ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်မှာ ဗွီအိုအေဝိုင်းတော်သား ကိုဝင်းမင်း ဟာ မြန်မာနိုင်ငံထဲမှာ (၃) လကြာ ပြန်လည်နေထိုင်ပြီး နိုင်ငံပြုပြင်ရေးယန္တရားနဲ့ အတော်လေးထဲထဲဝင်ဝင် ထိတွေ့လေ့လာနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲရေး အခြေအနေများနဲ့ အလားအလာများကို ဦးကျော်ဇံသာ နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံအတွင်းမှာ အဓိကအားဖြင့် ပြောင်းလဲမှုတွေ ဘာတွေတွေ့ခဲ့ရသလဲ။ အတော်လေး ပြောင်းလဲလာပြီလို့ ဆိုနိုင်မလား။
ကိုဝင်းမင်း ။ ။ အပြောင်းအလဲတွေ အများကြီးတွေ့ခဲ့ပါတယ်။ မပြောင်းလဲသေးတဲ့ အနေအထားတချို့လည်း ရှိတော့ရှိတာပေါ့။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်အနေနဲ့ ပြောင်းလဲတဲ့ အနေအထားတွေပဲ အာရုံစိုက်ပြီးတော့ ပြောပြချင်ပါတယ် ဆရာ။ ပထမ အပြောင်းအလဲကတော့ ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲလုပ်လိုစိတ် - တော်တော်များများမှာ ပြင်းပြင်းထန်ထန် ရှိတာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ကင်းကွာပြီးတော့ ဖွံ့ဖြိုးမှုအပိုင်း နောက်ကျနေရာကနေ အနည်းဆုံးတော့ ဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အဆင့်အထိရောက်ဖို့အတွက် အများကြီးကြိုးစားကြရအုံးမယ်ဆိုတာကို သိတဲ့အပြင်၊ အဲဒီအတွက် လိုအပ်တဲ့ ပြောင်းလဲမှု မူဝါဒပေါ်လစီတွေကိုလည်း စပြီးတော့ အများနဲ့ ဆွေးနွေးတိုင်ပင်၊ အကြံယူသုံးသပ်ပြီးတော့ မူဝါဒအသစ်တွေ ချလာတာကို တွေ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူတို့မှာ ပြောင်းလဲဖို့ လိုလားတဲ့ စိတ်ဆန္ဒ political will တကယ်ရှိလာပြီလို့ ဆိုနိုင်တယ်ပေါ့။
ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ အဲဒါကတော့ အများကြီး တွေ့ခဲ့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ သူတို့ ပြောင်းလဲချင်တဲ့ မူဝါဒကို စိတ်ဆန္ဒကို အကောင်အထည်ဖော်နိုင်မယ့် လက်တွေ့အခြေအနေ ရှိပါရဲ့လား။ ကျနော် အဓိက မေးချင်တာကတော့ ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒတော့ အပြင်းအထန် ရှိလာပြီဆိုတာတော့ တွေ့ခဲ့ရတယ်။ တနည်းအားဖြင့်ပြောရင် intangible factors ပေါ့။ Tangibly သိသိသာသာ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့အတွက် လွယ်ပါရဲ့လား။ တကယ်ကော အဲဒါတွေ ဖြစ်လာပြီလား။
