အနှစ် (၂၀) ကျော် မြန်မာပြည်ကို ကြီးစိုးပြီး ချမ်းသာကြွယ်ဝလာတဲ့ စစ်အုပ်စုကို ကမ္ဘာက လက်ခံနိုင်အောင် ဒီမိုကရေစီ ပြုပြင်ရေး လုပ်တာဆိုတဲ့ အမြင်ကို လေ့လာသူ အတော်များများ လက်ခံကြပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ရေးကို စစ်အုပ်စုရဲ့ နိုင်ငံရေးမျက်လှည့်အဖြစ် ရှုမြင်ကြပါတယ်။ နိုင်ငံရေးအကျဉ်းသား အများအပြားလွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလုပ်ခွင့်ပြုတာရယ်၊ စာပေစီစစ်ရေး ရုတ်သိမ်းလိုက်တာရယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးတာရယ်၊ နိုင်ငံခြားမှာ ခိုလှုံနေတဲ့ မြန်မာပြည်သားတွေကို ပြန်လာခွင့်ပြုတာရယ် စတာတွေကိုကြည့်ပြီး ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုကြပါတယ်။
ဦးသိန်းစိန်ကို ဆုချီးမြှင့်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ ပေးတာရှိသလို နိုဘလ်ငြိမ်းချမ်းရေးဆုပေးဖို့ အမည်တင်သွင်းသူ ရှိပါတယ်။ တေးသံရှင် ကိုမွန်းအောင်နဲ့အဖွဲ့ကတော့ ဦးသိန်းစိန်ဟာ နိုဘလ်ဆုနဲ့ မထိုက်တန်ဘူးဆိုပြီး နော်ဝေမှာ ကန့်ကွက်နေပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ကချင်စစ်ပွဲပြန်ဖြစ်တာမို့ ပြည်တွင်းတမျိုး ပြည်ပတမျိုး လုပ်တာဆိုပြီး မယုံသင်္ကာ ဖြစ်သူများလာပါတယ်။ အခု အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းအများစုဟာ စစ်အစိုးရလက်ထက်က သဘောတူခဲ့တဲ့ စီမံချက်တွေဖြစ်လို့ စစ်အုပ်စုရဲ့ အကျိုးစီးပွားကို အရပ်သားအစိုးရပုံစံနဲ့ ဆက်လက်မြှင့်တင်နေတာလို့ ရှု့မြင်ကြပါတယ်။
ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရေးဆွဲခဲ့တဲ့ နိုင်ငံရေးလမ်းညွှန်အတိုင်း လုပ်နေတာလို့ ယူဆသူတွေထဲမှာ ထိုင်းအခြေစိုက် မြန်မာ့ရေးရာ ဝါရင့်အကဲခတ် Bertlin Lintner ဟာ ရှေ့တန်းက ပါဝင်ပါတယ်။ မိမိသမ္မတဖြစ်လာအောင် အကွက်ဆင်ပေးတဲ့ ဦးသန်းရွှေရဲ့အမိန့်ကို ဦးသိန်းစိန် နာခံနေတုန်းပဲလို့ ဆိုပါတယ်။ လွတ်လပ်စွာ ဦးဆောင်လုပ်ကိုင်တဲ့နေရာမှာ ဦးသိန်းစိန်ဟာ အလွန်အားနည်းတယ်လို့ ဇူလိုင်လ (၉) ရက်နေ့ ဆောင်းပါးမှာ Bertlin Lintner က သုံးသပ်ပါတယ်။ ဒီအတိုင်းဆိုရင် မိမိကိုယ်တိုင် အကွက်ဆင်ပြီးပထုတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲရောက်လာအောင် လုပ်တာကို ဦးသန်းရွှေက ခွင့်ပြုတဲ့သဘော ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် အခြေခံဥပဒေမှာ ဟန့်တားထားတာဟာလည်း ဦးသန်းရွှေရဲ့ လက်ချက်လို့ ယူဆကြပါတယ်။
ဒါကြောင့် အငြိမ်းစားဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ သြဇာအာဏာအရှိန်အဝါ ဘယ်လောက်ကျန်ရှိနေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးလွတ်လပ်မှု ဘယ်လောက်ရှိတယ်ဆိုတာနဲ့ တိုင်းတာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအကြား ကွာဟမှုကြီးမားလာပြီး ဒေါ်အောင်ဆန်းစုကြည် ဦးရွှေမန်းဘက်က ရပ်တည်တာကို စိုးရိမ်စရာအဖြစ်၊ Berkeley တက္ကသိုလ် အာရှရေးရာ သုတေသီ ကိုမင်းဇင် က Foreign