ပြုပြင်ရေးလုပ်ဖို့ ကြိုးပမ်းနေတဲ့ ဦးသိန်းစိန်အစိုးရကို ပြည်တွင်းပြည်ပမှာ အယုံအကြည်နည်းပါးစေတဲ့ အကြောင်းရင်းတွေကို လတ်တလောနဲ့ အခြေခံဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ဖြစ်ပွားတဲ့ ပြဿနာနဲ့ ပဋိပက္ခတွေဟာ အစိုးရကို အယုံအကြည်နည်းစေတဲ့ လတ်တလောအကြောင်းရင်းတွေ ဖြစ်ပါတယ်။ အနှစ် (၅၀) ကျော် စစ်ခေါင်းဆောင်တွေ အဂတိလေးပါး လိုက်စားခဲ့တာဟာ အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။ အဂတိလိုက်စားတယ်ဆိုတာဟာ လာဘ်ပေးလာဘ်ယူတင် မဟုတ်ပါဘူး။ မတရားလုပ်မှု၊ မမှန်မကန်လုပ်မှု၊ ကြောက်ပြီးလုပ်မှု၊ ဘက်လိုက်မှု စတာတွေလည်း ပါဝင်ပြီး အရိုးစွဲနေတဲ့ အကျင့်ဆိုးဖြစ်လို့ ပပျောက်အောင်လုပ်ဖို့ အလွန်ခက်ခဲတဲ့ ပြဿနာဖြစ်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ဖွဲ့စည်းလိုက်တဲ့ကော်မရှင်ဟာ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍမှာ အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးမယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်အစိုးရသက်တမ်း လပေါင်း (၂၀) အတွင်းမှာ ရဲတပ်ဖွဲ့ဝင် (၇၀၀) အပါအဝင် ဝန်ထမ်း (၁၇,၀၀၀) နီးပါးကို အဂတိလိုက်စားမှုနဲ့ အရေးယူခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်က ထုတ်ပြန်တဲ့ Transparency International အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ မြန်မာဟာ အဂတိလိုက်စားမှု အများဆုံးနိုင်ငံထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။
စစ်ဗိုလ်နဲ့ အခွင့်ထူးခံ ခရိုနီတွေ နှစ်ပေါင်းများစွာ အနိုင်ကျင့်ကြီးစိုးခဲ့တဲ့ဒဏ်ကို အခုထက်ထိ ပြည်သူတွေခံနေတုန်းပါ။ တရားဥပဒေရှိပေမယ့် စစ်ဗိုလ်တွေ ဥပဒေအထက်က နေခဲ့တဲ့အတွက် တရားစီရင်ရေးဌာနကို ပြည်သူလူထုက အယုံအကြည်မရှိပါဘူး။ ဒါကြောင့် တရားရေးဌာနမှာ အဂတိတရားလေးပါး ကင်းရှင်းဖို့ အရင်ဆုံးလိုအပ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီဝင်အချို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမှု၊ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ စာပေစီစစ်ရေးဖျက်သိမ်းမှု စတာတွေကြောင့် နိုင်ငံရေးဘက်မှာ အသင့်အတင့် ယုံကြည်မှု ရှိလာတယ်လို့ ဆိုနိုင်ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးတာကို တိုးတက်မှုလို့ ဆိုနိုင်ပေမယ့် ကိုယ်စားလှယ်နေရာ (၂၅) ရာခိုင်နှုန်း စစ်တပ်က ယူထားတာကတော့ အဂတိလိုက်စားမှု ဖြစ်ပါတယ်။
ရေပန်းစားနေတဲ့ ဆွေးနွေးပွဲတွေမှာ အဂတိလိုက်စားမှု ပပျောက်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးလည်း ပါဝင်နေတာ တွေ့ရပါတယ်။ စစ်အုပ်စုကြီးစိုးချိန်မှာ ညီမျှမှု၊ တရားမျှတမှု၊ ကတိတည်မှု၊ နိုင်ငံရေးလွတ်လပ်မှု စတာတွေ ကင်းမဲ့နေလို့ ယုံကြည်မှု မတည်ဆောက်နိုင်တာလို့ သျှမ်းသံတော်ဆင့် က ဇန်နဝါရီလ (၁၇) ရက်နေ့က ဖော်ပြပါတယ်။ အဂတိတရားတွေကြီးစိုးလို့ ယုံကြည်မှုတည်ဆောက်လို့ မရတာဖြစ်ပါတယ်။ ယုံကြည်မှုမရှိဘဲ ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်သလို