တာဝန်ရှိ ရင်းနှီးမြှုပ်နံှမှုဖြင့် ပွင့်လင်းလူ့အဖွဲ့အစည်း တည်ဆောက်ကြဖို့

Vicky Bowman (MCRB)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ ပွင့်လင်းလာပြီး နိုင်ငံတကာရင်းနှီးမြှုပ်နံှမှုတွေ ဝင်ရောက်လာတာနဲ့အမျှ မြန်မာလူမျိုးတွေ ယဉ်ကျေးမှုထက်၊ ရုပ်ပိုင်ဆိုင်ရာကို ပိုပြီးဦးစားပေးလာမှာကို စိုးရိမ်မိတယ်လို့ Myanmar Centre for Responsible Business (MRCB) မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူဌာနရဲ့ ညွှန်ကြားရေးမှုး Vicky Bowman က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ မစ္စဗစ်ကီ ဘိုမန်ဟာ ရင်းနှီးမြှုပ်နံှမှုတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး နိုင်ငံခြားက ရင်းနှီးမြှုပ်နံှသူတွေနဲ့ ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ တာဝန်ယူမှုရှိရေး အကူအညီပေးနေတာလည်း ဖြစ်ပါတယ်။ ဗစ်ကီဘိုမန်ကို ဒေါ်ခင်စိုးဝင်း က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

မစ္စဗစ်ကီဘိုမန် ။ ။ ကျမတို့ ရည်မှန်းချက် ဘာရှိသလဲဆိုရင် နိုင်ငံခြားကုမ္ပဏီတွေလာရင် သူက အထူးသဖြင့် အင်္ဂလန်၊ အီးယူ၊ ယူအက်စ် က ကုမ္ပဏီတွေလာရင် တကယ် responsible ဖြစ်စေချင်တယ်။ ဒါပေမဲ့ သူတို့ ဒီနိုင်ငံကို သိပ်မသိသေးဘူး။ ဒါဆိုရင် သူလာရင် သူတို့ policy မူဝါဒတွေကလည်းရှိတယ်။ အလေ့အကျင့် အဲဒီနိုင်ငံတွေမှာရှိတယ်။ ဒါပေမဲ့ ဒီမှာရောက်ရင် ဘယ်သူနဲ့ စကားပြောရမလဲ။ ဘာ risk စိန်ခေါ်မှုတွေရှိသလဲ။ အဲဒါတွေကို ကျမတို့ အကြံပေးတယ်။ အထူးသဖြင့် CSO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းနဲ့ မိတ်ဆက်ပေးတယ်။ အလုပ်သမားသမဂ္ဂနဲ့ မိတ်ဆက်ပေးတယ်။ မြေသိမ်းတဲ့ကိစ္စတွေ ရှင်းပြလိုက်တယ်။ တချို့ကိစ္စတွေ သူတို့ သိပြီးသား။ သတင်းစာထဲမှာ ဖတ်ဖူးတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေကို မသိပါဘူး။ အဲဒါ ကျမတို့ အကြံပေးပြီးတော့။ သူတို့ ပိုပြီးတော့ responsible ဖြစ်နိုင်တယ်။ ဒီလို အမှားတွေမလုပ်ပါဘူးဆိုရင် ဒါ ရည်မှန်းချက်ရှိတယ်။ အဲဒါက နိုင်ငံခြားကုမ္ပဏီဖက်။ ဒါပေမဲ့ မြန်မာကုမ္ပဏီဖက်က တချို့က အရမ်း reform လုပ်ချင်ကြတယ်။ ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်။ အထူးသဖြင့် နိုင်ငံခြားကုမ္ပဏီနဲ့ ပေါင်းချင်ရင် အဲဒီ နိုင်ငံခြားကုမ္ပဏီအတွက် စံနှုန်းတွေရှိတယ်။ international standards ဒီမှာရှိတဲ့ မြန်မာကုမ္ပဏီတွေက ဒီစံနှုန်းကို သိပ်မသိပါဘူး။ အဲဒါကို ကျမတို့ ရှင်းပြတယ်။ အထူးသဖြင့် လူ့အခွင့်အရေး လေးစားမှုကိစ္စ။ ဒါပေမဲ့ ဒီမှာရှိတဲ့ ကုမ္ပဏီတွေက လူ့အခွင့်အရေးဆိုရင် အဲဒါဘာလဲ ဒို့အရေး ဒို့အရေးလား။ မဟုတ်ပါဘူး။ လူ့အခွင့်အရေးဆိုတာ အလုပ်သမားအခွင့်အရေး၊ safety နဲ့ ပတ်သက်တယ်။ ဥပမာ အခု ရန်ကုန်-နေပြည်တော် သွားတဲ့ကားက မတော်တဆဖြစ်တယ်။ လူတော်တော်များများ သေသွားတယ်။ အဲဒါ လူ့အခွင့်အရေးကိစ္စ။ ကားပို့ဆောင်ရေး business ရှိတယ်။ သူ လူ့အခွင့်အရေး ချိုးဖောက်တယ်။ Driver တွေရဲ့ working time – night တော်တော်များများ သွားရတယ်။ သူ့ကိုယ်ပိုင် လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်။ ခရီးသည် အသက်ဆုံးသွားလို့ရှိရင် သူ လူ့အခွင့်အရေးတခု ချိုးဖောက်တာဖြစ်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒါက တာဝန်သိ ရင်းနှီးမြှုပ်နံှမှုကို တွန်းအားပေးတဲ့အနေနဲ့ ပညာပေးတာလို့လည်း ပြောလို့ရတယ်။

