ပေါ်လစီမရှိဘဲ ထင်သလိုလုပ်တဲ့ စစ်အစိုးရကိုဆက်ခံတဲ့ ဦးသိန်းစိန်အစိုးရမှာ သင့်တော်တဲ့လမ်းစဉ်ရှိဖို့ လိုပါတယ်။ ဆီလျှော်တဲ့လမ်းစဉ်ချမှတ်ပြီး ပြုပြင်ရေးလုပ်နိုင်ဖို့အတွက် OECD လို့ အမည်ပေးထားတဲ့ ပဲရစ်အခြေစိုက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးအဖွဲ့က ဘက်စုံအကဲဖြတ်ထားတဲ့ စာမျက်နာ (၂၀၀) အစီရင်ခံစာကို မကြာမီက ထုတ်ဝေလိုက်ပါတယ်။ Multi-dimensional Review of Myanmar ဆိုတဲ့ အကဲဖြတ်ချက်ဖြစ်ပြီး နေပြည်တော်နဲ့ ရန်ကုန်က မေလနှီးနှောဖလှယ်ပွဲတွေကိုလည်း ကိုးကားထားပါတယ်။
တိုင်းပြည်စီးပွားရေးတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပတ်ဝန်းကျင် မပျက်စီးဘဲ ရေရှည်တိုးတက်ဖွံ့ဖြိုးရေးနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်သန်ရေး စတဲ့ ဦးတည်ချက်တွေ အောင်မြင်တဲ့ အတိုင်းအတာကိုလိုက်ပြီး မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုါ်လာနိုင်တယ်လို့ ဆိုပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ်များလာဖို့အတွက် အစိုးရအသုံးစရိတ်နဲ့ အခွန်တော်ပေါ်လစီကို ပြုပြင်ဖို့လိုပါတယ်တဲ့။ အစိုးရအသုံးစရိတ် လိုငွေပြမှု၊ နိုင်ငံခြား အရင်းအနှီးအားကိုးမှု၊
အခွန်တော်အရနည်းမှု၊ သယံဇာတရောင်းရငွေကို အားကိုးမှု၊ လူထုဆင်းရဲမှု စတာတွေဟာ စိုးရိမ်စရာကောင်းတဲ့ အားနည်းချက်ဖြစ်ပါတယ်။ တရားဥပဒေကြီးစိုးရေးသာမကဘဲ မတရားမှုကို ဖော်ထုတ်ဖို့နဲ့ ခေတ်မမီတဲ့ ဥပဒေတွေကို အစားထိုးဖို့ လိုပါတယ်။
မြန်မာ့စီးပွားရေးမှာ သဘာဝသယံဇာတဟာ အဓိကအခန်းကပါဝင်တာမို့ အနာဂတ်မှာလည်း ဆက်လက်အရေးပါနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သယံဇာတထုတ်ယူမှုနဲ့ လူဦးရေတိုးပွားမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာတာ တွေ့နေရပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကကျတဲ့ သစ်တော၊ မြေယာ နဲ့ တခြားသယံဇာတတွေ ပြုန်းတီးနေတာကို ရပ်ဆိုင်းဖို့နဲ့ ဖြစ်နိုင်ရင် ပြန်လည်ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ တိုးတက်ဖွံ့ဖြိုးရေးလမ်းစဉ်တိုင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ထည့်သွင်းထားသင့်ပါတယ်။ အစိုးရစီမံကိန်းတွေမှာ ပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်တာမရှိတဲ့အတွက် စီမံကိန်းတွေများလေလေ ပတ်ဝန်းကျင်ပျက်စီးဖို့ များလေလေ ဖြစ်နေပါတယ်။ စီမံကိန်းအကောင်အထည် မဖော်မီ ပတ်ဝန်းကျင်ထိခိုက်မှု အကဲဖြတ်ရေးကို မလွဲမသွေလုပ်ဖို့ ပြဌာန်းတဲ့ ဥပဒေမရှိသေးဘူးလို့ ဆိုပါတယ်။
လိုအပ်တဲ့အခြေခံတွေရှိမယ်ဆိုရင် တိုးတက်ဖွံ့ဖြိုးရေးမှာ ကုန်ထုတ်လုပ်ငန်းကဏ္ဍဟာ အဓိကအခန်းက ပါဝင်လာနိုင်ပါတယ်။ အတတ်ပညာရဖို့အတွက် နိုင်ငံခြားရင်းနှီးမြှပ်နံှမှုရှိဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ စီးပွားရေးအသွင်ပြောင်းရာမှာ ဒေသခံပုဂ္ဂလိကလုပ်ငန်း ပါဝင်ဖို့လည်း အရေးကြီးပါတယ်။ ကုန်ထုတ်လုပ်ငန်း၊ လယ်ယာစီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်လုပ်ငန်းစတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ ရှင်သန်လာရေးကို အစိုးရ အာရုံစိုက်နေပါတယ်။ ပုဂ္ဂလိကလုပ်ငန်း ရှင်သန်ကြီးထွားရေးအတွက် ဥပဒေလုပ်ထုံးလုပ်နည်းတွေရှိဖို့ အရေးတကြီး လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းကို ကြီးကြပ်တဲ့ ဝန်ကြီးဌာနတွေရှိပေမယ့် ညှိနှိုင်းဆောင်ရွက်တဲ့ဘက်မှာ အားနည်းနေပါတယ်။ မြန်မာ့လူဦးရေ (၁၀၀၀) မှာ အသေးစားစီးပွားရေးလုပ်ငန်း (၃) ခုသာရှိပြီး ထိုင်းမှာ လူဦးရေ (၁၀၀၀) မှာ အသေးစားလုပ်ငန်း (၄၀) ကျော် ရှိပါတယ်။
နိုင်ငံသူနိုင်ငံသားတွ အရည်အချင်းရှိမှ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးနိုင်ပါတယ်။ မြန်မာပြည်မှာ လူကြီးပိုင်းဟာ အရေးအဖတ်၊ အတွက် ဆိုတဲ့ 'အ' သုံးလုံးကျေကြတာ များပါတယ်။ ဒါပေမဲ့ မူလတန်းပညာ ပြီးဆုံးအောင်မသင်နိုင်သူနဲ့ အလယ်တန်းကျောင်းသားဦးရေး နည်းပါးနေတာဟာ ပြဿနာဖြစ်ပါတယ်။ ပညာရေးအဆင့်အတန်း နိမ့်ကျနေတာကို မြှင့်တင်ဖို့ ကြိုးပမ်းတာရှိပေမယ့် ကျောင်းသားနဲ့ ဆရာ၊ ဆရာမ အရည်အသွေးကို တိုင်းတာနိုင်ဖို့ လိုအပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ အရည်အချင်းရှိသူဦးရေ နည်းပါးနေတာဟာ စိုးရိမ်စရာ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် မြန်မာဟာ ပညာရေးအသုံးစရိတ် အနည်းဆုံးဖြစ်ပါတယ်။ တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ အရည်အချင်းရှိတဲ့ အလုပ်သမားတွေ ထွက်ပေါ်အောင် ပညာရေးမျာ ရင်းနှီးမြှပ်နံှဖို့ လိုအပ်နေပါတယ်။
စီးပွားရေး အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နဲ့ တယ်လီကွမ်း ဆက်သွယ်ရေးမှာ တိုးချဲ့စရာ မြှင့်တင်စရာတွေ ရှိပါတယ်။ ကားလမ်း (၂၀) ရာခိုင်နှုန်းကိုသာ အချောခင်းနိုင်ပြီး မြို့နယ်အားလုံးကို ကားလမ်းပေါက်သေးတာ မဟုတ်ပါဘူး။ ရေအားလျှပ်စစ် မယ်ဂါဝပ် တသိန်းကျော် ရနိုင်ဖွယ်ရှိတယ်လိုပ ခန့်မှန်းထားပေမယ့် မယ်ဂါဝပ် (၃၅၀၀) သာ လက်တွေ့သုံးနိုင်ပါတယ်။ ဒါပေမဲ့ အခြေခံအဆောက်အအုံတွေ တိုးချဲ့ရုံနဲ့ ကိစ္စပြီးတာ မဟုတ်ပါဘူး။ အခြေခံအဆောက်အအုံကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်နဲ့ ငွေကြေးအလုံအလောက်ရှိဖို့ကလည်း အရေးကြီးပါတယ်။
တိုးတက်ဖွံ့ဖြိုးရေးဖြစ်စဉ်မှာ တိုင်းသူပြည်သားအားလုံးပါဝင်နိုင်ဖို့နဲ့ မျှမျှတတဖြစ်ဖို့ အရေးကြီးပါတယ်။ တိုင်းရင်းသားယဉ်ကျေးမှုကို ထိန်းသိမ်းရင်း တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့ လိုပါတယ်။ ဒီနေရာမှာ လက်တွေ့ကျင့်သုံးနိုင်မယ့် ဖယ်ဒရယ်ပုံစံ ဖော်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးရယူပြီး တပြည်လုံးကို ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်သလို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိုလည်း ရိုသေလေးစားမယ်ဆိုရင် အုပ်ချုပ်ရေးစနစ် အားကောင်းလာပါလိမ့်မယ်။ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမှာ တိုင်းရင်းသားတွေက အဓိကကျကြောင်း သုံးသပ်ထားပါတယ်။