ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ လက်ပံတောင်းတောင် အရေးအခင်းလို ပြဿနာမျိုးဟာ မြန်မာနိုင်ငံမှာသာ ဖြစ်နိုင်ပါသလား။ တရုတ်ကုမ္ပဏီနှင့် မလုပ်ဘဲ အမေရိကန်ကုမ္ပဏီနှင့် လုပ်ခဲ့ရင်ရော ဒီပြဿနာမျိုးကို ရှောင်လွှဲနိုင်ပါ့မလား။ အမေရိကန်ပြည်ထောင်စု George Mason တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ လူမှု့ဗေဒပညာရှင် Prof. John Dale နှင့် ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ။ ။ Professor John Dale အခုမြန်မာနိုင်ငံမှာ အရပ်သားတစ်ပိုင်း အစိုးရဆိုကြပါစို့။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတယ်။ အဲဒီလို လုပ်လာတဲ့အခါမှာ စိန်ခေါ်မှုတွေ အများအပြားတွေ့ရတယ်။ အဲဒီအထဲမှာ အခုနောက်ဆုံး ကျနော်တို့ တွေ့ခဲ့ရတာကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း။ လူထုက ကန့်ကွက်ဆန္ဒပြတယ်။ မလိုလားဘူး။ နှိမ်နင်းတယ်။ နှိမ်နင်းတဲ့ နေရာမှာ နည်းနည်းလက်လွန်ခြေလွန် ဖြစ်လို့ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်လာတယ်။ ဆိုတော့ ဒါမျိုးတွေဟာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာတာ ဖြစ်တက်တဲ့ သဘောလား။ သို့မဟုတ် အာဏာရှင်စနစ် တစ်မျိုးမျိုးကနေ ဒီမိုကရေစီအဖြစ် ပွင့်လင်းလာတဲ့ နိုင်ငံတိုင်းမှာလိုလို စီးပွားရေးအားဖြင့် ပွင့်လင်းတိုးတက်မှုတွေကို လုပ်လာတဲ့အခါမှာ ဒီလိုဖြစ်ရပ်မျိုးတွေ တွေ့ကြုံရပါသလား ဆိုတာကို နည်းနည်း ရှင်းပြပါခင်ဗျာ။
Prof. John Dale ။ ။ ဒီကိစ္စက စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စပါ။ ဒီပြဿနာမျိုးဟာ အမေရိကန်ပြည်ထောင်စုမှာလည်း အခြေအနေတချို့မှာ ကြုံဖူးပါတယ်။ ဒီမှာ နိုင်ငံအနှံအစိုးရနှင့် ကုမ္ပဏီကြီးတွေက မီးရထားလမ်းတွေဖောက်တော့ ပုဂ္ဂလိကအိမ်တွေ မြေတွေကို အများကြီး ဖျက်သွားရတာမျိုးတွေ ရှိပါတယ်။ ဒီမှာ ကုမ္ပဏီတွေအနေနှင့် အိမ်မြေဖျက်သိမ်းခဲ့ရတဲ့ ပုဂ္ဂလိကပိုင်ရှင်တွေကို ကျေနပ်အောင် လျော်ကျေးပေးပြီး ဖယ်ရှားပေးခိုင်းရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆောက်လုပ်ရေး ကုမ္ပဏီတွေက ဘယ်လောက် ပေးလျော်တယ်ဆိုတာမျိုးကတော့ မသိရပါဘူး။ နေရာစွန့်လွှတ်လိုက်ရသူ တော်တော်များများကတော့ မကျေနပ်ခဲ့ကြပါဘူး။ ဘာပဲ ဖြစ်နေဖြစ်နေ သူတို့ မြေတွေကိုတော့ လက်လွှတ်ခဲ့ကြရတာပါ။ ဒါမျိုးက နှစ်ပေါင်းများစွာတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်မျိုး မဟုတ်ပါဘူး။ မကြာခင်နှစ်တွေကဘဲ နယူးယောက်မြို့ကြီးရဲ့ အရှေ့မြောက်ဘက် သိပ်မဝေးလှတဲ့ Connecticut ပြည်နယ်မှာ လူတွေမျိုးဆက်အလိုက် ပိုင်ဆိုင်နေထိုင်လာခဲ့တဲ့ အိမ်တွေ အဆောက်အဦးတွေကို ဈေးအဆောက်အဦး အဖြစ်နှင့် အသုံးပြုရင်တော့ အများအတွက် အကျိုးရှိမယ်ဆိုပြီး လုပ်ခဲ့တာမျိုးရှိပါတယ်။ ဒါဟာ ပုဂ္ဂလိကပစ္စည်း ပိုင်ဆိုင်ခွင့်ကို အင်မတန် တန်ဖိုးထားတဲ့ အမေရိကန် လူ့အသိုင်းအဝိုင်းနှင့် သိပ်အင်ဝင်ခွင်ကျတော့ ဖြစ်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ မြန်မာပြည်မှာတော့ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့်ကို အကာအကွယ်ပေးတဲ့ ဥပဒေကလည်း သိပ်ပြီးအားပျော့ပါတယ်။ ဒါ့အပြင် ဆန္ဒသဘောထား လွတ်လပ်စွာ ထုတ်ဖော်ခွင့် စည်းရုံးစုဝေးခွင့် စသည့် ဥပဒေတွေကလည်း အင်မတန်မှာ ခနောခနဲ့ ဖြစ်နေပါတယ်။ ဒီလို ပျော့ညံ့အားနည်းတဲ့ ဥပဒေတွေ ပေါင်းစပ်မိတဲ့ နေရာမှာ တရုတ်ပြည်က ဝန်ပေါင်ကုမ္ပဏီအဖို့ မြန်မာဦးပိုင် ကုမ္ပဏီနှင့် ပူးပေါင်းပြီး အပေါ်စည်းက အခွင့်ကောင်းယူ ရင်းနှီးမြှပ်နှံဖို့ အလွယ်တကူ လမ်းပွင့်နေပါတယ်။ မြန်မာပြည်သူတွေအနေနှင့် သူတို့ဘက်က ပျော့ညံ့တဲ့ ဥပဒေတွေက အားမကိုးလောက်တဲ့အတွက် ဘာမှ ပြန်မလုပ်နိုင်ကြပါဘူး။ အခုလက်ရှိ အစိုးရက ဥပဒေတချို့ကို ပြန်ပြင်နေတယ် ဆိုပေမယ့် လူထုအဖို့ အားမကိုးလောက်ဘူးဆိုတာ လက်ပံတောင်းတောင်မှာ ကျနော်တို့ တွေ့လိုက်ရတာပါဘဲ။
ဦးကျော်ဇံသာ။ ။ ဂျွန်ဒေးလ် ပြောတဲ့အထဲ ကျနော်တစ်ခု ပြန်ပြီး နှိုင်းယှဉ်ကြည့်ချင်တာက အမေရိကန်မှာလည်း ဒီလို ဖြစ်ရပ်မျိုး ကြုံခဲ့ရတယ် ကြုံနေရတယ် ဆိုတော့ အမေရိကန်မှာ မီးရထားလမ်း ဖောက်တယ် ဆိုကြပါစို့ မီးရထားလမ်းဖောက်တဲ့ ကိစ္စ ပြောခဲ့တယ်။ မီးရထားလမ်းက တကယ်တော့ လူထုအကျိုးအတွက် လုပ်တာပဲ။ မီးရထာလမ်းကြီး ပေါ်ပေါက်လာရင် ဒီပြည်သူတွေ လမ်းပန်းဆက်သွယ်အား ပိုကောင်းမယ်။ သူတို့ဘဝဟာ ပိုမိုတိုးတက် စိုပြည်လာမယ်ဆိုပြီး လူထုအကျိုးဖော်ဆောင်နိုင်မယ်ဆိုတာ ပေါ်လွင်နေပါတယ်။ အခု မြန်မာပြည်က လက်ပံတောင်းတောင် ကိစ္စကြတော့ လူထုအကျိုးထက် တရုတ်အစိုးရအကျိုး တရုတ်ကုမ္ပဏီ မြန်မာနိုင်ငံစစ်တပ်က ပိုင်တဲ့ ဦးပိုင်ကုမ္ပဏီအတွက် အကျိုးအမြတ်က ပိုပြီးဖြစ်နေတယ် ဆိုတာကိုလည်းဘဲ မကျေနပ် ကန့်ကွက်တဲ့ သူက ထောက်ပြကြပါတယ်။ ဒီအချက်ကိုကော နှိုင်းယှဉ်လို့ မရဘူးလား။ အမေရိကန်မှာ ဒါမျိုးမဖြစ်ခဲ့ဘူ။ မြန်မာမှာ ဒီလို ဖြစ်တယ်ဆိုတာ။
Prof. John Dale ။ ။ ဟုတ်ပါတယ်။ ဒီအချက်က ကျနော်တို့ လေ့လာစမ်းစစ်ကြည့်ရမယ့် အချက်ဖြစ်တယ်လို့ ထင်ပါတယ်။ အခု စီမံကိန်းကို လုပ်ခဲ့တဲ့ပုံက ဒီသဘောကို ဆောင်နေတာလည်းတွေ့ရပါတယ်။ မြေဧက ၇၈၀၀ ပေါ်က လူတွေကို အတင်းအဓမ္မ မောင်းထုတ်ခဲ့တယ်လို့ ကျနော်တို့ ကြားရပါတယ်။လူအရေအတွက် ဘယ်ရွေ့ဘယ်မျှ ဆိုတာတော့ ကျနော် မသိပါဘူး။ ဒီလူတွေအတွက် ဘာလုပ်ပေးသလဲ ဆိုတာလည်း မသိရပါဘူး။ ဒီစီမံကိန်းက ရလာတဲ့ အမြတ်အစွန်းကလည်း ချမ်းသာကြွယ်ဝတဲ့ ဗိုလ်ချုပ်ဟောင်းတွေရဲ့ အိပ်ထောင်ထဲကိုဘဲ ရောက်ကောင်းရောက်လေသလားတော့ မသိပါဘူး။ နေရာ ဆုံးရှုံးပြီးဘဝပျက်ခဲ့ရတဲ့ ဒီမောင်းထုတ်ခံ ရွာသူရွာသားတွေ အတွက်ကော အကျိုးအမြတ်တချို့ ခွဲဝေသုံးစွဲဖို့ ဒီလက်ရှိအစိုးရအသစ် စီစဉ်လေမလား။ ကျနော်တော့ သိပ်မထင်ပါဘူး။ ဆိုတော့ ကျနော် ပြောချင်တာကတော့ မြန်မာပြည်မှာ နိုင်ငံရေး ဒီမိုကရေစီသာမက စီးပွားရေးဒီမိုကရေစီလည်း ထွန်းကားဖို့လိုနေတယ်ဆိုတဲ့ အချက်ပါ။ ကုမ္ပဏီကြီးတွေ အကျိုးစီးပွားအတွက် ရွာသူရွာသားတွေ ဘဝပျက်ရတဲ့ အဖြစ်မျိုးကို ဒါမှလည်း ကာကွယ်နိုင်မှာလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက ဒီတရုတ်နိုင်ငံက ရင်းနှီးမြှပ်နှံတယ် ဒီလို လုပ်ငန်းတွေမှာ ဆိုတာဟာ မြန်မာတစ်နိုင်ငံတည်းမှာတာ မဟုတ်ပါဘူး။ အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံတိုင်းမှာလိုလို တရုတ်က ဒီလိုရင်းနှီးမြှပ်နှံ နေတာပါ။ အဲဒီတော့ မြန်မာနိုင်ငံမှာမှ ဒီလို ပြင်းပြင်းထန်ထန် လူထုကကန့်ကွက် ဆန္ဒပြတာတွေနှင့် သွေးထွက်သံယို ဖြစ်ရတဲ့အထိ ဖြစ်ကုန်တယ်ဆိုတော့ ဒါဟာ မြန်မာပြည်သူတွေကများ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် ကျန်ကမ္ဘာ့နိုင်ငံတွေထက် ပိုပြီးတော့ ပြင်းထန် နေကြရသလား။ အဲဒါ တစ်ချက်လည်း ကျနော် စဉ်းစားမိပါတယ်။ ဘယ်လိုသဘောရပါသလဲ။