ကိုဝင်းမင်း ။ ။ မူဝါဒ ချတဲ့အပိုင်းမှာတော့ နိုင်ငံတကာက အကြံပေးတာတွေ၊ ပြည်တွင်းမှာရှိတဲ့ ပညာရှင်တွေ၊ သုတေသီတွေက သုံးသပ်ပြတာတွေအပေါ်မှာ ယူပြီးတော့ လုပ်တာဖြစ်တဲ့အတွက် မူဝါဒအပိုင်းကတော့ တော်တော်လေး ကောင်းလာတာ၊ ပြောင်းလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်မှုအပိုင်းမှာတော့ တချို့မူဝါဒတွေကို အကောင်အထည်ဖော်နိုင်ပေမယ့် တချို့မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာတော့ လက်တွေ့အားနည်းနေတဲ့ အနေအထား တစုံတရာကိုတော့ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ဝန်ထမ်းတွေမှာ ပြည့်ဝတဲ့ အရည်အချင်းရှိမှု အနေအထားအပိုင်းကတော့ တော်တော်လေး အားနည်းနေတာကို တွေ့ရတယ်။ နောက်တခုက မြန်မာနိုင်ငံရဲ့ လက်ရှိပကတိ ဖြစ်နေတဲ့ စီးပွားရေးပြဿနာ အနေအထား အဲဒါကလည်း အတော်လေးကို အဟန့်အတား ဖြစ်နေတယ်လို့ ပြောလို့ရတယ်ဆရာ။ ဥပမာ မြေဈေးက အရမ်းကြီးနေတာတွေ။ နောက် လမ်းပန်းဆက်သွယ်ရေး အားနည်းနေတာတွေ။ လျှပ်စစ်မီး ရရှိမှု အားနည်းနေတာတွေ အဲဒါတွေအားလုံးက စီးပွားရေးအပြောင်းအလဲအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နံှမှုတွေ ဖိတ်ခေါ်တဲ့နေရာမှာ အခက်အခဲဖြစ်နေတုန်း။ အချိန်တော့ ယူရမယ်ထင်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီကိစ္စမှာ ကျနော် ဘာကိုထောက်ပြချင်သလဲဆိုတော့ သူတို့ပြောင်းလဲချင်တယ်။ အခုနကိစ္စမျိုး၊ အခက်အခဲမျိုး စီးပွားရေးမှာ ပြောင်းလဲဖို့ မြေဈေးအခက်အခဲရှိတယ်ဆိုတော့ တချို့နေရာတွေဟာ သူတို့တွေရဲ့ ဘဝဟောင်းက ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်မှာလည်း အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်တော့ သူတို့နဲ့ ပတ်သက်ရာပတ်သက်တဲ့ လူတွေနဲ့ မကင်းရာမကင်းကြောင်း လူတွေရဲ့ အကျိုးစီးပွားကိုလည်းကောင်း၊ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကိုလည်းကောင်း စတေးရမယ့် အပြောင်းအလဲ လုပ်စရာတွေ ပေါ်ကောင်းပေါ်မှာပေါ့။ အဲဒါမျိုးတွေကြတော့ သူတို့ အဲဒီလိုလုပ်နိုင်ရဲ့လား။ အဲဒီ အတားအဆီးကို ကျော်လွှာနိုင်မလား။
ကိုဝင်းမင်း ။ ။ အခုမေးတဲ့ မေးခွန်းက အတော်ကောင်းတဲ့ မေးခွန်းပါ ဆရာ။ ဘာလို့လဲဆိုတော့ အခု မြေယာဈေးကြီးမှုတွေ ကြည့်လိုက်မယ်ဆိုရင် မြေယာတွေကို ပြီးခဲ့တဲ့ အစိုးရအပြောင်းအလဲမှာ ပိုင်ဆိုင်ဖို့ လွှဲပြောင်းပေးအပ်ခဲ့တဲ့ လူတွေအတော်များများက အရင်စစ်အစိုးရဟောင်းနဲ့ နီးစပ်ခဲ့ပြီးတော့ အရမ်းချမ်းသာကြတဲ့လူတွေ ဖြစ်ကြတယ်။ အဲဒီအခါကြတော့ သူတို့အနေနဲ့ ဒီမြေယာတွေကို လက်ရှိဈေးကွက်အတိုင်း ဖြစ်လာအောင် လျှော့ပေးဖို့ အနေအထားကလည်း အခက်အခဲရှိနေတာကို တွေ့ရတယ်။ ဒါပေမဲ့ သူတို့မှာက မြေယာကို မရောင်းလဲ ငွေကြေးကရှိထားပြီးသာ ဖြစ်တဲ့အတွက် မရောင်းဘဲနေတော့ ဒီမြေတွေက သေသလို ဖြစ်နေတယ်။ အဲဒီအခါကြတော့ အဲဒီအနေအထားကိုတော့ တစုံတရာ ပြောင်းနိုင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေကို ဆွဲဆောင်ဖို့ ပိုအားကောင်းလာမယ်ဆိုတော့ အကျိုးစီးပွားထိခိုက်မှု တစုံတရာတော့ ရှိမယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ချမ်းသာပြီးသာလူတွေလည်း ချမ်းသာမယ်။ အောက်ခြေမှာ ဆင်းရဲနေတဲ့လူတွေ၊ အလယ်အလတ်လူတန်းစာတွေလည်း ပိုပြီးတော့ ချမ်းသာလာမှာ ဖြစ်တဲ့အတွက် ရေရှည်အတွက်တော့ ကောင်းမှာပါ။ ရေတိုမှာတော့ ယာယီအကျိုးစီးပွား ထိခိုက်မှုတော့ ရှိနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီအကျိုးစီးပွား ထိခိုက်မှုကို သူတို့ထိုးဖောက်ကျော်ဖြတ်ပြီးတော့ လုပ်မယ့်အခြေအနေ ရှိရဲ့လား။ ယာယီအကျိုးစီးပွားကို သူတို့ စတေးခံနိုင်ပါ့မလား။
ကိုဝင်းမင်း ။ ။ အဲဒါကတော့ စောင့်ကြည့်ရပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ဒါကတော့ စီးပွားရေးအပိုင်းပေါ့။ နောက်တခါ ဝန်ထမ်းပိုင်းကို ပြောတယ်။ အရည်အချင်း မပြည့်ဝဘူး။ skills ပိုင်းမှာ သိပ်ညံ့ဖျင်းတယ်ဆိုတော့။ အဲဒီ ဝန်ထမ်းအပိုင်းကို လေ့ကျင့်ပေးဖို့အတွက် နိုင်ငံတကာက အကူအညီတွေ။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးအဖွဲ့တွေကလည်း အများကြီးပြောနေကြတာကို တွေ့ရတယ်။ အဲဒါကော တကယ်မဖြစ်လာသေးဘူးလား။
ကိုဝင်းမင်း ။ ။ သင်တန်းတွေတော့ နိုင်ငံတကာအဖွဲ့တွေက ဝိုင်းပေးနေတာတော့ တွေ့ရပါတယ်။ တဖြည်းဖြည်းနဲ့တော့ ကျနော်ထင်တယ် နိုင်ငံတကာအဆင့် မှီနိုင်တဲ့။ အနည်းဆုံးတော့ ဒေသအတွင်း အဆင့်မှီနိုင်တဲ့ ဝန်ထမ်းတွေအဆင့်ကိုတော့ ရောက်လာနိုင်မယ်လို့တော့ မျှော်လင့်ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဝန်ထမ်းတွေ အရည်အချင်း ပြည့်ဝလာနိုင်မယ်ဆိုတာနဲ့ တပြေညီအရေးကြီးတာက လာဘ်ပေးလာဘ်ယူမှု ဝန်ထမ်းလောကမှာ။ ဒီကိစ္စကို ဝန်ထမ်းတွေက သူတို့လစာနဲ့ လုံလုံလောက်လောက် ရပ်တည်နိုင်သလား။ လာဘ်ငွေ တစိုးလက်ဆောင်ဆိုတာကို ဘဝရပ်တည်ရေးအတွက် မျှော်လင့်နေရတုန်းပဲလားဆိုတာကို ဘယ်လိုတွေ့ခဲ့ရပါသလဲ။