တိုင်းပြည်တည်ဆောက်ဖို့လည်း ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဦးသိန်းစိန်အစိုးရ ပြုပြင်ရေးလုပ်တဲ့ ပထမ (၂) နှစ်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း နဲ့ တနင်္သာရီတိုင်းမှာ ဒေသခံတွေ အတင်းအဓမ္မ ရွှေ့ပြောင်းခံရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ လွန်ခဲ့တဲ့ မတ်လထုတ် အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
သယံဇာတ ထုတ်ယူရေး၊ ရေအားလျှပ်စစ်၊ သစ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ စက်မှုစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ မြေယာသိမ်းပိုက်ပြီး ဒေသခံတွေကို နှင်ထုတ်နေတာ ဖြစ်ပါတယ်။ အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး အပစ်အခတ်ရပ်စဲထားပေမယ့် ဒေသခံတွေရဲ့ မြေယာပိုင်ဆိုင်မှုကို ကာကွယ်နိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ ဆိုပါတယ်။ လက်နက်ကိုင်ကြီးစိုးခဲ့တဲ့ နယ်မြေဖြစ်လို့ အစိုးရတပ် (သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပုဂ္ဂလိကကုမ္မဏီ ပူးတွဲလုပ်ကိုင်တဲ့ စီမံချက်ကို ဆန့်ကျင်ဖို့မဝံ့မရဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲပြီးတဲ့နောက်ပိုင်း မြေယာသိမ်းပိုက်မှု များပြားလာပါတယ်။ ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ ပူးပေါင်းပြီး သိမ်းယူတာဟာ လက်ရှိအစိုးရကို အယုံအကြည်ကင်းမဲ့စေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
မြေယာသိမ်းယူမှုကို ကိုင်တွယ်ဖို့ လယ်ယာမြေ စုံစမ်းရေးကော်မရှင်ကို လွှတ်တော်က ဖွဲ့စည်းထားပါတယ်။ လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ဖားအံ့နဲ့ သံတောင်ကို ဒီကော်မရှင်သွားပြီး မကျေနပ်တာကို တိုင်းကြားဖို့ အားပေးစကားပြောတာဟာ ချီးမွမ်းစရာဖြစ်ပေမယ့် ပြဿနာ မဖြေရှင်းနိုင်ပါဘူး။ ဥပဒေမဲ့ မြေသိမ်းတာကို ဟန့်တားပြီး တောင်သူလယ်သမား အကျိုးခံစားနိုင်ဖို့အတွက် အောက်တိုဘာလ (၈) ရက်နေ့က ဥပဒေပြဌာန်းပါတယ်။ တောင်သူလယ်သမား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဦးဆောင်အဖွဲ့က အကောင်အထည်ဖော်မှာဖြစ်လို့ ဘယ်လောက် ထိရောက်တယ်ဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။
စစ်တပ်ကို မထိန်းချုပ်နိုင်တာဟာလည်း အရပ်သားတပိုင်း အစိုးရကို အယုံအကြည် ကင်းမဲ့စေတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ လွှတ်တော်က ပြဌာန်းတဲ့ ဥပဒေအမျိုးမျိုးကို အကောင်အထည် မဖော်နိုင်ရင် အချည်းနှီးပါ။ လတ်တလော ဖြစ်ပေါ်တဲ့ ပြဿနာနဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်တဲ့ အတိုင်းအတာကိုလိုက်ပြီး ဦးသိန်းစိန်အစိုးရ ယုံကြည်မှုရရှိနိုင်ပါတယ်။ ဒါပေမဲ့ တဖက်သတ် လုပ်ကိုင်မှု၊ အနိုင်ကျင့်မှု၊ အခွင့်ထူးခံယူမှု၊ မတရားမှု၊ ဘက်လိုက်မှု၊ အလွဲသုံးစားလုပ်မှု စတဲ့ အဂတိတရားတွေ လိုက်စားနေသမျှ အစိုးရအဖွဲ့အစည်းတွေကို တိုင်းသူပြည်သားက ယုံကြည်ဖို့ ခက်ခဲနေမှာ ဖြစ်ပါတယ်။