ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်ပြည်ကွေ့ဂန်မြို့အထိ ကီလိုမီတာ (၂၅၀၀) ရှည်လျားတဲ့ ဓါတ်ငွေ့ပိုက်လိုင်းကြီး အောက်တိုဘာ (၂၀) ရက်နေ့ကစပြီး ရာနှုန်းပြည့်အသုံးပြုနိုင်တာကို တရုတ်စာနယ်ဇင်းတွေက ကြိုဆိုကြပါတယ်။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဉ်နဲ့ တိုက်ဆိုင်သွားတာကြောင့် တရုတ်-မြန်မာ ချစ်ကြည်ရေး ပိုက်လိုင်းအဖြစ်နဲ့လည်း ဖော်ပြကြပါတယ်။ ပိုက်လိုင်းကီလိုမီတာ (၈၀၀) က မြန်မာပြည်ထဲမှာရှိပြီး တရုတ်ပြည်ထဲမှာ ကီလိုမီတာ (၁၇၀၀) ရှိတာကိုကြည့်ရင် အနောက်တောင်ပိုင်း တရုတ်ပြည်နယ်တွေ အကျိုးခံစားရဖို့ ရည်ရွယ်တာ ထင်ရှားနေပါတယ်။
ရွှေဓါတ်ငွေ့ကြောင့် ကျောက်မီးသွေးအသုံးပြုမှု နည်းပါးလာမှာမို့ လေထုညစ်ညမ်းမှုသက်သာပြီး လောင်စာစရိတ် သက်သာမယ်လို့ တရုတ်ကွန်မြူနစ်ပါတီပိုင် Global Times မှာ အောက်တိုဘာ (၂၁) ရက်နေ့က ဖော်ပြပါတယ်။ ဓါတ်ငွေ့ရောင်းတဲ့အတွက် မြန်မာအစိုးရပိုင် ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းဟာ နှစ်စဉ်ဒေါ်လာ သန်းတစ်ထောင်ကျော် ရရှိမယ်လို့ ခန့်မှန်းပါတယ်။ ပိုက်လိုင်းနဲ့ ပတ်သက်ပြီး မကျေနပ်တာတွေကို ဆန္ဒပြကန့်ကွက်လို့ ထောင်ကျသွားသူလည်းရှိပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှာ ရခိုင်ပြည်သူတွေ ဆုံးရှုံးနစ်နာပြီး တရုတ်နဲ့ ဗမာအစိုးရ အမြတ်ရတယ်လို့ ဒေသခံအဖွဲ့တွေက မြင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေါင်းဆောင်တဲ့ စစ်အစိုးရလက်ထက်မှာ ရခိုင့်ဓါတ်ငွေ့ကို ရခိုင်အတွက်အသုံးပြုဖို့ မရည်ရွယ်တာ ထင်ရှားပါတယ်။ ရခိုင်ပြည်နယ်မှာ (၉၀) ရာခိုင်နှုန်းကျော်ဟာ လျှပ်စစ်ဓါတ်အား မသုံးစွဲနိုင်ပေမယ့် ရခိုင်ကမ်းလွန်က ရွှေဓါတ်ငွေ့ကို ရခိုင်ပြည်နယ်အတွက်သုံးဖို့ မရည်ရွယ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးက အမျိုးသားလွှတ်တော်မှာ (၂၀၁၁) စက်တင်ဘာလ (၁၉) ရက်နေ့က ပြောသွားပါတယ်။ ဒါကိုကြည့်ရင် ဦးသိန်းစိန်အစိုးရတက်ခါစမှာ စစ်အစိုးရရဲ့ ကိုယ်ကျိုးရှာ တဖက်သတ်လမ်းစဉ် ဆက်လက်ရှင်သန်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ရွှေဓါတ်ငွေ့လှုပ်ရှားမှု ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ တရုတ်-မြန်မာ ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့ စတာတွေရဲ့ တင်ပြမှု၊ ဒေသခံတွေရဲ့ ဆန္ဒပြမှုနဲ့ အစိုးရရဲ့ ပြုပြင်ရေးလမ်းစဉ်ကြောင့် သဘောထားပြောင်းလဲသွားပုံရပါတယ်။
မြန်မာ-တရုတ် ရေနံဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ပြည်တွင်း အလုပ်အကိုင်ရရှိရေးနဲ့ ဒေသတွင်း စွမ်းအင်ဖူလုံရေးအတွက်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးက အမျိုးသားလွှတ်တော်မှာ ၂၀၁၂ နိုဝင်ဘာ (၉) ရက်နေ့က ရှင်းပြပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင်လ (၂၉) ရက်နေ့က ရန်ကုန်မှာကျင်းပတဲ့ ပိုက်လိုင်းဖွင့်ပွဲမှာတော့ ဒေသခံတွေအတွက် သတ်မှတ်ထားတဲ့ ခွဲတမ်းကိုပါ ထည့်သွင်းပြောကြားသွားပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းရာခိုင်နှုန်းပြည့်သုံးရင် တနေ့ကုဗပေသန်း (၅၀၀) ဓါတ်ငွေ့လွှတ်ပြီး တရုတ်က ကုဗပေသန်း (၄၀၀)၊ မြန်မာကသန်း (၁၀၀) ရမယ်လို့ ဆိုပါတယ်။ မြန်မာဝေစု ကုဗပေသန်း (၁၀၀) ထဲက ကျောက်ဖြူမှာ ကုဗပေသန်း (၂၀)၊ ရေနံချောင်းမှာ ကုဗပေ (၂၃) သန်း၊ တောင်သာမှာ ကုဗပေ (၅၇) သန်း ဖြန့်ဝေသုံးစွဲဖို့ စီမံကိန်းချထားတယ်လို့ အစိုးရက ကြေညာပါတယ်။
ရေနံဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သွားတဲ့ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း နဲ့ ရှမ်းပြည်နယ်တွေမှာ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေးအတွက် နှစ်စဉ်ဒေါ်လာ (၆) သန်း တရုတ်ကုမ္မဏိက လှူဒါန်းတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက လွန်ခဲ့တဲ့နှစ် မတ်လမှာ ကြေညာပါတယ်။ စွမ်းအင်ဝန်ကြီးဌာန လက်အောက်ခံ မြန်မာရေနံဓါတ်ငွေ့လုပ်ငန်းဟာ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ကိုင်နေပေမယ့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုမရှိတဲ့ ဌာနအဖြစ် လူသိများပါတယ်။ စစ်ခေါင်းဆောင်ပိုင်းရဲ့ ဆွေမျိုးသားချင်းတွေ ဥပမာ ဦးအောင်သောင်းရဲ့သား နှစ်ဦးဟာ ဓါတ်ငွေ့နဲ့ ပတ်သက်တဲ့ လုပ်ငန်းကန်ထရိုက်တွေရကြပါတယ်။ ဓါတ်ငွေ့ဒေါ်လာ ဘယ်လောက်ရှိမှန်း မသိရသေးပါဘူး။ အစိုးရမှာ ဒေါ်လာသန်း (၇၀၀၀) ကျော်ရှိကြောင်းကိုသာ လွန်ခဲ့တဲ့လက ဗဟိုဘဏ် ဥက္ကဋ္ဌ က ကြေညာပါတယ်။
ဓါတ်ငွေ့ဒေါ်လာတွေကို ဗမာအစိုးရ စိတ်ကြိုက်အသုံးပြုတဲ့ အစဉ်အလာရှိပါတယ်။ ဓါတ်ငွေ့ဒေါ်လာနဲ့ စစ်လက်နက်ဝယ်ယူမှု ဆက်စပ်နေပုံကို ရွှေဓါတ်ငွေ့လှုပ်ရှားမှုအဖွဲ့ရဲ့ အစီရင်ခံစာတွေမှာ တွေ့နိုင်ပါတယ်။ လောလောဆယ်တော့ ရွှေဓါတ်ငွေ့ပိုက်လိုင်းစတင်တဲ့ ကျောက်ဖြူမြို့နဲ့ ကျေးရွာ (၁၀) ရွာလောက်ကိုသာ လျှပ်စစ်ဓါတ်အားပေးထားကြောင်း သိရပါတယ်။ မြန်မာ-တရုတ် ပိုက်လိုင်းတည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုစီးပွားရေး ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ တရုတ်ကုမ္မဏီနဲ့ မြန်မာ့ရေနံဓါတ်ငွေ့လုပ်ငန်း ကျိတ်ဝိုင်းလုပ်ပြီး စတင်ခဲ့တာမို့ ရွှေဓါတ်ငွေ့ပိုက်လိုင်းရဲ့ ကောင်းကျိုးဆိုးကျိုးကို ဒေသခံတွေ မသိကြဘူးလို့ ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုဘဝ အကျိုးသက်ရောက်မှုတွေကို စစ်တမ်းကောက်ယူပြီး လွှတ်တော်ကို တင်ပြမယ်လို့ ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ တရုတ်ကို ဓါတ်ငွေ့ရောင်းလို့ရတဲ့ငွေနဲ့ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခအဖြစ် ရတဲ့ငွေကိုပေါင်းလိုက်ရင် ဗမာအစိုးရဟာ နှစ်စဉ်ဒေါ်လာသန်း (၁၀၀၀) လောက် ရလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ဓါတ်ငွေ့ဒေါ်လာမှန်သမျှ ဗဟိုအစိုးရလက်ထဲ ရောက်သွားတာကြောင့် ဒေသခံပြည်သူတွေ ဘယ်ပုံဘယ်နည်းနဲ့ အကျိုးခံစားခွင့် ရှိမယ်ဆိုတာကို ခန့်မှန်းဖို့ ခက်ခဲနေပါတယ်။