မစ္စဗစ်ကီဘိုမန် ။ ။ ဟုတ်ပါတယ်။ နောက်ပြီးတော့ ကျမတို့ နည်းနည်းပြိုင်ဆိုင်မှု ရှိစေချင်တယ်။ Competition အထူးသဖြင့် ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်လို့။ ကျမတို့ စီမံကိန်းတခု ရှိတယ်။ ပွင့်သစ်စလို့ ခေါ်တယ်။ အင်္ဂလိပ်လို Transparency in Myanmar Enterprises (TiME) ဘာကြောင့်လဲဆိုတော့ ပွင့်လင်းမြင်သာမှုက ဒီနိုင်ငံအတွက် တော်တော်အရေးကြီးတယ်။ ပွင့်လင်းမြင်သာမှု ပိုပြီးရှိရင် မြန်မာလူထု ကုမ္ပဏီအပေါ်မှာ သစ္စာပိုပြီးတော့ရှိမယ်။ အဲဒီ ပွင့်လင်းမြင်သာမှု စီမံကိန်းအရ ကုမ္ပဏီ website ပေါ်မှာ ဘာသတင်းတွေရှိသလဲ။ ကုမ္ပဏီ group အုပ်စုတွေအကြောင်း ရှိတယ်။ ဒီအုပ်စုဟာ ကုမ္ပဏီ အများကြီးရှိတယ်။ Website ပေါ်မှာ ဖော်ပြထားတယ်။ နောက်ပြီးတော့ သူ့ရဲ့ ပိုင်ဆိုင်မှု Ownership ဘယ်သူရှိသလဲ။ နောက်ပြီးတော့ လာဘ်ထိုးမှု Corruption နဲ့ ပတ်သက်တဲ့ ဘာမူဝါဒတွေရှိသလဲ။ ဘာ system ရှိလဲ။ ဒီကိစ္စကို ရှောင်ဖို့။ လူ့အခွင့်အရေး လေးစားမှု policy ရှိသလား။ အဲဒါ ကျမတို့ Website တွေ အားလုံးစုံစမ်းနေတယ်။ လာမယ့် ဇူလိုင်လလောက် ကျမတို့ table ဇယားတခု လုပ်မယ်။ ပွင့်လင်းမြင်သာမှုအများဆုံး ရှိတဲ့ ကုမ္ပဏီရှိမယ်။ နောက်ပြီးတော့ တချို့က Website မရှိလို့၊ သူတို့ကို တိုက်တွန်းချင်တယ်။ အခုခေတ်ကာလက website တို့ဘာတို့ မရှိရင် တကယ်ကို ကုမ္ပဏီက international standard တို့ဘာတို့နဲ့ မညီပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ နည်းပညာပိုင်းမှာကော အကူအညီပေးဖို့ ရှိပါသလား။

မစ္စဗစ်ကီဘိုမန် ။ ။ ဒီနိုင်ငံမှာ IT ကျွမ်းကျင်တဲ့လူတွေ အများကြီးရှိတယ်။ တကယ်တော့ website တည်ဆောက်ဖို့ အလွယ်ဆုံးတခု။ ပိုခက်တဲ့ဟာက ကုမ္ပဏီနဲ့ လူ့အခွင့်အရေး ဘယ်လိုဆိုင်သလဲ။ နောက်ပြီးတော့ မြန်မာနိုင်ငံ investment climate အတွင်းမှာ အလုပ်လုပ်ရရင် corruption ရှောင်လို့ ရနိုင်မလား။ ဖြစ်နိုင်မလား။ အဲဒါ ပိုခက်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာ့ရင်းနှီးမြှုပ်နံှမှုကော်မရှင်နဲ့ ဗစ်ကီဘိုမန်တို့ အဆက်အစပ် ရှိပါသလား။

