ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ တာစူနေတဲ့ ယနေ့မြန်မာပြည်မှာ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင်ဆိုပြီး သတင်းမီဒီယာ နှစ်မျိုးရှိပါတယ်။ နှစ်ခုစလုံးကို ပြန်ကြားရေးဝန်ကြီးဌာနက ချုပ်ကိုင်ထားပါတယ်။ ပုဂ္ဂလိက စာနယ်ဇင်းကို စာပေစီစစ်ရေးဌာနက ချုပ်ကိုင်ပြီး ကန့်သတ်ချက်အမျိုးမျိုးလုပ်ထားပါတယ်။ ဇွန်လက ‘လျှပ်တပြက်’ စာစောင်ကို ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းခဲ့ပြီး ရန်ကုန်တိုင်းအစိုးရက အယ်ဒီတာချုပ်ကို ပုဒ်မ (၅၀၅) ငြိမ်ဝပ်ပိပြားရေး ထိခိုက်စေမှုနဲ့ တရားစွဲထားပါတယ်။ ဇူလိုင်လကုန်မှာ The Voice နဲ့ Envoy သတင်းဂျာနယ်တွေရဲ့ ထုတ်ဝေခွင့်ကို ခေတ္တရပ်ဆိုင်းလိုက်ပြန်ပါတယ်။
အငြိမ်းစား ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး လေဖြတ်လို့ စင်္ကာပူမှာ ဆေးကုသမှုခံယူနေရတဲ့သတင်းကို ဇူလိုင်လ (၈) ရက်နေ့က ဖော်ပြတဲ့ Venus နဲ့ Yangon Times အပတ်စဉ်ဂျာနယ်တွေကို ခွင့်ပြုချက်မယူတဲ့အတွက် စာပေစီစစ်ရေးက ခေါ်ယူသတိပေးပါတယ်။ နောက်ဒါမျိုးလုပ်ရင် ဂျာနယ်ဖျက်သိမ်းတဲ့အထိ အရေးယူနိုင်တယ်လို့ ခြိမ်းခြောက်ကြောင်း မဇ္ဈိမသတင်းမှာ ဇူလိုင် (၁၃) ရက်နေ့က ဖော်ပြပါတယ်။ အကျင့်ဟောင်းကို မစွန့်တာလား၊ မပြောင်းလဲနိုင်တာလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။
ဗမာစစ်အာဏာပိုင်တွေဟာ Public Opinion (ခေါ်) ပြည်သူ့သဘောထားကို ချုပ်ကိုင်ဖို့ ကြိုးစားလာတာ အနှစ် (၅၀) ရှိပြီဖြစ်ပါတယ်။ မီဒီယာကို တိုက်ရိုက်ချုပ်ကိုင်တဲ့နည်း၊ တဖက်သတ်ဝါဒဖြန့်နည်း၊ လွတ်လပ်စွာ ဆွေးနွေးမှုကို ပိတ်ပင်တဲ့နည်း စတဲ့ နည်း (၃) မျိုးနဲ့ ပြည်သူ့သဘောထားကို ချုပ်ကိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အစိုးရနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေဟာ ပြည်သူ့ဆီမှာ အမြဲတမ်းကိန်းအောင်းနေပါတယ်။ ၁၉၈၈ နဲ့ ၂၀၀၇ မှာ ပြည်သူ့သဘောထားပေါက်ကွဲလာတာကို တွေ့နိုင်ပါတယ်။ ပြည်သူ့သဘောထားကို ပြည်သူ့ကိုယ်စားလှယ်ကတဆင့် တင်ပြနိုင်သလို ပုဂ္ဂလိကစာနယ်ဇင်းကလည်း ဖော်ပြနိုင်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ ပုဂ္ဂလိကစာနယ်ဇင်းဟာ အရေးကြီးတဲ့ အခန်းကပါဝင်နိုင်ကြောင်း အင်ဒိုနီးရှားသတင်းစာတွေက သက်သေပြနေပါတယ်။
ပြန်ကြားရေးဌာန လက်အောက်ခံ အစိုးရသတင်းစာတွေဟာ ဦးသိန်းစိန်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို သတင်းပေးပို့ရာမှာလည်း သတင်းထိန်ချန်တာမျိုး လုပ်တတ်ပါတယ်။ ဥပမာ ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံးနဲ့ ဦးသိန်းစိန်အစိုးရတို့ အပစ်အခတ်ရပ်စဲဖို့ ဇန်နဝါရီလ (၁၂) ရက်နေ့က သဘောတူတဲ့သတင်းကို အပြည်ပြည်ဆိုင်ရာက ကြိုဆိုထောက်ခံကြပြီး ဒီအကြောင်းကို သတင်းဆောင်းပါးအများအပြား