အိန္ဒိယပို့ကုန်သွင်းကုန်ဘဏ်က မြန်မာပြည်မှာ ဒေါ်လာသန်းရှစ်ရာ ရင်းနှီးမြုပ်နံှဖို့ မကြာမီက ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးပမာဏရဲ့ သုံးဆကျော်ရှိပါတယ်။ မြန်မာပြည်မှာ တရုတ် ရင်းနှီးမြုပ်နံှထားတဲ့ တန်းဖိုးပမာဏဟာ အိန္ဒိယထက် ဆယ်ဆကျော်ပိုများပါတယ်။ အရှေ့မျှော်လမ်းစဉ် ကျင့်သုံးလာတာ အနှစ် (၂၀) ကျော်လာပေမယ့် အနည်းအကျဉ်းသာ အကောင်အထည်ဖော်နိုင်ပါတယ်။
ပြည်နယ်အစိုးရ ညံ့ဖျင်းမှု၊ အဂတိလိုက်စားမှုနဲ့ ဗဟိုအစိုးရ မှားယွင်းမှုကြောင့် အရှေ့မျှော်လမ်းစဉ်မှာ အဓိကကျတဲ့ အရှေ့မြောက်ပြည်နယ်တွေဟာ တိုးတက်ဖွံ့ဖြိုးဖို့ အလားအလာ ကင်းမဲ့နေပါတယ်။ ဆင်းရဲမွဲတေမှု၊ မတိုးတက်မှု၊ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှု၊ နိုင်ငံရေးခေါင်းဆောင်ကို အယုံအကြည် ကင်းမဲ့မှု စတာတွေဟာ အရှေ့မြောက်ဒေသရဲ့ အသွင်လက္ခဏာဖြစ်တယ်လို့ ကမ္ဘာဘဏ်က မှတ်ချက်ချပါတယ်။ သူပုန်နှိမ်နှင်းရေးကို ဦးစားပေးတဲ့ဒေသ ဖြစ်တာကြောင့် အစိုးရစစ်တပ်ဟာ အာဏာရှင်သဖွယ် ပြုမှုနိုင်တဲ့အရပ်ဒေသ ဖြစ်ပါတယ်။ အိန္ဒိယသူပုန် နှိမ်နင်းရေးမှာ ဗမာစစ်တပ်လည်း ပါဝင်လေ့ရှိပါတယ်။
မြန်မာပြည်နဲ့ ဆက်စပ်နေတဲ့ အိန္ဒိယပြည်နယ်တွေက ဒေသခံ တိုင်းရင်းသားသူပုန်တွေကို နှိမ်နင်းဖို့ အိန္ဒိယနဲ့ မြန်မာအစိုးရတို့ သဘောတူခဲ့တာ အနှစ် (၂၀) လောက် ရှိပါတယ်။ မြန်မာဘက်က လိုချင်တဲ့စစ်ပစ္စည်းကို အိန္ဒိယပေးပါတယ်။ မဏိပူ၊ အာသံ နဲ့ နာဂ သူပုန်တွေရဲ့ လှုပ်ရှားမှုအခြေအနေကိုကြည့်ပြီး မြန်မာပြည်ထဲမှာ ခိုလှုံလာရင် တိုက်ထုတ်ပေးဖို့ အိန္ဒိယဘက်က မေတ္တာရပ်ခံလေ့ရှိပါတယ်။ အိန္ဒိယနဲ့ မြန်မာ (၂) နိုင်ငံစလုံးမှာ နေထိုင်တဲ့ နာဂသူပုန်ကိစ္စမှာ ပြဿနာရှိပါတယ်။ နာဂလက်နက်ကိုင် (၃) ဖွဲ့ရှိတဲ့အထဲမှာ ခါပလန် ခေါင်းဆောင်တဲ့ နာဂအဖွဲ့နဲ့ နေပြည်တော်အစိုးရ မနှစ်က အပစ်အခတ်ရပ်စဲလိုက်တဲ့အတွက် အိန္ဒိယအတွက် စိတ်ပူစရာ ဖြစ်လာပါတယ်။ စစ်ကိုင်းတိုင်းက လေရှီး၊ လဟယ် နဲ့ နန်းယွန်းမြို့နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသအဖြစ် (၂၀၀၈) အခြေခံဥပဒေက အသိအမှတ်ပြုပါတယ်။
အိန္ဒိယတိုင်းရင်းသား လက်နက်ကိုင်ထဲမှာ နာဂသူပုန်ဟာ ဝါအရင့်ဆုံး ဖြစ်ပါတယ်။ အင်္ဂလိပ် ကိုလိုနီခေတ်ကတည်းက လွတ်လပ်ရေးတောင်းဆိုခဲ့ပြီး ၁၉၅၁ ပြည်သူ့ဆန္ဒကောက်ယူပွဲမှာ နာဂ (၉၉) ရာခိုင်နှုန်း လွတ်လပ်ရေးပေးဖို့ တောင်းဆိုကြပါတယ်။ ၁၉၆၃ မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးရတဲ့ နာဂပြည်နယ် ဖြစ်လာပေမယ့် လွတ်လပ်ရေးလိုချင်တဲ့အဖွဲ့တွေက လက်နက်ကိုင် လှုပ်ရှားကြပါတယ်။ စစ်ကိုင်းတိုင်းနဲ့ နာဂပြည်နယ်အကြား နယ်စပ်ဒေသမှာ အိန္ဒိယနဲ့ မြန်မာ စစ်တပ်ပူးတွဲပြီး ထိုးစစ်ဆင်တဲ့အတွက် နာဂသူပုန်စခန်း နေရာရွှေ့ပြောင်းပေးလိုက်ရတာမျိုး ရှိပေမယ့် သူပုန်အင်အား ကျဆင်းသွားတာ မဟုတ်ပါဘူး။ နာဂပြည်နယ်မှာ ရေနံဓါတ်ငွေ့ရှိတယ်လို့ ခန့်မှန်းပေမယ့် လက်နက်ကိုင် လှုပ်ရှားမှုကြောင့် စီမံကိန်းရပ်ဆိုင်းထားရပါတယ်။ နာဂပြည်သူ သဘောမတူဘဲ ရေနံထုတ်ခွင့်မရှိလို့ သူပုန်က ဆိုပါတယ်။
