အဖြစ်မှန်တွေကို လက်မခံပဲငြင်းဆန်နေမယ်ဆိုရင်တော့ ကမ္ဘာတဝှမ်းမှာ ဒီမိုကရေစီချုပ်ငြိမ်းလိမ့်မယ်လို့ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားက သတိပေးပြောဆိုလိုက်ပါတယ်။
အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးရဲ့သင်္ကေတ ပုဂ္ဂိုလ်ဖြစ်တဲ့ နလ်ဆင်မင်ဒဲလားရဲ့နှစ်တရာပြည့်အမှတ်တရအခမ်းအနား တောင်အာဖရီကနိုင်ငံ ဂျိုဟန်နားဘ့ာခ်မြို့မှာ မနေ့ကကျင်းပခဲ့ပြီး အဲဒီမှာ သမ္မတအိုဘားမားပြောခဲ့တာပါ။
မနေ့ကတောင်အာဖရိကက အခမ်းအနားဟာ အိမ်ဖြူတော် မှာ ၈ နှစ်သမ္မတ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း သမ္မတဟောင်း ဘားရက်အိုဘားမားရဲ့အထင်ရှားဆုံးလူထုနဲ့တွေ့ ဆုံဟောပြောမှုလည်းဖြစ်ပါတယ်။ အဖြစ်မှန်တွေကိုငြင်းပယ်နေတဲ့ကိစ္စက ဒီမိုကရေစီကိုဆန့်ကျင်ရာရောက်တယ်။
ဒီလို မဖြစ်ရအောင် လွတ်လပ်တဲ့သတင်းမီဒီယာတွေကို အကာအကွယ်ပေးဖို့လိုအပ်တယ်လို့လည်း သမ္မတအိုဘားမားကပြော ပါတယ်။ ကွယ်လွန်သူ နလ်ဆင်မင်ဒဲလားရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုနဲ့ မျှော်လင့်ချက်ကို ဒီမိုကရေစီလိုလားသူတွေက စံန မူနာယူကြဖို့၊ လူငယ်တွေကို အတင်းလိုက်နာယုံကြည်အောင် မလုပ်ကြပဲ ဝေဖန်သုံးသတ်အကဲဖြစ်တတ်တဲ့ပညာရပ်တွေ သင်ကြားပေးဖို့လည်း အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက တောင်အာဖရိကမှာပြောခဲ့တဲ့မနေ့ကမိန့်ခွန်း ထဲမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5