Nelson Mandela သက် ၁၀၀ ပြည့် အမှတ်တရ ကျင်းပ

Barack Obama discursa em Joanesburgo pelo centenário de Nelson Mandela

တောင်အာဖရိက ပထမဆုံးဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ သမ္မတလည်းဖြစ်၊ လူဖြူ လူမဲ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ခဲ့တဲ့ ပြည်သူ့အခွင့်အရေးခေါင်းဆောင်လည်းဖြစ်တဲ့ သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားရဲ့ အသက် (၁၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဗုဒ္ဓဟူးနေ့က တောင်အာဖရိကနိုင်ငံ ဂျိုဟာနက်စ်ဘက်မြို့မှာ ဆင်နွဲှခဲ့ရာမှာ တောင်အာဖရိကနိုင်ငံသားတွေဟာ သူ့မွေးနေ့မှာ တနေ့အနည်းဆုံး ၆၇ မိနစ် အကျိုးရှိတဲ့ အလုပ်လုပ်ကြရင်းနဲ့ သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားကို ဂုဏ်ပြုခဲ့ကြပါတယ်။

သူ့ကို ဇူလိုင် ၁၈ ရက် ၁၉၁၈ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ဦးဆောင်လှုပ်ရှားမှုကြောင့် လူဖြူအစိုးရကို နယ်လ်ဆင်မန်ဒဲလားကို ဖမ်းဆီးထောင်ချခဲ့ပြီး အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း (၂၇)ကျော် နေခဲ့ရပါတယ်။ ၁၉၉၃ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပြီး အခြား ထင်ရှားတဲ့ နိုင်ငံတကာ ငြိမ်းချမ်းဆုတွေလည်း ချီးမြှင့်ခံခဲ့ရပါတယ်။

Madiba လို့ အမှတ်တရခေါ်တဲ့ မန်ဒဲလားရဲ့ စိတ်ဓါတ်ခိုင်မာမှုနဲ့ သနားကြင်နာမှုတို့ကို ကမ္ဘာတဝှမ်းက အမှတ်တရ ဆိုရှယ်မီဒီယာတွေမှာ မွေးနေ့လက်ဆောင်စကားပါးခဲ့ကြပါတယ်။ ၂၀၁၃ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ မန်ဒဲလားဟာ မနေ့က အသက် ၁၀၀ ပြည့်မှာ ဖြစ်ပါတယ်။

အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း ဘရက်အိုဘာမားကလည်း သူ့ရဲ့မိန့်ခွန်းထဲမှာ ဒီကနေ့ ကမ္ဘာကြီးမှာ အသားအရောင်ခွဲခြားမှုနဲ့ ကျားမခွဲခြားမှုတွေ ဆက်လက်ရှိနေပြီး ကောင်းမွန်တဲ့ ရည်မှန်းချက်ပန်းတိုင်အောင်မြင်နိုင်ရေးအတွက် ပိုငြိမ်းချမ်းပြီး ပိုမို ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အလားတူပဲ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာကျင်းပခဲ့တဲ့ မန်ဒဲလား နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အခမ်းအနားမှာလည်း အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ်က ငြိမ်းချမ်းရေး လူ့ဂုဏ်သိက္ခာစောင့်ထိန်းရေး၊ ကြင်နာသနားမှုပြသရေး၊ လေးစားမှုနှင့် အများအကျိုး ထမ်းဆောင်ရေးတို့အတွက် နယ်လ်ဆင်မန်ဒဲလားဟာ ရပ်တည်ခဲ့တဲ့ မီးရှုတန်ဆောင်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Your browser doesn’t support HTML5

Nelson Mandela သက် ၁၀၀ ပြည့် အမှတ်တရ ကျင်းပ