ကိုဝင်းမင်း ။ ။ လာဘ်ပေးလာဘ်ယူမှုကတော့ တစုံတရာတော့ ရှိနေတုန်းပဲ။ အထူးသဖြင့်တော့ ကျေးလက်နဲ့ နယ်ဒေသတွေမှာ။ မြို့ကြီးတွေမှာတော့ အရင်လို ထင်ထင်ရှားရှား မတွေ့ရတော့ဘူး။ အထူးသဖြင့် မကြာသေးခင်က ဆက်သွယ်ရေးဝန်ကြီးနဲ့ ပတ်သက်ပြီးတော့ လာဘ်စားမှုနဲ့ ပတ်သက်ပြီးတော့ အရေးယူဖို့ စလုပ်လာတယ်။ နောက်တခုကြတော့ အစိုးရဝန်ကြီးဌာနတခုနဲ့ Voice သတင်းဌာနကြားမှာ ဖြစ်ခဲ့တဲ့ လာဘ်ပေးလာဘ်ယူမှုအကြောင်း ရေးခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနဘက်က အလျှော့ပေးပြီးတော့ တရားစွဲဆိုမှုကို ရပ်ဆိုင်းပေးခဲ့တာတွေ။ အဲဒီနှစ်ခုအနောက်မှာ ကျနော်အမြင်ကတော့ တော်တော်များများက လက်ရှိကာလမှာ လာဘ်စားမှုတွေ အများကြီးလုပ်လို့ရှိရင် အရေးယူခံရနိုင်တယ်ဆိုတဲ့ အနေအထားမျိုး။ သတင်းဌာနတွေကလည်း ပွင့်လာတဲ့အခါကြတော့ အရင်လိုတော့ ပြောင်ပြောင်တင်းတင်း လာဘ်တောင်းတာ၊ လာဘ်စားတာတော့ သိပ်မတွေ့ရတော့ဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တခု သိချင်တာက တိုင်းပြည်ပြုပြင်ပြောင်းလဲရေး တိုးတက်ဖို့အတွက် ပညာရေးဟာ သိပ်အရေးကြီးတယ်ဆိုတာ ခေါင်းဆောင်တွေက အမြဲတမ်းပြောနေကြတာကို တွေ့ရပါတယ်။ ဆိုတော့ ပညာရေး ပြုပြင်ပြောင်းလဲရေး ဆိုတဲ့အသံကြားရတယ်။ ဘယ်အထိ ခရီးရောက်နေပြီလဲ။
ကိုဝင်းမင်း ။ ။ အဲဒါလည်း အချိန်ယူရမယ်ထင်တယ် ဆရာ။ အထူးသဖြင့်တော့ တက္ကသိုလ်တွေမှာ အထက်တန်း၊ မူလတန်း ပညာရေးအဆင့်တွေမှာ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုဆိုင်ရာ အရည်အချင်း မြှင့်တင်ပေးဖို့က အများကြီးလိုအပ်နေပါတယ်။ အဲဒါအပြင် သင်ရိုးညွှန်းတမ်းတွေ ပြောင်းလဲဖို့၊ သင်ပုံသင်နည်းတွေ ပြောင်းလဲဖို့။ အဲဒီတော့ တစုံတရာတော့ အချိန်ယူပြီးတော့ ဆောင်ရွက်ရမယ်လို့တော့ မျှော်လင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ သတင်းလွတ်လပ်ခွင့်။ အချက်အလက်ကိုတော့ အမှန်အတိုင်း ဖော်ပြလာနိုင်ပြီဆိုပေမယ့် ဝေဖန်တာ။ ဥပမာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ပေါ်ပေါ်ထင်ထင်ကြီး ရေးတာကို သတင်းပွင့်လင်းအောင် ဖွင့်ပေးပါပြီးဆိုတဲ့ အာဏာပိုင်တွေကလည်း အကဲဆက်နေတုန်းပဲထင်တယ်။ သူတို့ကလည်း သိပ်ပြီးတော့ defense ဖြစ်လွန်တယ်လို့ ကျနော်ထင်တယ်။ သူတို့ဟာ ချက်ချင်း ငြင်းဖို့ကာကွယ်ဖို့ပဲ ပြောတယ်။ သူတို့ဟာ ဒီဘက်နိုင်ငံတွေကလို သူတို့ဝေဖန်တာလည်း ဝေဖန်စရာရှိလို့ ဝေဖန်တယ်ဆိုတဲ့ သဘောထားမျိုးတော့ မတွေ့ရသေးဘူး။ ကိုဝင်းမင်း ဘယ်လို တွေ့ခဲ့သလဲ။
