မြောက်ကိုးရီးယား ဒုံးပျံ နိုင်ငံခြား မီဒီယာ ကြည့်ရှု့ခွင့်ရ

မြောက်ကိုးရီးယား အစောင့် စစ်သား တစ်ဦး အား တုန်ချမ်းရီး (Tongchang-ri) အာကာသ စခန်းရှိ အွန်ဟာ-သုံး (Unha-3 Rocket) ဒုံးပျံ အနီး တွေ့ရစဉ်

အမေရိကန်နဲ့ တောင်ကိုရီးယားက ကန့်ကွက်နေတဲ့ ကြားကဘဲ မြောက်ကိုရီးယား အာကာသရေးရာ တာဝန်ခံ တွေက ရော့ကတ် (Rocket) ဒုံးပျံ တင်လွှတ်ဖို့ ပြင်ဆင်နေတဲ့နေရာကို မနေ့က တနင်္ဂနွေနေ့က နိုင်ငံခြား သတင်းထောက် တွေကို ကြုံတောင့်ကြုံခဲ သတင်းယူခွင့်ပြု လိုက်ပါတယ်။ ဗွီအိုအေ (VOA) ကလက်ခံရရှိတဲ့ တောင်ကိုရီးယားထောက်လှမ်းရေး ဓါတ်ပုံတွေအရ၊ မြောက်ကိုရီးယားက တတိယအကြိမ်မြောက် နူးကလီးယား (Nuclear) လက်နက် စမ်းသပ်ဖို့ ပြင်ဆင်နေပုံရပါတယ်။

ပြုံယမ်းမြောက်ပိုင်းပြည်နယ် အနောက်ဖက်ကမ်းခြေရှိ တုန်ချမ်းရီး (Tongchang-ri) အာကာသစခန်းအသစ်မှာ အွန်ဟာ-သုံး (Unha-3 Rocket) ဒုံးပျံလွှတ်တင်မယ့် အဆင့် သုံးခုစလုံးကို ဒုံးပျံစင်မှာ အသင့် ပြင်ဆင်ထား တာတွေ့ရတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။ ထိန်းချုပ် ကွန်ပြူတာခန်းမမှာ အဖြူရောင် ယူနီဖေါင်း ဝတ်ထားတဲ့ ကျွမ်းကျင်သူပညာရှင်တွေ အလုပ် လုပ်နေကြတာတွေကိုလည်း သတင်းထောက်တွေ ကိုပြသခဲ့ ပါတယ်။ အဲဒီ ဒုံးပျံကို ဧပြီလ ၁၂ ရက်နဲ့ ၁၆ ရက်ကြားမှာ လွှတ်တင်မှာဖြစ်ပြီး မိုးလေဝသ ဂြိုလ်တု တလုံးသာ ပါဝင်မှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား က ပြောနေဆဲ ဖြစ်ပေမဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားကတော့ ပဲ့ထိန်းတပ် ဒုံးလက်နက် စမ်းသပ်တာဖြစ်တယ်လို့ပြောပါတယ်။

တုန်ချမ်းရီး (Tongchang-ri) အာကာသစခန်းရဲ့ အထွေထွေမန်နေဂျာ ဂျန်မြောင်ဂျင်း (Jang Myong Jin) က နိုင်ငံတကာ အာကာသ သဘောတူ စာချုပ်အရ ဘယ်နိုင်ငံမဆို အရပ်သုံးအတွက် အာကာသနည်းပညာကို တီထွင် ထုတ်လုပ်ခွင့် ရှိတယ်လို့ သတင်းထောက် တွေကို ပြောဆိုလိုက်ပါတယ်။