မစ္စဗစ်ကီဘိုမန် ။ ။ အဆက်အစပ် ရှိပါတယ်။ သူတို့ ကျမတို့ကို မေးတယ်။ သမ္မတဦးသိန်းစိန် ပြောတယ်။ Responsible business ပဲ လာစေချင်တယ်။ ဒါပေမဲ့ ကျနော်တို့ဌာနအနေနဲ့ responsible business ဘယ်လို သိနိုင်မလဲ။ အဲဒီ ကုမ္ပဏီ responsible လား။ ဟို ကုမ္ပဏီ responsible လား။ ကျမတို့ နည်းနည်းသင်တန်းပေးတယ်။ အထူးသဖြင့် international standard ဆို ဥပမာ အခုနပြောတဲ့ UN Guiding Principles, UN Global Compact ဆိုတာ ဘာလဲ။ နောက်ပြီးတော့ ဒီ sector အလိုက် ကဏ္ဍအလိုက် ဥပမာဆိုရင် အချုပ်စက်ရုံဆိုရင် ethical trading initiative ရှိတယ်။ ဝင်လာတဲ့၊ ဝင်ချင်တဲ့ ကုမ္ပဏီတွေက ethical trading initiative လိုက်သလား။ မလိုက်ဘူးလား။ အဲဒါလဲ ရှင်းပြတယ်။ ဒါက ဘာအဓိပ္ပါယ်ရှိလဲ။ ဒီ ကုမ္ပဏီရဲ့ report ထဲမှာ ဘာဖတ်ရမလဲ။ ဘာ ရှာရမလဲ။ Safety အကြောင်း ဘာပြောသလဲ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ဘာပြောလဲ။ အဲဒါတွေကို နည်းနည်းသင်တန်းပေးတယ်။ Responsible business ဆိုတာ ဘာလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ရင်းနှီးမြှုပ်နံှမှုကော်မရှင်ဖက်က အစိုးရဌာနတွေနဲ့ ဆက်ဆံတဲ့နေရာမှာ အခက်အခဲတွေ၊ ဘာတွေ ရှိပါသလား။

မစ္စဗစ်ကီဘိုမန် ။ ။ ဆက်ဆံရေး အခက်အခဲတွေ မရှိပါဘူး။ ဒါပေမဲ့ အစိုးရဌာနတိုင်းမှာ သူက အင်အားသိပ်မရှိပါဘူး။ Capacity သိပ်မရှိသေးဘူး။ အထူးသဖြင့် အခု အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတွေ တော်တော်နည်းတယ်။ တက္ကသိုလ်ဘွဲ့ရပြီးတော့ ဝင်လာတဲ့ new graduate, new entrees ရှိတယ်။ ဒါပေမဲ့ သူတို့ အတွေ့အကြုံ မရှိသေးဘူး။ အဲဒါက သူတို့ရဲ့ အကြီးဆုံး စိန်ခေါ်မှု။ ဒါပေမဲ့ ဆက်ဆံရေးကတော့ တော်တော်ကောင်းပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီနိုင်ငံမှာ လာဘ်စားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ သုံးသပ်လို့ ရပါသလဲ။

