သမိုင်းဝင်မယ့် အမေရိကန်လွှတ်တော်သစ်ရဲ့ ကွဲပြားမှု

၁၁၃ ကြိမ်မြောက် ခေါ်ယူခဲ့တဲ့ အမေရိကန် လွှတ်တော်သစ်မှာ ထူးခြားချက်ကတော့ မတူကွဲပြားမှုကို ထင်ဟပ်ပေါ်လွင်တဲ့အချက်ပါပဲ။ ကျား/မ၊ ကိုးကွယ်တဲ့ဘာသာ၊ လူမျိုး စသဖြင့် ကွဲပြားတဲ့နောက်ခံ အမျိုးမျိုးကနေ ဆင်းသက်လာကြတဲ့ လွှတ်တော်အမတ်သစ်တွေအနက် အမျိုးသမီး လွှတ်တော်အမတ် အရေအတွက် ပိုလာတာ တွေ့ရပါတယ်။ ဒီအကြောင်းကို အခုသီတင်းပတ်ရဲ့ အမျိုးသမီးများ ကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်ရှင်။