ရေးကြပါတယ်။ အစိုးရကိုယ်စားလှယ်ခေါင်းဆောင် ဦးအောင်မင်းရဲ့ ပြောကြားချက်နဲ့ ကေအန်ယူ ရဲ့ ကြေညာချက်များကို အခြားသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဒါပေမဲ့ ဇန်နဝါရီ (၁၄) ရက်ထုတ် အစိုးရသတင်းစာတွေမှာတော့ အကြောင်းအရာကိုထိမ်ချန်ပြီး ဆွေးနွေးပွဲတက်ရောက်သူရဲ့ အမည်ကိုသာ ဦးစားပေးဖော်ပြပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာဟာ အရေးမကြီးသလို ဖြစ်နေပါတယ်။ ဒီလို သတင်းရဲ့ အနှစ်သာရကို ထိမ်ချန်တာဟာ ပြောင်းလဲမှုကို အသိအမှတ်မပြုရာ ရောက်ပါတယ်။
သတင်းအချက်အလက်ကို အတတ်နိုင်ဆုံးအပြည့်အစုံ သတင်းမီဒီယာက မဖော်ပြရင် စာဖတ်ပရိသတ်အနေနဲ့ အဲဒီသတင်းအကြောင်းကို ကောင်းကောင်းသိနိုင်မှာ မဟုတ်ပါဘူး။ သတင်းအကြောင်းအရာကို ပြည်သူမသိလေလေ ပြည်သူ့သဘောထားမရှိလေလေဆိုတာ စစ်အစိုးရကျင့်ထုံးဖြစ်ပါတယ်။ ပုဂ္ဂလိကစာနယ်ဇင်းမှာတော့ သတင်းအချက်အလက် အစုံအလင်မဖော်ပြနိုင်တဲ့ စာစောင်ကို ပြည်သူ့လူထုက စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သတင်းပေးပို့တာကို စာဖတ်ပရိသတ် စိတ်ဝင်စားလေလေ အဲဒီ သတင်းစာလည်း သိက္ခာတက်လေလေ ဖြစ်ပါတယ်။ ဗြိတိသျှပါလီမန် အောက်လွှတ်တော်အမတ်တွေ ရပိုင်ခွင့်စရိတ် အလွှဲသုံးစားလုပ်တာကို ၂၀၀၉ မှာ Daily Telegraph သတင်းစာက ဖော်ထုတ်တဲ့အတွက် ပါလီမန်ပြုပြင်ရေးလုပ်ရတဲ့အဖြစ်ကို ရောက်သွားပါတယ်။ ပြည်သူ့ဘဏ္ဍာရေး အလွဲသုံးစားလုပ်တာကို တာဝန်သိတဲ့ ပုဂ္ဂလိကစာနယ်ဇင်းက ကာကွယ်နိုင်ကြောင်းပြသတာ ဖြစ်ပါတယ်။
မြန်မာပြည်မှာတော့ ပြည်သူ့ဘဏ္ဍာရေးအလွဲသုံးစားလုပ်မှုကို ဖော်ပြတဲ့ The Voice သတင်းဂျာနယ်ဟာ သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲတာကို ခံနေရပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ အမှတ် (၁) နဲ့ အမှတ် (၂) စက်မှုဝန်ကြီးဌာနစတဲ့ ဝန်ကြီးဌာနတွေဟာ ကျပ်သိန်းပေါင်းထောင်ချီပြီး (၂၀၀၉-၂၀၁၀) ဘဏ္ဍာရေးနှစ်မှာ အလွဲသုံးစားလုပ်ထားတာကို စာရင်းစစ်ချုပ်က လွှတ်တော်ကိုပေးပို့တဲ့ (၃၆) မျက်နှာအစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီအကြောင်းကို မတ်လ (၁၂) ရက်နေ့ထုတ် The Voice စာစောင်က သတင်းအဖြစ် ဖော်ပြခဲ့ပါတယ်။
ဦးသိန်းစိန်က ဂျာနယ်တွေကို တရားစွဲမှုနဲ့ ထုတ်ဝေခွင့်ရပ်ဆိုင်းမှု ပြဿနာတွေ မကြာမီပြေလည်သွားမယ်လို့ သြဂုတ်လ (၄) ရက်နေ့က ပြောပြပြီးတဲ့နောက်မှာ လာမယ့် (၁၈) ရက်နေ့ကစပြီး ဂျာနယ် နှစ်ခုစလုံး ထုတ်ဝေခွင့် ပြန်လည်ရရှိသွားကြပါတယ်။ ပြည်သူ့အကျိုးစီးပွားကို ပြည်သူ့စာနယ်ဇင်းကသာ ကာကွယ်နိုင်ပါတယ်။ အရာထမ်းတွေ မတရားလုပ်တာကို သတင်းသမားက ဖော်ထုတ်နိုင်ပါတယ်။ စာနယ်ဇင်းနဲ့ တရားရေးဌာနလွတ်လပ်မှုမရှိရင် ဒီမိုကရေစီလည်း မရှိနိုင်ဘူးဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။