ပနားမား ရေပိုင်နက်ထဲမှာ သိမ်းယူထားတဲ့ မြောက်ကိုရီးယား သင်္ဘောတစီးကို ပြန်လွှတ်ပေးဖို့ မြောက်ကိုရီးယားက ပနားမားနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ အခုသိမ်းယူထားတဲ့ သင်္ဘောမှာပါတဲ့ ကျူးဘားနိုင်ငံကို တင်ပို့မယ့် လက်နက်တွေဟာ တရားဝင် အပေးအယူ တစိတ်တပိုင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဒီသင်္ဘောဟာ ကျူးဘားက လက်နက်ဟောင်းတွေကို မြောက်ကိုရီးယားက ပြင်ပေးဖို့ သဘောတူညီမှုရယူပြီး သယ်ဆောင်လာတဲ့ သုံးလို့မရတဲ့ လက်နက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Chong Chon Gang လို့အမည်ရတဲ့ ဒီသင်္ဘောနဲ့အတူ သင်္ဘောမှာလိုက်ပါလာတဲ့ ဝန်ထမ်းတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
ဒီ့မတိုင်ခင် နာရီပိုင်းကတော့ မြောက်ကိုရီးယားသင်္ဘောဟာ ကုလသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုကို ချိုးဖောက်ပြီး လက်နက်တွေ မှောင်ခိုသယ်ယူနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဖြစ်နေတာကြောင့် ပနားမားအစိုးရက သူတို့သိမ်းယူထားတဲ့ သင်္ဘောကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ် ရမယ်ဆိုတာကို ကုလသမဂ္ဂကို အကူအညီတောင်းထားတဲ့အကြောင်း ပနားမား လုံခြုံရေးဆိုင်ရာဝန်ကြီး Jose Raul Mulino က ပြောဆိုပြီး၊ ဒီသင်္ဘောကို ကုလသမဂ္ဂအနေနဲ့ ထိန်းသိမ်းထားဖို့အတွက် ပနားမားကနေ လွှဲပြောင်းဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။