မစ္စဗစ်ကီဘိုမန် ။ ။ ဒီနိုင်ငံမှာ အခုအပြောင်းအလဲ နည်းနည်းရှိတယ်။ ဥပမာ ဥပဒေရှိတယ်။ အကျင့်ပျက်လာဘ်စားမှု anti-corruption ဥပဒေ ရှိတယ်။ Corruption commission လည်းရှိတယ်။ အခု ဝင်လာတဲ့ အမေရိကန်၊ European ကုမ္ပဏီတွေ ဝင်လာရင် အဲဒါ အသုံးဝင်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ဥပဒေတွေရှိတယ်။ အမေရိကန်မှာ Anti Corruption Foreign Corrupt Practices Act ရှိတယ်။ UK Bribery Act လည်းရှိတယ်။ မြန်မာဥပဒေလည်း ရှိတယ်။ ဒါပေမဲ့ နိုင်ငံခြားစီးပွားရေးသမားက ပိုပြီးတော့ စိတ်ပူတယ်။ ဟိုဖက်က အမေရိကန်ထောင်ကို ရောက်မလား။ အထူးသဖြင့် သူလာဘ်ပေးရင်။ ဒါမှမဟုတ် သူ့ပွဲစားက လာဘ်ပေးရင် သူထောင်ထဲမှာ ကြာနိုင်တယ်။ ဒါကြောင့်မို့ အနောက်နိုင်ငံကလာတဲ့ Multinational Companies က အရမ်း Zero Tolerance Policy ရှိတယ်။ တကယ် သူသိသွားတယ်။ ပထမဆုံး tea money ပေးရင် ပိုပြီးတော့ ပြဿနာပေါ်လာတယ်။ အဲဒါကြောင့် Zero Tolerance Policy ရှိရတယ်။ ဒါက ကြားအုံးမယ်။ ချက်ချင်း မဖြစ်နိုင်သေးဘူး။ တခြားနိုင်ငံတွေကိုကြည့်ရင်၊ ဒီဒေသမှာကြည့်ရင်။ ဒါမှမဟုတ် အာဖရိကန်နိုင်ငံမှာကြည့်ရင် ဒီ corruption ကိစ္စက ပြောင်းဖို့ တော်တော်ခက်တယ်။ အထူးသဖြင့် အစိုးရရဲ့ online, paper trace မရှိရင် IT နဲ့ မလုပ်ရင် ပြဿနာ။ ဒီနိုင်ငံမှာ တခြားနိုင်ငံမှာ … ရှိသေးတယ်။ ပုံစံဖြည့်ရတယ်။ အဲဒီအချိန်ဟာ corruption အခွင့်တခု ဖြစ်နိုင်တယ်။ ဒါကို online စနစ်တခုပြောင်းရင် ပိုပြီးတော့ရှင်းမယ်။ အဲဒါလည်း system လည်း ပြောင်းရမယ်။ နောက်ပြီးတော့ အရေးကြီးတဲ့ကိစ္စက မီဒီယာနဲ့ accountability, civil society သူတို့တွေ ပွင့်ပွင့်လင်းလင်း ပြောခွင့်ရှိရမယ်။ Corruption နဲ့ ပတ်သက်လို့။ အခု သတင်းစာထဲမှာ နည်းနည်းပေါ်လာတယ်။ ဟိုတနေ့က မြန်မာတိုမ်းစ်မှာ အရင်တုန်းက ဝန်ကြီးအကြောင်း ဖတ်ဖူးတယ်။ သိန်းထွန်းကိစ္စ corruption အကြောင်း။ အရင်တုန်းက အဲဒီလိုဟာမျိုး ဆောင်းပါးရေးလို့ မရပါဘူး။ အဲဒီဟာတွေရှိရင် အပြောင်းအလဲတွေ တဖြည်းဖြည်း ဖြစ်လာမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဘာပဲပြောပြော အကောင်းမြင်လို့ ရတဲ့အခြေအနေတော့ မြန်မာနိုင်ငံမှာ ရှိနေပြီပေါ့။ ဆိုတော့ မြန်မာနိုင်ငံမှာ အခု ဥရောပတိုက်ကနေလာတဲ့ ရင်းနှီးမြှုပ်နံှတဲ့ ကုမ္ပဏီကြီးတွေ တော်တော်များများ ရှိနေပါပြီလား။

မစ္စဗစ်ကီဘိုမန် ။ ။ အခုရှိလာတဲ့ Oil နဲ့ Gas နဲ့ ပတ်သက်လို့ တော်တော်များများ ဝင်လာတယ်။ နောက် Telecom နော်ဝေ နဲ့ ကာတာ ကလာတဲ့ Telecom ရှိတယ်။ များသောအားဖြင့် မြန်မာ investment တွေကိုကြည့်ရင် အထည်ချုပ်စက်ရုံတွေ ဝင်လာတယ်။ ဒီ အထည်ချုပ်စက်ရုံတွေဟာ အနောက်ပိုင်းနိုင်ငံတွေက မလာပါဘူး။ တရုတ်၊ ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ် က လာတယ့် ကုမ္ပဏီတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီ အထည်ချုပ်က Western Markets တွေကို ရောက်နိုင်တယ်။ အဲဒီကုမ္ပဏီတွေ ဒီမှာ invest လုပ်ပြီးတော့ Gap တို့ဘာတို့၊ သူ့အပေါ်မှာ သြဇာရှိတယ်။ ဒါကြောင့်မို့ ဒါက တော်တော်အရေးကြီးတယ်။ သူက Global Supply Chain တခုတည်းမှာပါတယ်။ တကယ်တော့ ဒါက Asian company ပဲ မဟုတ်ပါဘူး။ Western Market နဲ့ အဆက်အသွယ်ရှိမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီလိုမျိုး အပ်ချုပ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းမှာ လာပြီးတော့ invest လုပ်နေတဲ့ လူတွေအနေနဲ့ ဒီ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နံှမှု ဖြစ်ပါသလား။ ဥပမာဆိုရင် ကိုရီးယားက ကုမ္ပဏီတို့၊ အာရှနိုင်ငံက ကုမ္ပဏီတွေပေါ့။ သူတွေက ဒီလို international standard နဲ့အညီ safety အလုပ်သမားတွေရဲ့ လုံခြုံမှု၊ စိတ်ချလုံခြုံမှု၊ လုပ်ခလစာ။ အဲဒါတွေ မျှမျှတတ ပေးပါသလား။