Prof. John Dale ။ ။ ဒါမျိုးက အာဖရိကမှာလည်း တွေ့ရပါတယ်။ သတ္ထုတွင်းကိစ္စတာ မကပါဘူး။ ကျန်တဲ့ ဒီရေအားလျှပ်စစ် စီမံကိန်း၊ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စသည့် လုပ်ငန်းတွေ အားလုံးမှာ လူထုကန့်ကွက်မှုတွေနှင့် ရင်ဆိုင်နေရပါတယ်။ အမေရိကမှာလည်း ဒီလို ကန့်ကွက်ကြတာပါဘဲ။ ချီလီ မှာလည်း တွေ့ရပါတယ်။ ဒီလို စီမံကိန်းတွေကို အကောင်အထည် မဖော်ခင်ကတည်းကစပြီး ဒီသဘာဝပတ်ဝန်းကျင် ဆုံးရံှုးပျက်စီးမှုတွေ မရှိရအောင် ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီတွေအတွက်လည်း တစုံတခု အတိုင်းအတာထိ အမြတ်အစွန်းရပြီး လူထုအတွက် အကျိုးဖြစ်ထွန်းအောင် ဘယ်လို ထိန်းချုပ် ကိုင်တွယ်ရမလဲဆိုတာက မြန်မာပြည်သူတွေအတွက်သာမကပါဘူး တစ်ကမ္ဘာလုံးက လူထုတွေလည်း ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ အခု ဒီမြန်မာနိုင်ငံက ကိစ္စမှာတော့ သတ္ထုတွင်း ကုမ္ပဏီတွေအတွက် အကျိုးအမြတ်ကို အထူးဦးစားပေးပြီး ထိခိုက်နစ်နာခံရတဲ့ လူအတွက်တော့ အကာအကွယ်ပေးမှုက အင်မတန်မှကို အားနည်းနေပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ကိစ္စတစ်ခုကတော့ တိုးတက်ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိပါးမှု လျော့နည်းရေးဆိုတဲ့ ကိစ္စနှစ်ခု ဖြစ်ပါတယ်။ နိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးဖို့အတွက် လူ့အဖွဲ့အစည်းတိုင်းမှာ လုပ်ကြရမှာဘဲ။ အဲလို လုပ်တဲ့အခါမှာ သဘာဝသံယံဇာတကို စတေးပြီးတော့ ဒါ ရင်းနှီးမြှပ်နှံမှုတွေ လက်ခံကြရတာတို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တည်ဆောက်ရတာတို့ကတော့ နိုင်ငံတိုင်းမှာ တွေ့ရမယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒီလို ပဋိပက္ခ ဖြစ်နေတဲ့ ကိစ္စနှစ်ရပ်ကို ဘယ်လို ထိန်းညှိသွားကြမလဲ။
Prof. John Dale ။ ။ ကျနော် ထင်ပါတယ်။ မနှစ်တုန်းက ဖြစ်မှာပါ။ ဒီတရုတ်နှင့် လုပ်နေတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို လူထုက ဆန့်ကျင်ကန့်ကွက် ကြလို့ ရပ်ဆိုင်းလိုက်ရတော့ လူတွေအားလုံး စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ကြပါတယ်။ ဆန္ဒပြကန့်ကွက်သူတွေတောင်မှပဲ နှစ်ပေါင်းများစွာနှိပ်ကွပ်တာဘဲ ခံခဲ့ရပြီး အောင်မြင်မှုရလာတော့ မယုံကြည်လောက်အောင်ဖြစ်ခဲ့ကြမယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် ဒီခု ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ အဓိပ္ပာယ်ရှိတယ်လို့ ထင်စရာလည်း ဖြစ်လာပါတယ်။ ဒါပေမယ့် အရင်တပတ်က မြင်တွေ့လိုက်ရတာကတော့ တခြားစီဖြစ်နေပါတယ်။ တကယ်တော့ ဒီလိုကိစ္စမျိုးတွေအတွက် ကန့်ကွက်မှုတွေ ပိုပြီးလိုအပ်ပါတယ်။ ဒေသခံ တွေရဲ့ လူစုလူဝေးလောက်နှင့်တင် မလုံလောက်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ဒီလို စီမံကိန်းတွေ လုပ်ငန်းတွေအတွက် ပစ်မှတ်ဖြစ်နေရတဲ့ လူ့အဖွဲ့အစည်းတွေအားလုံး ဖြစ်နိုင်ရင် နိုင်ငံစုံက ဒီလို လူမှုအဖွဲ့အစည်းတွေ ကျေးရွာလူထု၊ တိုင်းရင်းသားမျိုးနွယ်စုတွေ စုပေါင်းပြီးတော့ လုပ်ဆောင်သွားကြရမှာပါ။ တစ်ဖွဲ့ချင်း တစ်စုချင်းရဲ့ ခံပြင်းမှုတွေကို ပြသရုံတာမကဘဲနှင့် ဒီလို သူတို့ နေထိုင်ရာဒေသတွေမှာ စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်မယ်ဆိုရင် သူတို့ လူ့အဖွဲ့အစည်းအတွက် ပါဝင်တောင်းဆိုပိုင်ခွင့် ဈေးစစ်ပိုင်ခွင့် စတာတွေကို တရားဝင် ပြဌာန်းလာနိုင်အောင် လှုပ်ရှားကြရမှာဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးနည်းလမ်းတွေကိုလည်း တွေးဆစဉ်းစားသွားကြဖို့ ရှိနေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဒါကတော့ ဒါတကမ္ဘာလုံးအတိုင်းအတာနှင့် လုပ်ကြရမယ့်ကိစ္စပေါ့ခင်ဗျာ။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို ပြန်ကြည့်မယ်ဆိုရင် ဘာတွေ့ရပြန်သလဲဆိုတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ် အရပ်သားအစိုးရပါဆိုတဲ့ အစိုးရက ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံကို ကြည့်လိုက်ပါ။ ဒီတချိန်တုန်းက စစ်အစိုးရလက်ထက်တုန်းက လုပ်ခဲ့တဲ့ပုံစံနှင့် သိပ်ပြောင်းလဲလာပြီလု့ိ ဆိုနိုင်ပါသလား။ အရင်နှင့် သိပ်များကွာခြားလို့လား။ တကယ်တော့ သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် ထားရှိတဲ့ စေတနာကိုကော သံသယဝင်စရာ မကောင်းနေဘူးလား။