Policy စာစောင်မှာ ဇူလိုင် (၁၀) ရက်နေ့က ရေးပါတယ်။ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ (၁၈) ရက်နေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်တာကိုကြည့်ရင် ရင်းနှီးမှု အတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူလို သဘောထား မှားတယ်လို့ ဦးရွှေမန်း ပြောတာဟာ ဦးသန်းရွှေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အာရုံမစိုက်ဘဲ ဗိုလ်ချုပ်ဟောင်းတွေရဲ့ အာဏာပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေတာကို ပညာတတ်အသိုင်းအဝိုင်းနဲ့ စီးပွားရေးလောကမှာ အံ့သြနေကြတယ်လို့ ကိုမင်းဇင် က ဆိုပါတယ်။ ဦးသန်းရွှေ ခန့်အပ်ထားတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ ရပ်တည်ချက်ကို မသိနိုင်သေးပေမယ့် စစ်အာဏာသိမ်းနိုင်မယ့် အလားအလာကို ကိုမင်းဇင် က တွေးပူနေပုံရပါတယ်။ ဥပဒေပြုလွှတ်တော်မှာ အစိုးရလုပ်ရပ်ကို ဝေဖန်တာဟာ ဝါရင့်ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်ရိုးလုပ်စဉ်ပါ။ ဒါပေမဲ့ သမ္မတဖြစ်ချင်တဲ့ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌက ကြံ့ဖွံ့အစိုးရရဲ့ လုပ်ဆောင်ချက်ကိုဝေဖန်ပြီး သမ္မတဖြစ်ချင်တဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ်လုပ်တာဟာ အထူးအဆန်းလို ဖြစ်နေပါတယ်။ တနည်းဆိုရင်တော့ ကြံ့ဖွံ့နဲ့ NLD ပါတီပူးပေါင်းတော့မယ့် အလားအလာလို ဖြစ်နေပါတယ်။
ဦးသိန်းစိန်အစိုးရရဲ့ အသွင်ကူးပြောင်းရေးကို အယုံအကြည်မရှိသူထဲမှာ ADB အာရှဖွံ့ဖြိုးရေးဘဏ်က အမျိုးသမီးဥပဒေပညာရှင် ကာလမကွီးနီး Kala Mulqueeny လည်း ပါဝင်ပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ အရှေ့အာရှ ကမ္ဘာ့စိးပွားရေးညီလာခံမှာ ဦးဆောင်ဆွေးနွေးခဲ့တဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။ စစ်အုပ်စုကြီးစိုးတာကို ပြည်တွင်းပြည်ပမှာ အသိအမှတ်ပြုဖို့ ရည်ရွယ်တဲ့ ပြုပြင်ရေးဖြစ်တာမို့ အကန့်အသတ်ရှိနေတာလို့ သူကဆိုပါတယ်။ ဦးသိန်းစိန်ဟာ အခြေခံဥပဒေကို ပြင်ဆင်လိုသူ မဟုတ်ဘူးလို့လည်း မကွီးနီက မြင်ပါတယ်။ ဦးသိန်းစိန်ဟာ ပြုပြင်ရေးသမားဖြစ်နိုင်ပေမယ့် စစ်အုပ်စု (သို့မဟုတ်) ဦးသန်းရွှေအုပ်စု ခွင့်ပြုသလောက်သာ ပြုပြင်ရေးလုပ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းနဲ့ လက်တွဲဖို့ ဆုံးဖြတ်တာဖြစ်ပုံရပါတယ်။
စစ်အစိုးရလုပ်ခဲ့တဲ့ စီးပွားရေးပြဿနာတွေကို ဖြေရှင်းဖို့ ဦးသိန်းစိန်အစိုးရကို တာဝန်ပေးတာသာဖြစ်လို့ စစ်အုပ်စု ဆက်လက်ကြီးစိုးနေမှာ ဖြစ်ပါတယ်။ စစ်အုပ်စုကြီးစိုးရေးအတွက် ရေးဆွဲထားတဲ့ ပြင်ဆင်ရခက်ခဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ဆုံး ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီ ပြုပြင်ရေးကို စနိုင်ပါလိမ့်မယ်။ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရင်တော့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ နိုင်ငံရေးမျက်လှည့်ကိုသာ ဆက်လက်မြင်တွေ့ရဖွယ်ရှိတယ်လို့ ပြောရပါလိမ့်မယ်။