အမေရိကန်ဦးဆောင် စစ်ရေးလေ့ကျင့်မှု အနီးက တရုတ်သူလျှိုသင်္ဘော

အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်နားမှာရှိတဲ့ နိုင်ငံတကာ ရေပိုင်နက် ထဲမှာ တရုတ်သူလျှို သင်္ဘော တစင်း ရောက်ရှိနေတာကို အနီးကပ်စောင့်ကြည့် နေကြောင်း အမေရိကန်ရေတပ်က ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုက ဦးဆောင်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံက ပါဝင်တဲ့ ကမ္ဘာ့အကြီးဆုံး ရေတပ်စစ်ရေးိပြ လေ့ကျင့်မှုကို ဟိုင်ဝါအီကျွန်းနားမှာ ပြုလုပ်နေတာပါ။

တရုတ် သူလျှိုသင်္ဘောဟာ နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုကို ထောက်လှမ်းနေ ကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိတဦးက ဗွီအိုအေကို သောကြာနေ့က ပြောပါတယ်။

အဲဒီတရုတ်သင်္ဘောအနေနဲ့ အမေရိကန် ရေပြင်ပိုင်နက်အပြင်ဘက်မှာ ဆက်ပြီး ရှိနေဖို့နဲ့ အခုလေ့ကျင့်နေတဲ့ ပစိဖိတ်ရပ်ဝန်း ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို နှောင့်ယှက်မယ့်အပြုအမူ မဆောင်ရွက်ဖို့ မျှော်လင့် ကြောင်း အမေရိကန်ရေတပ် ရဲ့ ပစိဖိတ်ဌာနခွဲ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ အဲဒီသဘောၤဟာ ဗုဒ္ဓဟူးနေ့က ဟိုင်ဝါအီ ရေပိုင်နက်ထဲကို ဆိုက်ရောက်လာခဲ့ပြီး အမေရိကန် အထူးစီးပွားရေးဇုံ ပိုင်နက်အတွင်း လုပ်ဆောင် နေကြောင်း ရေတပ်အရာရှိကပြောပါတယ်။

အမေရိကန်ရေတပ်အနေနဲ့ အရေးကြီးတဲ့ သတင်း အချက်အလက်တွေကို ကာကွယ်ဖို့အတွက်လည်း လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေကို ဆောင်ရွက် ထားပြီး ဖြစ်ကြောင်း သူကဆိုပါတယ်။ မေလက RIMPAC လို့ခေါ်တဲ့ ပစိဖိတ် ရပ်ဝန်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်နိုင်ငံကို ဖိတ်ခေါ်ခြင်း မပြုခဲ့ပါဘူး။

Your browser doesn’t support HTML5

အမေရိကန်ဦးဆောင် စစ်ရေးလေ့ကျင့်မှု အနီးက တရုတ်သူလျှိုသင်္ဘော