ဒဏ်ခတ်မှုကို မြောက်ကိုးရီးယားအာခံကြောင်း ကုလတွေ့ရှိ

မြောက်ကိုရီးယားခေါင်ဆောင် Kim Jong Un နြူးကလီးယား အစီအစဉ်တွေနဲ့ပတ်သက်လို့ ညွှန်ကြားနေစဉ် (စက်တင်ဘာ၊ ၀၃၊ ၂၀၁၇)

မြောက်ကိုရီးယားဟာ သူတို့လက်နက်တွေ စစ်ရေးအရ တိုက်ခိုက်ဖျက်စီး မခံရစေဖို့ လုပ်ဆောင်နေတယ်လို့ လုံခြုံရေးကောင်စီကို သောကြာနေ့က တင်သွင်းတဲ့ ကုလသမဂ္ဂအစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။

သမ္မတဒေါ်နယ်ထရမ့်က သူနဲ့ မြောက်ကိုရီးယားဆက်ဆံရေးဟာ အံ့မခန်း အောင်မြင်တယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပြီးတဲ့နောက် အခုအစီရင်ခံစာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က ရဲရင့်တဲ့ သံတမန် ဆက်ဆံရေး တစိတ်တဒေသအဖြစ် ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်အားထုတ်မှုကို ဆက်လုပ်မယ်လို့ပဲ သူ့ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။ ဆက်လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်ဆိုပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ကျရင် ဗီယက်နမ်မှာ တွေ့ဆုံမယ်လို့လည်း ပြောသွားတာပါ။

ဒီကိစ္စကို တောင်ကိုရီးယားသမ္မတက ကြိုဆိုပြီး ဗီယက်နမ်နိုင်ငံဟာ အသင့်တော်ဆုံးပဲလို့ ဆိုပါတယ်။ ကုလ သမဂ္ဂရဲ့ ကန့်သတ်အစီရင်ခံစာဟာ တနင်္လာနေ့တုန်းက ရိုက်တာသတင်းဌာနကို ဦးစွာရောက်ရှိခဲ့ပြီး မြောက် ကိုရီးယားဟာ အရပ်ဖက်အဆောက်အဦးတွေ၊ လေဆိပ်လိုနေရာတွေကို အသုံးပြုပြီးတော့ တိုက်ချင်းပစ် ဒုံးကျည်တွေ သိုလှောင်ထားတာ၊ ကြားဖြတ်မဟန့်တားနိုင်အောင်စမ်းသပ်ဖို့ လုပ်နေတာတွေ ရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ လုံခြုံရေးကောင်စီပြဌာန်းချက်ကို အာခံပြီး ဗီယက်နမ်နဲ့ ကျောက်မီးသွေးတွေကို တရားမဝင် သယ်ယူပို့ဆောင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ဒဏ်ခတ်မှုကို မြောက်ကိုးရီးယားအာခံကြောင်း ကုလတွေ့ရှိ