နိုဘဲလ်ဆုပေးပွဲတက်ဖို့ ရုရှားနဲ့ ဘဲလားရုစ်ဖိတ်ကြားချက် ပြန်ရုပ်သိမ်း

Your browser doesn’t support HTML5

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ကျင်းပမယ့် နိုဘဲလ်ဆုပေးပွဲတက်ဖို့ ရုရှားနဲ့ Belarus နိုင်ငံတွေက သံအမတ်တွေကို ဖိတ်ကြားထားတာကို ဖျက်သိမ်းလိုက်ကြောင်း နိုဘဲလ်ကော်မီတီက ဒီကနေ့ ပြောပါတယ်။ အဲဒီလို ဖိတ်ကြားတဲ့အပေါ် ကန့်ကွက်မှုတွေ ထွက်လာအပြီးမှာ သံအမတ် ၂ ဦးကို မဖိတ်တော့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။