အရှေ့မြောက်ဒေသကို တိုးတက်ဖွံ့ဖြိုးအောင် မလုပ်နိုင်တဲ့အတွက် အိန္ဒိယအစိုးရရဲ့ အရှေ့မျှော်လမ်းစဉ် အကောင်အထည်ပေါ်ဖို့ အလားအလာနည်းနေပါတယ်။ ဒါပေမဲ့ မြန်မာပြည်နဲ့ ဆက်နေတဲ့ အရှေ့မြောက်ပြည်နယ်တွေ တိုးတက်မှုမရှိတာနဲ့ မြန်မာနဲ့ ဆက်ဆံရေးအားနည်းသွားမှာကို အိန္ဒိယအစိုးရက စိုးရိမ်နေပုံရပါတယ်။ ဒါကြောင့် မြန်မာပြည်က စီမံကိန်းအချို့မှာ အိန္ဒိယက တိုက်ရိုက်တာဝန်ယူထားပါတယ်။ တမူး၊ ကလေးဝ၊ ကလေးမြို့ ကားလမ်းမွမ်းမံပြင်ဆင်ရေး၊ ကုလားတန်သယ်ယူပို့ဆောင်ရေး၊ အတတ်ပညာသင်ကြားရေး စတာတွေ အကောင်အထည်ဖော်နေပါတယ်။ အိန္ဒိယစက်မှုဝန်ကြီး အာနန်ရှားမား ဇွန်လက နေပြည်တော်သွားပြီး အထည်ချုပ်လုပ်ငန်းကို အတတ်ပညာနဲ့ ငွေကြေးအကူအညီပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ပြိုင်ဆိုင်မှုများလာတဲ့အတွက် အိန္ဒိယ အခွင့်အလမ်း ကျဉ်းမြောင်းလာပါတယ်။
ဗမာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ အကြောင်းရင်းတွေထဲမှာ မြန်မာပြည်မှာ တရုတ်ကြီးစိုးတာကို တန်ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်တခုလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အနှစ် (၂၀) ကျော်ကြာလာတာတောင် တရုတ်ခြေဖျား နားမကပ်နိုင်သေးတာကိုကြည့်ပြီး တရုတ်ကိုတန်ပြန်ဖို့ မစဉ်းစားဘဲ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့သာ စဉ်းစားသင့်တယ်လို့ ဝေဖန်သုံးသပ်ကြပါတယ်။ နှောင့်နှေးကြန့်ကြာ မသေချာတာဟာ အိန္ဒိယစီမံကိန်းရဲ့ ထင်ရှားတဲ့ အသွင်လက္ခဏာ ဖြစ်ပါတယ်။ ဒါကြောင့် ဗမာအစိုးရဟာ အိန္ဒိယကို အားမကိုးဘဲ ဂျပန်နဲ့ အနောက်တိုင်း အကူအညီကိုသာ စိတ်ဝင်စားနေပုံ ရပါတယ်။
ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး၊ စစ်တွေရေနက်ဆိပ်ကမ်း၊ ထမံသီ နဲ့ ရွှေစားရေး ရေအားလျှပ်စစ်စတဲ့ အခြေခံအဆောက်အုံ စီမံကိန်းတွေ နှောင့်နှေးကြန့်ကြာနေပါတယ်။ ချင်းတွင်းမြစ်က ရေအားလျှပ်စစ်စီမံကိန်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၂၀၀၄) မှာ အိန္ဒိယသွားစဉ်က သဘောတူခဲ့ပေမယ့် နောက် (၇) နှစ်ကြာမှ (၂၀၁၁) နှောင်းပိုင်းမှာ စီမံကိန်းလေ့လာချက် အစီရင်ခံစာ ပြီးစီးသွားပါတယ်။ တရုတ်က လုပ်တာကိုင်တာ မြန်သလောက် အိန္ဒိယက နှောင့်နှေးကြန့်ကြာနေပါတယ်။ ဒါကြောင့် စီမံကိန်း အကောင်အထည်ဖော်ရေး အထူးအာဏာပိုင်အဖွဲ့ ရှိသင့်ကြောင်း အိန္ဒိယပညာရှင်တွေက အကြံပေးထားပါတယ်။