၂၀၅၀ ပြည့်နှစ်မှာ ကင်ဆာရောဂါသည် ၃၅သန်းကျော်အထိ တိုးလာမယ်လို့ WHO သတိပေး

Your browser doesn’t support HTML5

လာမယ့် ၂၀၅၀ ပြည့်နှစ်ရောက်ရင် ကမ္ဘာပေါ်မှာကင်ဆာရောဂါသည် ၃၅သန်းကျော်အထိ တိုးလာနိုင်တယ်လို့ WHO က သတိပေးလိုက်ပါတယ်။ ဆေးလိပ်နဲ့အရက် သောက်သုံးမှု၊ အဝလွန်ခြင်းနဲ့ လေထုညစ်ညမ်းတာတွေက ကင်ဆာဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းတွေလို့ WHO အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ AFP သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။