Prof. John Dale ။ ။ ခင်များ ပြောတာမှန်ပါတယ်။ အရင်နှင့်လည်း သိပ်ကွာတာတော့ မတွေ့ရပါဘူး။ အခု ဒီကိစ္စကို စုံစမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်ထားပြီး ကော်မရှင်တစ်ခု ဖွဲ့ပေးတယ်။ ရက်ပေါင်းသုံးဆယ် အချိန်ပေးတယ်လို့ သိရပါတယ်။ တချိန်တည်းမှာဘဲ ဒီဖြစ်ရပ်မှန်ကို တကယ်သိမြင်နိုင်အောင် ဆန္ဒပြသူတွေ ဖယ်ပေးရမယ်။ လုပ်ငန်းကို ဆက်ပြီးလည်ပတ်ထားရမယ်ဆိုတဲ့ သဘောမျိုး ပြောနေတာလည်း ကြားရပါတယ်။ ဒါကတော့ တကယ့်ကို ရယ်စရာကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီလို ကော်မရှင် ဖွဲ့စည်းပေးတဲ့ ရည်ရွယ်ချက်ကတော့ ကန့်ကွက်မှုတွေ ရှိနေသေးတော့ ဒါကို အရှင်ရပ်တန့်အောင် လုပ်တာလို့ဘဲ ကျနော်တော့ထင်ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆီကလည်း ဒီပြဿနာကို လုံးဝပြေလည်တဲ့အထိ အဖြေရဖို့ မျှော်လင့်နိုင်မယ်လို့ ကျနော်တော့ မထင်ပါဘူး။ သူက ပါလီမန်အမတ်တာ ဖြစ်တဲ့အတွက် နှစ်ဖက်ဆွေးနွေးကြဖို့ ညှိနှိုင်းပေးရုံသက်သက်လောက်ဘဲ တက်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဆိုတော့ လူထုအနေနှင့် ဒီကိစ္စကို လုံးဝအလျှော့ပေး မေ့မျော့လိုက်လို့ မရဘဲနှင့် သတိနှင့် စောင့်ကြည့်နေရမယ်။ အဆင်သင့် ဖြစ်နေဖို့လည်း လိုအပ်ပါလိမ့်မယ်။ ကျနော် ဒီစကားကို မပြောချင်ပါဘူး။ ဒါပေမယ့် လူတွေ ဒီလောက် ထိခိုက်နစ်နာခဲ့ရပြီးတဲ့နောက်မှာ ဒီကိစ္စကိုတော့ ပြန်ကိုင်ရပါလိမ့်မယ်။ ဒီရက်သုံးဆယ် စုံစမ်းစစ်ဆေးမှု အပြီးမှာပေါ့ ခင်ဗျာ။ တချိန်တည်းမှာဘဲ အခုလုပ်ရမယ့် စုံးစမ်းစစ်ဆေးမှုကိုဘဲ ပြီးမြှောက်အောင် ဆောင်ရွက်ခွင့်လည်း ပေးရပါလိမ့်မယ်။ ဒီစုံစမ်းမှုကပဲ လူထုအတွက် အကျိုးဖြစ်ထွန်းစေတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး မေးချင်တဲ့တစ်ခုကတော့ အကယ်လို့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလို စီမံကိန်းကြီးမျိုးကို တရုတ်ပြည်က မလုပ်ဘဲနှင့် အမေရိကန်ပြည်ထောင်စု ကုမ္ပဏီကသာ ကိုင်တွယ်လုပ်ကိုင်ခဲ့မယ်ဆိုရင်ကော ဇာတ်လမ်းဟာ တစ်မျိုးတစ်မည် ဖြစ်လာလိမ့်မယ်လို့ ထင်ပါသလား ခင်ဗျာ။ ပိုကောင်းလာမယ် ထင်ပါသလား။
Prof. John Dale ။ ။ Free Burma ဆိုတဲ့ ကျနော့် စာအုပ်ထဲမှာ ရေးခဲ့သလိုပါ။ ဒီလို လုပ်ငန်းမျိုးတွေကို အမေရိကန်ပြည်ထောင်စုကပဲလုပ်လုပ် တရုတ်ကပဲလုပ်လုပ် သိပ်ထူးခြားမယ်လိုတော့ မထင်ပါဘူး။ ဒီ လုပ်ငန်းမျိုးကို လုပ်တဲ့ ကုမ္ပဏီတွေက အင်မတန် အာသာငမ်းငမ်း ဖြစ်တက်ပါတယ်။ တဘက်ဘက် ကနေ အစိုးရကိုယ်တိုင်ပါပြီး စည်းမျဉ်းစည်းကမ်းတွေနှင့် ထိန်းကွပ်ပေးတာမျိုး