မစ္စဗစ်ကီဘိုမန် ။ ။ ဒီနိုင်ငံမှာ Minimum wage မရှိပါဘူး။ တချို့စက်ရုံက လခ အရမ်းနည်းတယ်။ အဲဒီကုမ္ပဏီတွေ သူဝင်လာပြီးတော့ လခအရမ်းနည်းတယ်။ ကျနော်တို့ ကုမ္ပဏီအတွက် ကောင်းတယ်။ ဒါပေမဲ့ အခု တကယ်မဖြစ်နိုင်တော့ဘူး။ အခု Freedom of Expression, Freedom of Association ဆိုပြီး အလုပ်သမားသမဂ္ဂတွေလည်း ရှိတယ်။ ဆန္ဒပြခွင့်လည်း ရှိတယ်။ သပိတ်မှောက်ပြခွင့်လည်း ရှိတယ်။ ဒါဆိုရင် လခနည်းနဲ့ အပ်ချုပ်စက်ရုံ တော်တော်ပြဿနာရှိမယ်။ နောက်ပြီးတော့ အနောက်နိုင်ငံကလာတဲ့ Retailer သူကလည်း အဲဒီဟာမျိုးတွေ လက်မခံပါဘူး။ သူက living wage တို့ဘာတို့ ပေးစေချင်တယ်။ ကုမ္ပဏီတွေ တော်တော်များများ ဝင်လာရင် အလုပ်သမားအတွက် ပြိုင်ဆိုင်မှုရှိမယ်။ တချို့အလုပ်သမားတွေက ဟိုကုမ္ပဏီ ပိုပေးရင် အဲဒီ ကုမ္ပဏီသွားမယ်။ အဲဒါမျိုးလည်းရှိမယ်။ အဲဒါရဲ့ အရေးအကြီးဆုံးက လူ့အခွင့်အရေး ချိုးဖောက်မှု အခုအချိန်။ Competition ပိုများရင် Western Retailer Pressure ပိုရှိရင် ဒါပြဿနာ နည်းနည်းရှင်းနိုင်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီအခြေအနေအားလုံးကို သုံးသပ်ပြီး ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေ ပိုပြီးတော့ တိုးလာမယ်လို့ ယူဆပါသလား။ နောက်တခုက မြန်မာနိုင်ငံရဲ့ စီးပွားရေး ရှေ့ဆက်ပြီးတော့ တိုးတက်ဖို့ မြင်ပါသလား။

မစ္စဗစ်ကီဘိုမန် ။ ။ အခုအချိန်က တိုးတက်မှု ရှိရမှာပေါ့။ အလုပ်အသစ်တွေလည်း ပိုပြီးတော့ရှိမယ်။ အလုပ်လက်မဲလူတွေလည်း အလုပ်ရမယ်။ အဲဒါလဲ ဝမ်းသာစရာကောင်းတယ်။ ဒါပေမဲ့ ယဉ်ကျေးမှုကိစ္စလည်း ရှိတယ်။ ကျမတို့ ဒီမှာလာတာကြာပြီ။ နှစ် (၂၀) ကျော်ရှိပြီ။ ဒီမြန်မာယဉ်ကျေးမှုကို အရမ်းချစ်တယ်။ အခုအချိန် နိုင်ငံခြားကုမ္ပဏီ ဝင်လာရင်၊ နိုင်ငံခြားယဉ်ကျေးမှု ဝင်လာရင် မြန်မာလူမျိုးတွေ ပိုပြီးတော့ materialist ဖြစ်မလား။ အဲဒါကို သိပ်မဖြစ်စေချင်ဘူး။ ကျမ မျှော်လင့်ချက်တခုရှိတယ်။ ဒီနိုင်ငံ တိုးတက်မှု ရှိမယ်လို့ ဆုတောင်းတယ်။ ဒါပေမဲ့ မြန်မာယဉ်ကျေးမှု မပြောင်းစေချင်ဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ ယဉ်ကျေးမှုက ရုပ်ဝထ္တုပစ္စည်းထက် ပိုပြီးတော့ အရေးကြီးတယ်လို့ ပြောရမှာပေါ့။