ကိုဝင်းမင်း ။ ။ အပြောင်းအလဲရဲ့ အစပိုင်းမှာတော့ တချို့ခေါင်းဆောင်တွေအနေနဲ့ ဖြစ်နေတဲ့ ပြဿနာတွေအပေါ် ဝန်ခံတာ၊ မှားယွင်းမှုတွေအပေါ် တောင်းပန်တာ အားနည်းနေသေးတယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့ခေါင်းဆောင်တွေလည်း မှားယွင်းမှုတွေကို ဝန်ခံဖို့အတွက် တိုက်တွန်းတာတွေ ရှိတာကိုလည်း တွေ့ရပါတယ်။ အဲဒီအခါကြတော့ တစုံတရာတော့လည်း အရင်အခါထက်တော့ ပြဿနာတွေအပေါ် အသိအမှတ်ပြုလာတာမျိုး။ နောက်ပိုင်းမှာ ဝန်ခံတာမျိုးလည်း ဖြစ်လာဖို့ အလားအလာ ရှိနေတယ်။ လောလောဆယ်အထိတော့ အပြောင်းအလဲကြားကာလ ဖြစ်တဲ့အတွက် အခုလို မှားတာကို မှားတယ့်အတိုင်း ဝန်ခံပြီးတော့ ပြောင်းဖို့အနေအထားမှာ တစုံတရာတော့ အားနည်းနေသေးတယ်။ ဒါပေမဲ့ အခုလို ဝန်ခံလိုက်ခြင်းအားဖြင့် အမှားကို ဝန်ခံခြင်းအားဖြင့် ရှေ့မှာ အမှန်လုပ်တာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ထောက်ခံမှု ပိုရလာမယ်ဆိုတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေမျိုး ခံယူချက်ပြောင်းလာလို့ရှိရင်တော့ ကျနော်ထင်တယ် ခေါင်းဆောင်ပိုင်းအနေနဲ့လည်း ရဲရဲတင်းတင်း ကိုယ့်အမှားတွေ ဝန်ခံလာမှာပါ။
ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာကတော့ မြန်မာပြည်မှာ ကျနော်တို့တုန်းက အဓိက တွေ့ခဲ့ရတယ်။ မကြာခဏ ညည်းတွားသံ ကြားရတယ်။ အကြောင်းအရာ အခြေခံ အချက်ကလေး တစ်ခု၊ နှစ်ခုကို မေးချင်ပါတယ်။ မြန်မာပြည်မှာ မီးပျက်တုန်းပဲဆိုတဲ့ အသံတွေ မကြာခဏ ကြားရတယ်။ အဲဒါကိုလည်း တပိုင်းရှင်းပြပါ။ ပျက်တုန်းပဲလား။ ဘာကြောင့် မဖြေရှင်းနိုင်တာလဲ။
ကိုဝင်းမင်း ။ ။ အဓိကတော့ ရေအားလျှပ်စစ်အပေါ် မှီခိုအားထားရတဲ့အတွက် မိုးရာသီနောက်ပိုင်းမှာ ရေအား အားနည်းလာတဲ့အတွက် ရေအားကထုတ်တဲ့ လျှပ်စစ်ထုတ်နိုင်တဲ့ ပမာဏ အားနည်းတဲ့အပေါ်မှာ အခုလိုမျိုး မီးပျက်နိုင်တဲ့ အလားအလာတွေ တွေ့နေရပါတယ်။ ဒါကလဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထူးသဖြင့် တကယ့်ကို အဟန့်အတားတခု ဖြစ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ မိုးကို အားကိုးနေရတဲ့ အဆင့်ပဲလား။ မိုးရွာမှ ဖြစ်မလား။
ကိုဝင်းမင်း ။ ။ လောလောဆယ် အနေအထားကတော့ သဘာဝ လျှပ်စစ်ရေအားကိုပဲ အားကိုးနေရတဲ့ အနေအထား ရှိနေပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့လည်း တခြား အရှေ့တောင်အာရှနိုင်ငံတွေ ပြောင်းသလို ပြောင်းလဲလာနိုင်တဲ့ အနေအထားမျိုး တွေ့နေရပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ဧည်စာရင်း စစ်တုန်းပဲလား။