မရှိဘူးဆိုရင်တော့ သိပ်မျှော်လင့်ချက် မရှိပါဘူး။ အခုတော့ အမေရိကန်ပြည်ထောင်စုက ကတိတွေပေးနေပါတယ်။ သူတို့ရဲ့ ကုမ္ပဏီတွေဝင်ပြီး လုပ်ကိုင်မယ်ဆိုရင်တော့ သူတို့ရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်သုံးသပ်နေမယ်။ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနှင့် ကိုက်အောင် ထိန်းကွပ်ကြီးကြပ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါတွေဟာ လက်တွေ့မှာတော့ အင်မတန် ခက်ခဲပါတယ်။ အထူးသဖြင့် ဒါမျိုးတွေကို နိုင်ငံပြင်ပကနေ လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခု လက်ပံတောင်းမှာလို ပြည်တွင်းက ကန့်ကွက်မှုတွေ ပေါ်ထွက်လာမှ ကျနော်တို့ အစိုးရက သက်ဆိုင်ရာ ကုမ္ပဏီကို ဒီဘက်မှာ စစ်ဆေးနိုင်မယ်။ ခိုင်လုံရင်တော့ ကုမ္ပဏီရဲ့ Corporate Charter ကို ရုတ်သိမ်းနိုင်ပါတယ်။ ဒါပေမယ့် သတ္ထုတွင်း ကုမ္ပဏီလို ကြီးမားတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့် ရုတ်သိမ်းခံရတယ်ဆိုတာကလည်း မရှိသလောက်ပါဘဲ။ ဘာကြောင့်လည်းဆိုတော့ အစိုးရအဖွဲ့အစည်းတွေ နိုင်ငံရေးသမားတွေကအစ ဒီလို ကုမ္ပဏီတွေက ထောက်ပံ့တဲ့ ငွေအများအပြားကို ရနေကြတာပါ။ ဒါကြောင့်လည်း အမေရိကန် ကုမ္ပဏီတွေ လုပ်လာရင်လည်း တရုတ်ကုမ္ပဏီတွေထက် ပိုကောင်းလာလိမ့်မယ်လို့တော့ ကျနော်ကတော့ မထင်ပါဘူး။ ကွဲလွဲတာ တစ်ခုတော့ ရှိပါတယ်။ တရုတ်က လာတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံပိုင်တွေပါ။ State Capitalism လို့ခေါ်တဲ့ အစိုးရလုပ်ငန်းရှင်စနစ်က လာကြတာပါ။ အမေရိကန်ကုမ္ပဏီတွေကတော့ ကွဲလွဲတဲ့ အရင်းရှင်စနစ်ပါ။ ကျနော်တို့က Neoliberal Market Capitalism လို့ခေါ်ပါတယ်။ ဒါကြောင့် လက်တွေ့လုပ်ဆောင်ရာမှာတော့ ကွဲလွဲနိုင်ပါတယ်။ ဒါပေမယ့် ခေါင်းပုံဖြတ်တာချင်းကတော့ အတူတူဘဲ ဖြစ်မှာပါ။
ဦးကျော်ဇံသာ။ ။ John Dale ဟာ Sociology လူမှုဗေဒပညာရှင်တစ်ဦးဖြစ်ပြီး George Mason တက္ကသိုလ် Conflict Analysis and Resolution ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် မနှစ်တုန်းက Free Burma: Transnational Legal Action and Corporate Accountability ဆိုတဲ့ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သူလည်း ဖြစ်ပါတယ်။