အိုဘားမား အာရှခရီးစတင်

အိုဘားမား အာရှခရီးစတင်

အိုဘားမား အာရှခရီးစတင်

အမေရိကန်သမ္မတ ဘရက် အိုဘားမားဟာ အာရှဒေသ ဆယ်ရက်ကြာခရီးစဉ်ကို သောကြာနေ့က စတင် ထွက်ခွာသွားပါပြီ။ အာရှဒေသတွင်းက ထွန်းတောက်လာနေတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေနဲ့ စီးပွားရေးအရ ဆက်ဆံမှုတိုးတက်စေဖို့ အဓိက ရည်ရွယ်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

မစ္စတာအိုဘားမားရဲ့ ပထမခရီးတထောက်က အိန္ဒိယနိုင်ငံဖြစ်ပြီး အဲဒီမှာ လေးရက်ကြာပါမယ်။ အိန္ဒိယမှာရှိတဲ့အချိန် ဘဏ္ဍာ ငွေကြေး ဈေးကွက် အဓိကမြို့ဖြစ်တဲ့ မွမ်ဘိုင်းမြို့နဲ့ နယူးဒေလီမြို့တော်တွေဆီကို သွားရောက်မှာဖြစ်ပြီး သူနဲ့အတူ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အများအပြားလည်း အတူ လိုက်ပါသွားပါတယ်။ အာရှဒေသဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံးနှုန်းနဲ့ တိုးတက်နေတဲ့ ဈေးကွက်တွေထဲက တခုဖြစ်တယ်လို့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အိန္ဒိယမှာ သူနေထိုင်မယ့်ကာလဟာ သမ္မတဖြစ်လာပြီးကတည်းကဆိုရင် ပြည်ပတိုင်းပြည်တခုမှာ အကြာဆုံးနေထိုင်တဲ့ကာလ ဖြစ်ပါလိမ့်မယ်။

သူဟာ အိန္ဒိယနိုင်ငံကနေ သူ ကလေးဘဝတုန်းက နေထိုင်ခဲ့ဖူးတဲ့ အင်ဒိုနီးရှားနိုင်ငံဆီ ခရီးဆက်မှာဖြစ်ပြီး အဲဒီနောက်မှာတော့ ကမ္ဘာ့ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ ၂၀ ရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ဆီ ခရီးဆက်မှာ ဖြစ်ပါတယ်။ ဆိုးလ်ကနေတဆင့် သမ္မတအိုဘားမားဟာ ဂျပန်နိုင်ငံဆီ ခရီးဆက်ပြီးမှ အမေရိကန်ပြည်ထောင်စုကို ပြန်လာမှာဖြစ်ပါတယ်။