ကိုဝင်းမင်း ။ ။ ဧည်စာရင်း စစ်တာတော့ မတွေ့ရတော့ဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒါ ကောင်းတဲ့အချက်ပေါ့။ ဧည်စာရင်းစစ်တာဟာ တကယ်တော့ နိုင်ငံရေးနဲ့ ဆက်စပ်နေခဲ့တာပေါ့။ နိုင်ငံရေးဘက်မှာ အတိုက်အခံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာတယ်။ အပစ်အခတ်ရပ်စဲရေးတွေ လုပ်လာတယ်ဆိုတယ်။ ဒါပေမဲ့ အဓိက ပြဿနာတွေမှာကြတော့ အမြဲတမ်းရင်ဆိုင်တိုးနေတာပဲ။ Confrontation ဆန္ဒပြတဲ့လူတွေ ပေါ်ထွက်လာတယ်။ လမ်းပေါ်ကို ဒီဘက်က အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နှင်းလိုက်တယ်။ အဲဒါမျိုးတွေ မကြာခဏ တော်တော်များများမှာ ကြားနေရတယ်။ အဲဒီကိစ္စတွေ ဘာကြောင့် ဖြစ်နေတာလဲ။ ဒါဟာ လုံခြုံရေးဝန်ထမ်းတွေ၊ ရဲတို့ဘာတို့ကများ စရိုက်ဟောင်း မပြောင်းနိုင်တာလား။ အပေါ်ပိုင်းက ဒီကိစ္စကို ဘယ်လောက် မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားတာ တွေ့ရပါသလဲ။
ကိုဝင်းမင်း ။ ။ ဒီနေရာမှာတော့ နှစ်ပိုင်းလို့ ပြောရမယ်။ ဖြစ်တဲ့အနေအထားက အရင်ထက်တော့ နည်းသွားတယ်လို့ ပြောလို့ရတယ်။ ဥပမာ အလုပ်သမားဆန္ဒပြပွဲတွေမှာ တစုံတရာ ညှိနှိုင်းဖြေရှင်းပြီးတော့ အဖြေရသွားတာတွေ တွေ့ရတယ်။ ဒါပေမဲ့ တချို့ဆန္ဒပြပွဲတွေမှာတော့ အဖြေကိုဖြေရှင်းဖို့ အချိန်ကာလမှာ အရင်သဘောအတိုင်း လက်နက်ကိုင်ပြီးတော့ အကြမ်းဖက်နှိမ်နှင်းရမယ်ဆိုတဲ့ စဉ်းစားချက်ရှိတဲ့ ဝန်ကြီးဌာနတချို့ ရှိနေတယ်။ တချိန်တည်းမှာပဲ ညှိနှိုင်းဖြေရှင်းရမယ်ဆိုတဲ့ ဝန်ကြီးဌာနတချို့လည်း ရှိနေတာကို တွေ့ရပါတယ်။ အဲဒီနှစ်ခု အသွင်ကူးပြောင်းရေးကာလမှာ အားပြိုင်နေတဲ့ အနေအထားအောက်မှာ တချို့ပြဿနာတွေကို ဖြေရှင်းနိုင်ပေမယ့်လဲ။ တချို့ပြဿနာတွေက အကြမ်းဖက်နှိမ်နှင်းတဲ့အဆင့်ကို ရောက်သွားတာကို တွေ့ရပါတယ်။ အရေးကြီးတာကတော့ အစိုးရထဲမှာ ညှိနှိုင်းဆောင်ရွက်ပြီး ဖြေရှင်းလိုတဲ့ ခေါင်းဆောင်ပိုင်းနဲ့ အခုနက ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ တစုံတရာ ချိတ်ဆက်မှုရှိပြီးတော့ ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းပြီးတော့ သွားနိုင်မယ်ဆိုလို့ရှိရင် ပြင်းပြင်းထန်ထန် လမ်းမပေါ်ထွက် ဆန္ဒပြတဲ့အနေအထားမျိုး ဖြစ်လာဖို့ အလားအလာနည်းသွားမှာ ဖြစ်သလို၊ နှိမ်နှင်းလို့တဲ့ဘက်ကလည်း နှိမ်နှင်းဖို့ ခက်သွားမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက အပစ်အခတ်ရပ်စဲရေးတွေ လုပ်တယ်ဆွေးနွေးတယ်ဆိုပေမယ့် တချို့ အပြင်ကနေ ကြားကြားနေရတာက ဒီပါဝင်ဆွေးနွေးနေတဲ့ ပုဂ္ဂိုလ်၊ တာဝန်ရှိ ပုဂ္ဂိုလ်တချို့က သူတို့ဟာ တာဝန်ရှိလို့သာ လုပ်နေရတယ်။ သူတို့ကိုယ်၌က သိပ်အလေးအနက် မရှိလှဘူးဆိုတဲ့ စကားတွေလည်း ပြောသံကြားရတယ်။
