ဓာတုနိုဘယ်ဆု ဂျာမနီနဲ့အမေရိကန်ပညာရှင်နှစ်ဦးရရှိ

2021 Nobel Prize in Chemistry

{Zawgyi/Unicode}

ဓာတုဗေဒနိုဘယ်ဆုကို ဂျာမနီနဲ့ အမေရိကန်ကပညာရှင်တွေ ဆွတ်ခူးသွားကြပါတယ်။ဂျာမနီနိုင်ငံ Max-Planck-Institute က ပညာရှင် Benjamin List နဲ့ အမေရိကန် နိုင်ငံ ပရင်စတန်တက္ကသိုလ်က David W.C. MacMillan တို့က ပူးတွဲရရှိသွားကြတာပါ။ ဆုငွေ ဒေါ်လာ ၁.၁ သန်း ကို ခွဲဝေရရှိကြမှာဖြစ်ပါတယ်။

Organocatalysis လို့ခေါ်တဲ့ ဓာတုဗေဒ ပညာရပ်ဖြစ်ပေါ်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြတာကြောင့် ခုလို ဆုချီးမြှင့်တာ ဖြစ်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ဆိုပါတယ်။

ဒီ ပညာရပ်ဟာ မော်လီကျူးတွေကို တည်ဆောက်ရာမှာ လွယ်ကူအောင် အထောက်အကူပြုတဲ့ပညာပါ။ပညာရှင် ၂ ယောက်ဟာ ဓာတု ဓာတ်ပြုမှုတွေကို ထိန်းချုပ် ဒါမှမဟုတ် မြန်ဆန်အောင် လုပ်ဆောင်ပေးတဲ့ catalysts လို့ ခေါ်တဲ့ပစ္စည်းနဲ့ တတိယအမျိုးအစား ဓာတ်ပြုမှုကို တွေ့ရှိခဲ့တာပါ။သူတို့ရဲ့တွေ့ရှိမှုကို asymmetric organocatalysisလို့ ခေါ်ပြီး သုတေသန နယ်ပယ်အသစ်ကို ဖွင့်ပေးနိုင်ခဲ့ပါတယ်။ နိုဘယ် ဆုရပညာရှင် ၂ ယောက်ဟာ ဒီ နယ်ပယ်ရဲ့ ဦးဆောင်ပညာရှင်တွေဖြစ်ကြပြီး သူတို့ကျေးဇူးကြောင့် ဒီ ပညာရပ်ဟာ ၂၀၀၀ ခုနှစ်ကစပြီး တဟုန်ထိုး တိုးတက်လာခဲ့ရတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဓာတုနိုဘယ်ဆု ဂျာမနီနဲ့အမေရိကန်ပညာရှင်နှစ်ဦးရရှိ


=======

{Unicode}





#NobelChemistry #Science #Organocatalysis #VOABurmese