယာမောင်နဲ့ ကိုကျော်သူတို့က ပြောခဲ့ကြပါတယ်။
ဦးခွန်ထွန်းဦး-“ ဆုရတာ ကျနော်အတွက် ရတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ တိုင်းရင်းသားတွေအတွက် ကျနော်ရတာပါ။ သူတို့ကိုယ်စား ကျနော်လာယူတာပါ။ မြန်မာနိုင်ငံမှာ ကျန်နေတဲ့ တိုင်းရင်းသားတွေအတွက်လည်း အထောက်အပံ့ လည်းဖြစ်မယ်။ ဒီမိုကရေစီကလည်း သူတို့အတွက် ပံ့ပိုးရလည်းရမယ်လို့ ကျနော်ယုံကြည်ပါတယ်။”
ဒေါက်တာစင်သီယာမောင်-“လက်ရှိပြောင်းလဲမှုထဲမှာ ကျမတို့ ထပ်ပြီး ဆောင်ရွက်စရာတွေပေါ့။ အထူးသဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မူဖြစ်စဉ်မှာပေါ့နော်။ လူမူအဖွဲ့အစည်းတွေရော၊ တိုင်းရင်းသားတွေရော ပါလာဖို့ဆိုတာကို ကျမတို့ ပိုပြီးတော့ မျှော်လင့်ပါတယ်။”
ဦးကျော်သူ- “ဒီဆုရတဲ့အတွက် ကျနော်တို့ လူမူရေးသမားတွေအတွက်ကတော့ ခွန်အားတခုဖြစ်တာပေါ့လေ။ အားဆေးတခွက်သောက်ရသလိုဖြစ်ပါတယ်။ ပံ့ပိုးမူကတော့ အတိုင်းအတာနဲ့ပြောရရင်တော့ ပြောလို့မရဘူးပေါ့လေ။ ကိုယ့်ဘက်မှာ ရပ်တည်မူတစ်ခု မားမားမတ်မတ်ရပ်တည်ပေးမယ့် နိုင်ငံတနိုင်ငံ အဖွဲ့အစည်းတဖွဲ့ ရှိလာပြီဆိုတာကို ကျနော်အတွက်ကတော့ ခွန်အားဖြစ်တာပေါ့။”
ကြာသပတေးနေ့က လုပ်ခဲ့တဲ့ ဆုပေးပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု မှာ ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလဲ တက်ရောက်ပြီး၊ ဆုလက်ခံယူသူတွေနဲ့ ပါတ်သက်တဲ့ ဂုဏ်ပြုစကား ကို အခုလို ပြောကြားခဲ့ပါတယ်။
“ကျမတို့ မြန်မာနိုင်ငံမှာ လူအများအတွက် ကိုယ့်တဦးတည်း ကြီးပွါးချမ်းသာမှုကို စွန့်လွှတ် စတေးချင်တဲ့ အမျိုးသား အမျိုးသမီးတွေ အမြောက်အများ ရှိနေတယ် ဆိုတာ သိရလို့ ကျမအနေနဲ့ အထူးပဲ သက်တောင့်သက်သာ ဖြစ်ရပါတယ်။ ကျန်တဲ့ ပြည်သူတွေ ဘဝလွတ်လပ်မှု ရှိရေးအတွက် ဆောင်ရွက်နေကြတဲ့ သူတွေပါ။ ဒီလိုလူတွေ ရှိနေတဲ့ အတွက် ကျမတို့ဟာ ရှေ့ခရီးဆက်နိုင်ကြတာ ဖြစ်ပြီး ပျော်ရွှင်တဲ့ အနာဂါတ် တည်ဆောက်နိုင်မယ်လို့ ယုံကြည်မှု ပြည့်ဝလာရတာလည်း ဖြစ်ပါတယ်။”
“အောင်မြင်မှု ရချင်ရင် အတူတကွ ပူးပေါင်း လုပ်ကိုင်ကြရမယ် ဆိုတာ အတိတ်က ဖြစ်ရပ်တွေက ပြသခဲ့ပါပြီ။ အခုအခါ ကျမတို့ဟာ အနာဂါတ် ခရီးကို လျှောက်လှမ်းနေကြပါပြီ။ အတူတကွ လက်တွဲ လုပ်ကြရမှာပါ။ တခါတခါမှာ တဦးတယောက်စီသာ ဒုက္ခတွေ ခံနေကြပြီး အတူတကွ ပူးတွဲပြီး ပြဿနာကို ကျော်လွှားဖို့ ခက်ခဲနေတတ် ကြပါတယ်။
အခုအချိန်မှာတော့ ကျမတို့ ဘဝမှာ အခက်အခဲဆုံး ခရီးကို လက်ချင်းချိတ်ပြီး ကျော်ဖြတ်ကြရမယ့် အချိန် ရောက်လာပါပြီ။ ကျမတို့ဟာ အတိတ်ရဲ့ သင်ခန်းစာကို ရယူပြီး ငြိမ်းချမ်း စည်းလုံးညီညွတ်တဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ထွန်းကားသော မြန်မာနိုင်ငံကို တည်ဆောက် နိုင်ကြမှာ ဖြစ်တယ်လို့ ကျမယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။”
အမေရိကန် ဒီမိုကရေစီရဲ့ သင်္ကေတဖြစ်တဲ့ Congress လွှတ်တော် အဆောက်အဦးမှာ ပြုလုပ်တဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် ဆုပေးပွဲကို အမေရိကန်အစိုးရ ကိုယ်စား၊ အရပ်ဖက် လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် ဝန်ကြီး María Otero က တက်ရောက် ဂုဏ်ပြုစကားပြောခဲ့သလို ဒီပွဲကို မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် အားပေးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright လဲ တက်ရောက်ပါတယ်။
အမေရိကန်နိုင်ငံရေးမှာ သြဇာညောင်းတဲ့ အထင်ကရ လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Jon McCain, Joseph Crowley, Nancy Pelosi စတဲ့ လွှတ်တော်အမတ်တွေကလဲ တက်ရောက်ပြီးတော့ မိန့်ခွန်းစကားတွေ ပြောခဲ့ကြပါတယ်။
“ဒီကနေ့ ဂုဏ်ပြုကြတဲ့သူတွေလိုမျိုး မြန်မာ့နိုင်ငံမှာရှိနေသရွှေ့ ရက်စက်မှုတွေကို တရားမျှတမှုက အနိုင်ရမယ်၊ အာဏာရှင်တွေကို ဒီမိုကရေစီက အနိုင်ရမယ်၊ အမုန်းတရားတွေကို မေတ္တာတရားက အနိုင်ရမယ်လို့ ယုံကြည်တဲ့အကြောင်းကို လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောသွားကြပါတယ်။"
အမေရိကန် Congress လွှတ်တော်ထဲမှာ ကျင်းပတဲ့ NED ဆုပေးပွဲကို မြန်မာလူမျိုးတွေလဲ အများအပြားလာရောက် အားပေးခဲ့ကြပါတယ်။
မြန်မာ့ဒီမိုကရေစီလူပ်ရှားမူအတွက် ၂၀၁၂ ခုနှစ်အတွက် Democracy ဆုပေးပွဲမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ၂၀၀၀ ခုနှစ်တုန်းက NED ကပဲ ပေးထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ၁၀ နှစ်ပြည့် ဂုဏ်ပြုဆု ရုပ်တုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံယူခဲ့ပါတယ်။