ကိုဝင်းမင်း ။ ။ ဒီနေရာမှာလည်း တကယ့်ကိုပဲ ညှိနှိုင်းဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးရအောင် သွားဖို့လိုအပ်တယ်လို့ ယုံကြည်ချက် ခိုင်ခိုင်မာမာချထားတဲ့ ထိပ်ပိုင်းအစိုးရဝန်ကြီးတွေ ရှိသလို၊ အရင်လို နည်းနဲ့ပဲ တိုက်ခိုက်ပြီး ဖြေရှင်းမှရမယ်၊ ဖိအားပေးမှသာ ရမယ်လို့ စဉ်းစားတဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့လည်း ရှိနေတာကို တွေ့ရပါတယ်။ အဲဒီနှစ်ခု အားပြိုင်မှုအကြားမှာ အဲဒီလို ညှိနှိုင်းမှုပိုင်းက တခါတလေ အောင်မြင်လိုက်၊ တခါတလေ တိုက်ခိုက်မှု ဖြစ်သွားလိုက်။ အဲဒီလို လွန်ဆွဲနေတဲ့ အနေအထားမျိုးကိုတော့ တွေ့နေရပါတယ်။ ဒီမှာ အရေးကြီးတာကလဲ အစိုးရထဲမှာ အပြောင်းအလဲလုပ်လိုတဲ့၊ ညှိနှိုင်းဆွေးနွေးလိုတဲ့လူတွေနဲ့ တိုင်းရင်းသား၊ အတိုက်အခံဘက်တွေမှာလည်း ညှိနှိုင်းဆွေးနွေးပြီး အပြောင်းအလဲလုပ်လိုတဲ့လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အားကောင်းမလဲဆိုတဲ့အပေါ် မူတည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ စစ်တပ်ကို ပြောပါအုံး။ စစ်တပ်ဟာ အခု ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လောက်အထိ လိုက်လိုက်လျောလျော ရှိပါသလဲ။ သူတို့ဟာ တွန့်ဆုတ်နေတဲ့ အစိတ်အပိုင်းတရပ်ဖြစ်တယ်လို့ တချို့က သုံးသပ်နေကြတယ်။ ကိုဝင်းမင်း ဘယ်လို တွေ့ခဲ့ရပါသလဲ။
ကိုဝင်းမင်း ။ ။ စစ်တပ်ခေါင်းဆောင်ပိုင်းတွေနဲ့တော့ အများအပြား မတွေ့ခဲ့ရပါဘူး။ တချို့ နည်းနည်းပဲ တွေ့ခဲ့ရတာ ရှိပါတယ်။ တချို့ကတော့ အခုလို အပြောင်းအလဲကို ထောက်ခံပြီးတော့ စစ်တပ်အနေနဲ့ သူကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးကိစ္စပဲ လုပ်ပြီးတော့၊ မကျွမ်းကျင်တဲ့ နိုင်ငံရေးကိစ္စတွေမှာ အရမ်းဝင်ပါပြီးတော့ နံမည်ပျက်မယ့်ကိစ္စမျိုး မဖြစ်စေချင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပြဿနာတွေ နိုင်ငံရေးအရ ဖြေရှင်းလို့ မရနိုင်တဲ့အခါမှာတော့ စစ်တပ်အနေနဲ့ သူတို့ဝင်ရှင်းရမယ်ဆိုတဲ့ စိတ်ဓါတ်ရှိတဲ့ ခေါင်းဆောင်မျိုးကိုလည်း တွေ့နေရတယ်။ အဲဒီအခါကြတော့ ဒီအပြောင်းအလဲမှာ စစ်တပ်က နိုင်ငံရေးပြဿနာတွေကို ဘယ်လောက်ဖြေရှင်းနိုင်မလဲအပေါ် စောင့်ကြည့်နေတဲ့ သဘောတော့ တွေ့ရတယ်။