မြန်မာအစိုးရနဲ့ အာဆီယံဥက္ကဋ္ဌ

Một cảnh sát viên mang hoa tới gần nơi một binh sĩ Anh bị giết tại khu Woolwich, thủ đô London. Binh sĩ  Anh này bị hai người đàn ông hô các khẩu hiệu Hồi giáo chém chết hôm 22- 5 -2013

အာဆီယံအသင်းဝင် (၁၀) နိုင်ငံဟာ အင်္ဂလိပ်အက္ခရာကိုလိုက်ပြီး အာဆီယံအသင်းရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် နှစ်စဉ်တာဝန်ယူရပါတယ်။ ၂၀၀၆ မှာ မြန်မာဥက္ကဋ္ဌလုပ်ဖို့ အလှည့်ရောက်လာပေမယ့် အမေရိကန်နဲ့ အနောက်တိုင်းက လက်မခံနိုင်တာကြောင့် တာဝန်မယူဖို့ အာဆီယံနိုင်ငံတွေက ဖျောင်းဖျပြောဆိုတဲ့အတွက် ဥက္ကဋ္ဌမလုပ်လိုကြောင်း ကြေညာခဲ့ရပါတယ်။ အခုတော့ အရပ်သားအစိုးရအဖြစ် ပုံစံပြောင်းလိုက်ပြီမို့ ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌလုပ်ဖို့ ရည်ရွယ်ကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ မြန်မာဥက္ကဋ္ဌလုပ်တဲ့ အာဆီယံအသင်းနဲ့ လက်မတွဲနိုင်ဘူးလို့ အမေရိကန်ကကြေညာတဲ့အတွက် အခြားအနောက်တိုင်း ဒီမိုကရေစီတွေကလည်း အမေရိကန်လမ်းစဉ်လိုက်မယ့် သဘောရှိပါတယ်။ နိုင်ငံရေး၊ စီးပွားရေး နဲ့ လုံခြုံရေးကိစ္စတွေမှာ အာဆီယံ/အမေရိကန် ပူးပေါင်းဆောင်ရွက်မှု အရှိန်ရစပြုနေတုန်း မြန်မာအစိုးရကြောင့် ရပ်တန့်သွားမှာကို အာဆီယံက လိုလားမယ်မဟုတ်ပါဘူး။ ၂၀၀၉ မှာ ထိုင်းက ဥက္ကဋ္ဌ လုပ်တုန်းက အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို ပထမအကြိမ် စင်္ကာပူမှာ ကျင်းပခဲ့ပါတယ်။ ၂၀၁၀ မှာ ဗိယက်နမ်ဥက္ကဋ္ဌလုပ်စဉ် ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန်ထိပ်သီး အစည်းအဝေးကို နယူးရော့ခ်မှာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်တော့ အင်ဒိုနီးရှားမှာ ကျင်းပပါလိမ့်မယ်။

အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးတွေမှာ အလှည့်ကျ အာဆီယံဥက္ကဋ္ဌနဲ့ အမေရိကန်သမ္မတဟာ ပူးတွဲသဘာပတိတွေအဖြစ် ဆောင်ရွက်ကြပါတယ်။ မြန်မာ့ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတဖို့ နိုင်ငံရေးလုပ်သူအားလုံး ပါဝင်နိုင်ဖို့ အပြည်ပြည်ဆိုင်ရာက လက်ခံနိုင်ဖို့ ကုလသမဂ္ဂနဲ့ လက်တွဲပြီး ဒီမိုကရေစီပြုပြင်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့၊ တိုက်တွန်းကြောင်း အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးရဲ့ ပူးတွဲကြေညာချက် နှစ်ခုစလုံးမှာ ဖော်ပြထားပါတယ်။ အာဆီယံနဲ့ ကုလသမဂ္ဂကို လက်တွဲပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ လိုအပ်ကြောင်း အလေးအနက် ဖော်ပြထားပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဗိယက်နမ်က ရွေးကောက်ပွဲကို ထောက်ခံပေမဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ ဒီမိုကရေစီပြုပြင်ရေးလုပ်ဖို့ တိုက်တွန်းထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို လုပ်ပွဲအဖြစ် အမေရိကန်-အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင်အစိုးရက သတ်မှတ်ပါတယ်။ ထိုင်း၊ စင်္ကာပူ နဲ့ မလေးရှား တို့ကတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရွေးကောက်ပွဲရလာဒ်ကို လက်ခံရုံပဲ ရှိပါတယ်။ လာအို၊ ကမ္ဘောဒီယား နဲ့ ဗိယက်နမ် တို့က ရွေးကောက်ပွဲကို ထောက်ခံကြပါတယ်။ ရွေးကောက်ပွဲမှာ လေ့လာရေးအဖွဲ့ စေလွှတ်ဖို့ အာဆီယံနဲ့ ကုလသမဂ္ဂက စီစဉ်တာကို ဗမာအစိုးရက လက်မခံ ပါဘူး။ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး နှစ်ခုမှာ တောင်းဆိုထားတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဗမာအစိုးရ ဘယ်လိုသဘောထားတယ်ဆိုတာ အထူးအာရုံစိုက်ဖို့ လိုပါတယ်။ အာဆီယံ ဥက္ကဋ္ဌဟာ အာဆီယံအသင်းရဲ့ နိုင်ငံခြားဆက်ဆံရေးမှာ အဓိကကျသူ ဖြစ်ပါတယ်။ အာဆီယံအသင်းဟာ အသင်းဝင်မဟုတ်တဲ့ နိုင်ငံအများအပြားနဲ့ ဆက်သွယ်လုပ်ကိုင်နေပါတယ်။

