မြန်မာ့တယ်လီဖုန်း ဆက်သွယ်ရေးနှင့် Ooredoo ကုမ္ပဏီ

Ooredoo ကုမ္ပဏီ ကြော်ညာ

မြန်မာနိုင်ငံမှာ နိုင်ငံခြားက ဆက်သွယ်ရေးကုမ္ပဏီ ၂ ခုကို လာရောက် လုပ်ကိုင်ခွင့်ပြုခဲ့ပြီးတဲ့နောက်ပိုင်း ဆက်သွယ်ရေးလုပ်ငန်းတွေကို ပထမဆုံး စတင် လုပ်ကိုင်တဲ့ Ooredoo ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို မြန်မာလူထုနဲ့ မိတ်ဆက်ပေးခဲ့တာ အခုဆိုရင် ၃ လ ကျော်သွားခဲ့ပါပြီ။ Ooredoo ကုမ္ပဏီအနေနဲ့ လူထုနဲ့ စတင်မိတ်မဆက်ခင် ပေးထားခဲ့တဲ့ ကတိတွေအတိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို အမှန်တကယ် ဆောင်ရွက်ပေးနိုင်ပါပြီလား၊ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာတွေကို Ooredoo ကုမ္ပဏီရဲ့ လူထု ဆက်ဆံရေးမန်နေဂျာ ဒေါ်သီရိကြညိုကို ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က မေးမြန်းပြီး အခုတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ပြပေးထားပါတယ်။