မြောက်ကိုရီးယားကိုအရေးယူဖို့ တရုတ် ဖိအားပေးခံနေရ

မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်စဉ်။ (ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၂)။

မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်စဉ်။ (ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၂)။

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ တတိယအကြိမ် နျူကလီးယားစမ်းသပ်မှု ထပ်မံ ပြုလုပ်ခဲ့ရင် အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်မယ့်အရေးကို တရုတ်နိုင်ငံက ထောက်ခံမှုပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှုတွေကို တရုတ်အစိုးရ တွေ့ကြုံနေရပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလ အတွင်း မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ဒုံးပျံ ပစ်လွှတ်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း ပြုံရမ်း အစိုးရအနေနဲ့ နျူးကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတဲ့ကိစ္စအတွက် ချမှတ်ထားတဲ့ ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပိုမို တင်းတင်းမာမာ ပြုလုပ်ရေး တရုတ်က ထောက်ခံခဲ့ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်တွေထဲမှာ နျူကလီးယားလက်နက် ထုတ်လုပ်ရေး ကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်နေ သူတွေရဲ့ ခရီးသွားလာရေး တားဆီးမှုနဲ့ မြောက်ကိုရီးယား နိုင်ငံရဲ့ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ဆက်ဆံမှုတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက စောင့်ကြည့်မှု စတာတွေ ပါဝင်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နောက်တကြိမ် နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်ခဲ့မယ်ဆိုရင် တရုတ်နိုင်ငံက ဘယ်လို တုံ့ပြန်အရေးယူမှာပါလဲ။ ကုလသမဂ္ဂ အမြဲတမ်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်ဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယား နိုင်ငံအပေါ် အမြန်ဆုံး စီးပွားရေး ပိတ်ဆို့အရေးယူမှုနဲ့ ပိုင်ဆိုင်မှုတွေ၊ သိမ်းဆည်းမှုတွေ၊ ခရီးသွားလာရေး တားမြစ်မှုတွေကို လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။