သမ္မတ အိုဘားမား Costa Rica ရောက်

သမ္မတ Barack Obama နဲ့ ကော်စတာရီကာ Laura Chinchilla

အလယ်အမေရိကနိုင်ငံတွေရဲ့ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစည်းအဝေး မတိုင်ခင် အမေရိကန် နဲ့ ကော်စတာရီကာနိုင်ငံကြားမှာ ၂ နိုင်ငံ ဆွေးနွေးမှုတွေလုပ်ဖို့ သမ္မတအိုဘားမားဟာ ကော်စတာ ရီကာနိုင်ငံ ကို သောကြာနေ့မှာ သွားရောက်ခဲ့ပြီး ကော်စတာရီကာ သမ္မတ လော်ရာ ချင်ချီလာ (Laura Chinchilla) နဲ့ တွေ့ဆုံခဲ့ပါတယ်။

စနေနေ့မှာ ကျင်းပမယ့် အလယ်အမေရိကနိုင်ငံတွေရဲ့ အစည်းအဝေးမှာတော့ ကုန်သွယ်ရေးနဲ့ ဒေသတွင်းမှာရှိတဲ့ အကြမ်းဖက် မူးယစ်ဂိုဏ်းတွေကို နှိမ်နှင်း သွားဖို့ ကိစ္စတွေကို အဓိကထားဆွေးနွေးသွားမယ်လို့ ခန့်မှန်းရပါတယ်။ မြောက် အမေရိကတိုက်ကို တင်ပို့နေတဲ့ မူးယစ်ဆေးဝါးတွေကို အဲဒီဒေသတွင်းမှာရှိတဲ့ မူးယစ်ဂိုက်တွေက တဆင့်တင်ပို့နေတာဖြစ်ပါတယ်။

သမ္မတအိုဘားမားဟာ မက္ကဆီကိုနိုင်ငံမှာ သမ္မတ အန်နရီကေ ပီနား နီးယက်တိုး (Enrique Piena Nieto) နဲ့ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေကို လုပ်ခဲ့ပြီးတဲ့နောက် ကော်စတာရီကာနိုင်ငံရဲ့ မြို့တော် ဆန်ဟိုဇေး (San Jose) ကို သောကြာနေ့ နေ့လည်မှာ ရောက်လာခဲ့တာဖြစ်ပါတယ်။

သောကြာနေ့ မနက်ကတော့ သမ္မတအိုဘားမားဟာ မက္ကဆီကိုစီးတီးမြို့တော်မှာ ရှိတဲ့ ပြတိုက်တခုမှာ လူငယ်တွေနဲ့ တွေ့ဆုံပြီးတော့ မိန့်ခွန်းပြောကြားခဲ့ပါတယ်ခင်ဗျာ။