ပြင်သစ်ပိုင် New Caledonia ဒေသလွတ်လပ်ရေး လူထုဆန္ဒမဲခံယူ

ပစိဖိတ်ကျွန်း New Caledonia က ပြင်သစ်ရဲ့ အစိတ်အပိုင်းအဖြစ် ဆက်ပြီး နေဖို့ ဒီကနေ့ ကျင်းပတဲ့ လူထု ဆန္ဒခံယူပွဲမှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပစိဖိတ်သမုဒ္ဓရာထဲက New Caledonia ကျွန်းကို အချုပ်အချာအာဏာပိုင်ပြီး လွတ်လပ် လိုချင်သလားဆိုတာကို မဲဆန္ဒရှင်တွေ ဖြေကြားရတာပါ။ မဲဆန္ဒရှင် ၁ သိန်း ၇ သောင်း ၄ ထောင်ကျော် ထဲက ၅၇ ရာခိုင်နှုန်း နီးပါးက ပြင်သစ် ပိုင်နက်ထဲမှာ ဆက်ပြီး နေဖို့ မဲပေးခဲ့ကြတာပါ။

အခု မဲခွဲမှုဟာဆိုရင် ပြင်သစ်နိုင်ငံ၊ နိုင်ငံရဲ့ အနာဂတ်နဲ့ စံတန်ဖိုးတွေ အပေါ်မှာ ယုံကြည်မှုရှိတဲ့ ပြယုဂ် ဖြစ်ပါတယ်လို့ ပြင်သစ် သမ္မတ Emmanuel Macron က ပြောဆိုပါတယ်။ ဒေသရဲ့ စီးပွားရေး အတွက် ပြင်သစ်က နှစ်စဉ် ဒေါ်လာ သန်း ၁၅၀၀ ကျခံပေးတာဖြစ်ပြီး တကယ်လို့ ပြင်သစ်ဘက်က ထောက်ပံ့ မပေးရင် စီးပွားရေး ပြိုလဲသွားမယ့် အပေါ် အများအပြားက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့််ရ New Caledonia ဒေသက ကာကွယ်ရေးနဲ့ ပညာရေး အပါအဝင် ပြင်သစ်ကို အများအပြားမှီခိုနေရတာပါ။ ပြင်သစ်ထံက ခွဲထွက်လိုသူတွေနဲ့ ခွဲမထွက်လိုသူတွေကြား နှစ်နဲ့ချီ အကြမ်းဖက်မှုတွေကို အဆုံးသတ်စေရေး အတွက် ၁၉၉၈ ခုနှစ်က စလို့ ပြည်သူဆန္ဒ ခံယူပွဲကို ကျင်းပခဲ့တာပါ။ ဆယ်စုနှစ် တခု အကြာမှာတော့ ၂၀၁၈ ခုနှစ်မှာ လွတ်လပ်ရေး အတွက် မဲခွဲဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ ပြင်သစ်ထံကနေ လွတ်လပ်ရေး ယူဖို့ မဲဆန္ဒရှင်တွေက ကန့်ကွက်ခဲ့မယ်ဆိုရင်တော့ သဘောတူညီချက် အရ လာမယ့် ၂၀၂၂ ခုနှစ်အထိ လွတ်လပ်ရေး အတွက် လူထုဆန္ဒခံယူပွဲကို ၂ ကြိမ်ထပ် ကျင်းပမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပြင်သစ်ပိုင် New Caledonia ဒေသလွတ်လပ်ရေး လူထုဆန္ဒမဲခံယူ