ရုရှားလေယာဉ် ဗုံးခွဲခံရတာ သေချာသလောက်

အီဂျစ်နိုင်ငံ Sinai ကျွန်းဆွယ်ပေါ်မှာ ပြီးခဲ့တဲ့တပတ်က ပျက်ကျခဲ့တဲ့ ရုရှားခရီးသည်တင်လေယာဉ်။

လေယာဉ်ပေါ် လိုက်ပါလာသူ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၂၄ ဦးစလုံး သေဆုံးခဲ့ရတဲ့ အီဂျစ်နိုင်ငံ Sinai ကျွန်းဆွယ်ပေါ်မှာ ပြီးခဲ့တဲ့တပတ်က ပျက်ကျခဲ့တဲ့ ရုရှားခရီးသည်တင်လေယာဉ်ဟာ ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်နိုင်တယ်လို့ သူ ထင်တဲ့ အကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ပြောဆိုလိုက်ပါတယ်။

ကျနော်တို့ အတိအကျ တစုံတရာ ထုတ်ဖော်မပြောခင်မှာ - ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးသူတွေနဲ့ ထောက်လှမ်းရေးအသိုင်းအဝိုင်းကနေ ဘာဖြစ်ခဲ့တယ် ဆိုတာကို အချိန်အများကြီးပေးပြီး စုံစမ်းနေပါတယ်လို့လည်း ကြာသပတေးနေ့က ကိုင်ရိုရေဒီယိုကို သမ္မတ အိုဘားမားက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်မှာ ဗုံးပါသွားတာ သေချာပေါက် ဖြစ်နိုင်ခြေ များတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

အီဂျစ်နိုင်ငံ Sinai ကျွန်းဆွယ်ပေါ်မှာ ပြီးခဲ့တဲ့တပတ်က ပျက်ကျခဲ့တဲ့ ရုရှားခရီးသည်တင်လေယာဉ်ဟာ ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်နိုင်ခြေပိုများတယ်လို့ ယုံကြည်တဲ့အကြောင်း ဗြိတိသျှ ဝန်ကြီးချုပ် David Cameronက ပြောဆိုလိုက်ပေမဲ့ အီဂျစ်နဲ့ ရုရှားတာဝန်ရှိသူတွေကတော့ ထင်ကြေးပေး ပြောဆိုမှုအဖြစ်နဲ့ ပယ်ချခဲ့ကြပါတယ်။

လေယာဉ်ပေါ် လိုက်ပါလာသူ ၂၂၄ ဦးစလုံး သေဆုံးခဲ့ရတဲ့ ဒီလေယာဉ်ပျက်ကျမှု အကြောင်းရင်းကို ကျွမ်းကျင်သူတွေက အတိအကျ မသိသေးဘူးလို့လည်း အီဂျစ်သမ္မတ Abdel Fattah el-Sisi နဲ့ လန်ဒန်မြို့တော်မှာ မနေ့ ကြာသပတေးနေ့က မတွေ့ဆုံခင် ဝန်ကြီးချုပ် Cameron က ပြောဆိုခဲ့တာပါ။

အီဂျစ်နဲ့ ရုရှား တာဝန်ရှိသူတွေကတော့ လေယာဉ်ပေါ်မှာ ဗုံးပါသွားတယ် လို့ ကောက်ချက်ချနိုင်မယ့် အထောက်အထား မရှိသေးဘူးလို့ ပြောဆိုခဲ့ကြပါတယ်။