အာဆီယံဥက္ကဋ္ဌလုပ်သူဟာ ARF (ASEAN Regional Forum) အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူရပါတယ်။ အာဆီယံ (၁၀) နိုင်ငံနဲ့ အခြား (၁၇) နိုင်ငံတို့ တွေ့ဆုံဆွေးနွေးပြီး ပူးတွဲလုပ်ကိုင်ဖို့နဲ့ ပြဿနာဖြေရှင်းဖို့ ကြိုးပမ်းတာဟာ AFC ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒီအထဲမှာ ဗမာအစိုးရကို ဒဏ်ခတ်အရေးယူထား အမေရိကန်၊ အီးယူ ဥရောပအဖွဲ့နဲ့ ကနေဒါနိုင်ငံ ပါဝင်ပါတယ်။ ဗမာ အစိုးရကို ထောက်ခံတဲ့ တရုတ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား နဲ့ အိန္ဒိယလည်း ပါဝင်ပါတယ်။ ARF ဆွေးနွေးပွဲမှာပါဝင်သူတွေ တဦးနဲ့တဦး ယုံကြည်မှု ရှိလာအောင် ကြိုးပမ်းတာဟာ၊ ARF ဥက္ကဋ္ဌရဲ့ အဓိက တာဝန် ဖြစ်ပါတယ်။ ARF ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ARF ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နိုင်ဖို့ အတွက် ARF ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ARF မှာ ပါဝင်သူအားလုံး ဆွေးနွေးပြီးတော့ သင့်တော်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ချမှတ်ပါတယ်။ အာဆီယံအသင်းရဲ့ နိုင်ငံခြားဆက်ဆံရေးမှာ ARF ဒေသဆိုင်ရာ ဆွေးနွေးပွဲဟာ အဓိကလုပ်ငန်းတခု ဖြစ်ပါတယ်။

အာဆီယံအသင်းဟာ အစည်းအဝေးကျင်းပတဲ့နေရာမှာ ထင်ရှားပါတယ်။ ဒီနှစ်ထဲ ကျင်းပမယ့် အာဆီယံ အစည်းအဝေး အစီအစဉ် အချိန်ဇယားဟာ (၂၁) မျက်နှာရှိပြီး ဒီလထဲမှာ ကျင်းပမယ့် အစည်းအဝေးက (၃၀) လောက်ရှိပါတယ်။ တနှစ်မှာ အစည်းအဝေး သုံးရာကျော် ကျင်းပနေတဲ့အသင်းပါ။ ထိရောက်စွာ လုပ်ကိုင်နိုင် ဖို့အတွက် ကြီးကြပ်အရေးယူမယ့် ဒေသခံ ဗဟိုအဖွဲ့အစည်း အားကောင်းဖို့ လိုပါတယ်။ သဘောတူထားတဲ့ စည်းမျဉ်းကို အသင်းဝင်နိုင်ငံများက လိုက်နာအောင်လုပ်ဖို့ ဒေသခံဗဟိုအဖွဲ့မှာ တာဝန်ရှိပါတယ်။ EU ဥရောပ သမဂ္ဂအဖွဲ့မှာ ဒေသခံဗဟိုအဖွဲ့အစည်း အားကောင်းပါတယ်။

အာဆီယံမှာတော့ အသင်းဝင်နိုင်ငံတွေ ဂတိတည်အောင် ကြီးကြပ်တဲ့ဒေသခံ ဗဟိုအဖွဲ့အစည်း မရှိသေးပါဘူး။ ဒါကြောင့် အာဆီယံကို အသင်းလို့ပြောမယ့် အသင်းဝင်နိုင်ငံတွေဟာ အမြဲတမ်း ညှိနှိုင်းလုပ်ကိုင်နေတာမို့ အစည်းအဝေး အများအပြား ကျင်းပနေရတာ ဖြစ်ပုံရပါတယ်။ အာဆီယံရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောနိုင်တဲ့ ဗမာအစိုးရကို အာဆီယံက လက်ခံထားရပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး အသွင်လက္ခဏာ လစ်ဟင်းနေတဲ့ ဗမာအစိုးရကို ခေါင်းဆောင်တင်ဖို့ဆိုတာကတော့ အမြင်မတော် ဆင်တော်နဲ့ ခလောက် ဖြစ်နေပါတယ်။